ပရိသတ်ကြီးရေ…။ ခြေဆီစော်နံနေတယ်ဆိုရင် ကိုယ်ကိုယ်တိုင်လည်း စိတ်မလုံမခြုံဖြစ်ရသလို အခြားသူတွေအတွက်လည်း စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်နော်။
ရှူးဖိနပ်စီးတဲ့အခါ ခြေဆီစော်ကြီးနံ့လို့ စိတ်ပျက်နေရပြီလား??? ပြီးခဲ့တဲ့မိုးတွင်းတုန်းကလည်း မိုးရေစိုတာနဲ့ ခြေဆီနံ့ထွက်ပြီး အခုလည်း ခြေဆီအထွက်ကြမ်းတဲ့ ဆောင်းရာသီကို တဖြည်းဖြည်း ရောက်ရှိလာပြီနော်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ လူကြားထဲမှာ ခြေဆီနံ့မနံအောင် ဆောင်ရွက်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်နော်။
၁။ ခြေထောက်ဆေးပုံဆေးနည်း။
ရေချိုးရင် ခြေထောက်ကို ဆပ်ပြာသေချာတိုက်ရုံလောက်နဲ့ ဘက်တီးရီးယားပိုးမွှားတွေကို မကာကွယ်နိုင်ပါဘူး။ ခြေထောက်မှာရှိတဲ့ ဆဲလ်အသေတွေက ခြေထောက်ကို အနံ့ဆိုးထွက်ပေါ်စေတာကြောင့် ရေချိုးတဲ့အခါ၊ ခြေထောက်ဆေးတဲ့အခါမှာ ခြေဖဝါးကို အဝတ်လျှော် Brush လိုမျိုးအရာကိုသုံးပြီး ပွတ်တိုက် သန့်ရှင်းပေးသင့်ပါတယ်။ အရေးကြီးဆုံးက ခြေချောင်းကြားလေးတွေထဲကိုပါ ဒီ Brush နဲ့ ပွတ်တိုက်ပေးဖို့ မမေ့ပါနဲ့နော်။
၂။ ခြေဖဝါးကို ခြောက်သွေ့အောင်ထားပါ။
ခြေဖဝါးတွေစိုစွတ်နေတာကလည်း ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားစေပြီး အနံ့ဆိုးဖြစ်စေပါတယ်။ အဲ့ဒါကြောင့် သင့်ခြေထောက်ကိုဆေးပြီးတဲ့အခါတိုင်း ဒါမှမဟုတ် ရေစိုပြီးတဲ့အခါတိုင်း ခြောက်သွေ့အောင် ပြန်လည်ပြုလုပ်ပါ။ ခြေဖဝါးစိုစွတ်နေတာက အနံ့ဆိုးအပြင် အရေပြားနဲ့ပတ်သက်တဲ့ အခြားသောရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။
၃။ ခြေအိတ်များကိုလဲလှယ်အသုံးပြုပါ။
တစ်နေကုန်ခြေအိတ်ဝတ်ပြီးနေရတာကလည်း ခြေဆီစော်နံတာရဲ့ အဓိကအကြောင်းရင်းပါ။ ဘာဖြစ်လို့လဲဆိုတော့ ခြေဖဝါးအတွက် လုံလောက်တဲ့ လေဝင်လေထွက်မရှိလို့ပါတဲ့။ တစ်နေ့တည်းမှာပဲ ခြေအိတ်ကို ခဏခဏလဲဝတ်နေဖို့ကလည်း ဘယ်အဆင်ပြေပါ့မလဲ။ ဒါပေမယ့် ခြေအိတ်ကိုတစ်ရက်တစ်ထည်လဲလှယ်သင့်ပြီး ဝတ်ပြီးသားခြေအိတ်တွေကိုလည်း နောက်တစ်ခေါက်ပြန်မဝတ်ခင် မှန်မှန်လေးလျှော်ဖွပ်ပေးပါနော်။
၄။ လယ်သာဖိနပ်များကို ဝတ်ဆင်ပါ။
ရှူးပဲဖြစ်ဖြစ်၊ အခြားဘယ်ဖိနပ်ပဲဖြစ်ဖြစ် ဝယ်တော့မယ်ဆိုရင် လယ်သာဖိနပ် (သားရေဖိနပ်) ကို ဦးစားပေးရွေးချယ်ဝယ်ယူပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလယ်သာဖိနပ်တွေက သင့်ခြေဖဝါးအတွက် လုံလောက်တဲ့ လေဝင်လေထွက်ကို ရရှိစေလို့ပါတဲ့။
၅။ အိမ်မှာနေရင် ခြေဗလာနဲ့နေပါ။
အချို့တွေက အိမ်ထဲမှာတောင် အိမ်နေရင်း စီးလို့ရတဲ့ ဖိနပ်လေးတွေ သပ်သပ်ဝယ်ပြီး စီးထားလေ့ရှိပါတယ်။ တကယ်လို့ သင်ကခြေဆီစော်နံတတ်တဲ့သူဆိုရင်တော့ ဒီလိုမျိုးတွေမလုပ်သင့်ပါဘူးနော်။
၆။ ခြေထောက်ကို ဆားရည်စိမ်ပါ။
သင့်ခြေထောက်က ခြေဆီစော်တွေ တားမရဆီးမရနံနေတယ်ဆိုရင် ဆားကို ရေခပ်နွေးနွေးထဲထည့်ဖျော်ပြီး မိနစ် (၃၀) ကြာအောင် စိမ်ထားပေးပါ။ ဒီလိုမျိုးလုပ်တာက ခြေဆီစော်နံတာကို ကင်းဝေးစေသလို ခြေထောက်နာကျင်တာတွေကိုလည်း ပျောက်ကင်းစေပါတယ်။
၇။ ဖိနပ်ကို သန့်ရှင်းအောင်ထားပါ။
ဖိနပ်မသန့်ရှင်းတာကလည်း ခြေဆီစော်နံစေတဲ့အကြောင်းရင်းတွေထဲကတစ်ခုပါ။ အဲ့ဒါကြောင့် သင်စီးနေတဲ့ဖိနပ်ကို ပုံမှန်လျှော်ပေးသင့်ပါတယ်နော်။
ပရိသတ်ကြီးရေ…။ ခြေဆီစော်နံနေတယ်ဆိုရင် ကိုယ်ကိုယ်တိုင်လည်း စိတ်မလုံမခြုံဖြစ်ရသလို အခြားသူတွေအတွက်လည်း စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်နော်။ အဲ့ဒါကြောင့် အခုမျှဝေပေးခဲ့တဲ့ နည်းလမ်းတွေကို အသုံးချပြီး ပျော်စရာကောင်းတဲ့နေ့ရက်တွေကို ဖြတ်သန်းနိုင်ကြပါစေ။
#HM
#LifestyleMyanmar
Source: magforwomen