
အရပ်ပုတဲ့ကောင်မလေး တချိူ့က ကိုယ့်ကိုယ်ကိုယ်ပုလို့ ဆိုပြီး ယုံကြည်ချက်မရှိ၊ စိတ်အားငယ်နေမှာပါ။ ပိန်ပိန်ရှည်ရှည်မှ လှတဲ့ခေတ်လို့ပြောကြပေမယ့် အရပ်ပုတာလေးက တစ်မျိူးချစ်စရာကောင်းပါတယ်နော် အထူးသဖြင့် ယောင်္ကျားလေးတွေရဲ့ အမြင်မှာပေါ့။ ဘာလုပ်လုပ် ချစ်စရာကောင်းနေသလို ပုလို့နုတယ်ဆိုတဲ့ စကားလည်းရှိတာမို့ ကိုယ့်အရပ်နဲ့ ပတ်သတ်ပြီး စိတ်ညစ်မနေပါနဲ့။ အရပ်ပုတဲ့ကောင်မလေးတွေကို သဘောမကျပဲမနေနိုင်တဲ့ ကောင်လေးတွေရဲ့ အမြင်က ဘာတွေဖြစ်မလဲဆိုတော့
အရပ်ပိုရှည်စေတယ်
အရည်ရှည်တဲ့ကောင်လေးတွေအတွက် ဒီကိစ္စက ဘာမှမဟုတ်လောက်ပေမယ့် သာမာန်အရပ်ရှိတဲ့ကောင်လေးတွေအတွက် ဒီကိစ္စက သိပ်ကိုအရေးကြီးပါတယ်တဲ့။ အရပ်ပုပုကောင်မလေးနဲ့ဆိုရင် အရပ်ပိုရှည်ပြီး လူကောင်ပိုကြီးနေတာကို သဘောကျသလို အားကိုးချင်စရာဖြစ်လို့ပါတဲ့နော်။
အူယားစရာကောင်းတယ်
လက်မောင်းတွေကြားမှာ သေးသေးကွေးကွေးကောင်မလေးတစ်ယောက်ကို မြင်ရတာ သူတို့အတွက် သိပ်ကို ပြီးပြည့်စုံတဲ့ အခိုက်အတန့်တစ်ခုကို ပိုင်ဆိုင်ထားရတယ်လို့ ဆိုပါတယ်။ ဖက်လိုက်တိုင်း ရင်ခွင်ထဲ မှာရှိနေတဲ့ကောင်မလေးကို ဘယ်သူက ငြင်းဆန်နိုင်မှာလဲနော်။
သန်မာတယ်လို့ ခံစားရတယ်
ဘာကိုဆိုလိုတာလဲ သဘောပေါက်ကြရဲ့လား။ ယူက ပုပုသေးသေးလေးဆိုတော့ ဘတ်စ်ကားတန်းမမှီတာ၊ အမြင့်က ပစ္စည်းတစ်ခုခုယူတာကအစ သူ့ကိုပဲ အကူအညီတောင်း၊ အားကိုးရလို့ပါ။ အရပ် အများကြီး ရှည်စရာမလိုပဲနဲ့တောင် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူစရာကောင်းတယ်လို့ ကောင်လေးတွေက ခံစားရပါတယ်တဲ့။
စိတ်တိုနေရင်တောင် ချစ်စရာကောင်းတယ်
ဂျပုမလေးတွေ စိတ်ဆိုးရင် ပိုတောင် ရယ်စရာကောင်းပြီး စိတ်တွေခုန်ရပါတယ်တဲ့။ စိတ်ပိုတိုတတ်သလို စွာတတ်လေ့ရှိတဲ့ အပုလေးတွေကို ကောင်လေးတွေက အပြစ်မမြင်ရက်ကြပါဘူး။
သယ်ရလွယ်တယ်
ကိုယ့်ကောင်မလေး ဘယ်လောက်၀၀၊ ဘယ်လောက်ရှည်ရှည် ချီပိုးနိုင်ဖို့က ကောင်လေးတွေရဲ့ စိတ်ဆန္ဒပါ။ ကိုယ်က အကောင်သေးသေးကွေးကွေးလေးဆိုတော့ ပိုပြီး အဆင်ပြေတာပေါ့။ ရုပ်ရှင်ကြည့်ရင်း အိပ်ပဲပျော်သွားသွား၊ အရက်မတရားမူးနေလို့ ကုန်းပိုးသယ်ပြန်ရ၊ ပြန်ရ အလွယ်တကူ ချီပွေ့သွားနိုင်လို့ပါတဲ့။
ဂျပုမလေးတွေနဲ့ Oversized Shirt
ရုပ်ရှင်တွေထဲမှာလည်း မြင်ဖူးကြမှာပါ။ ကောင်လေးတော်တော်များများက သူ့တို့ဆီက ယူဝတ်လိုက်တဲ့ Shirt အကျီ၊ T Shirt တွေနဲ့ ပွပွယောင်းယောင်းဖြစ်နေတဲ့ ပုပုတုတုကောင်မလေးကို ဆွဲဆောင်မှုပိုတယ်လို့ ဝန်ခံထားကြပါတယ်။