ကလေးဘဝမှာ ကိုယ်ရည်ကိုယ်သွေး (Personality) ဖွံ့ဖြိုးတိုးတတ်မှု
chitmaymay.com
|
2020-11-22



ကိုယ်ရည်ကိုယ်သွေး(Personality) ဆိုတာ စိတ်ပိုင်းဆိုင်ရာ တည်ဆောက်မှုဖြစ်ပြီး စိတ်ခံစားမှု၊ သိမြင်မှုနှင့် အပြုအမှုဆိုင်ရာ လက္ခဏာတွေ ပေါင်းစပ်ခြင်းကို ရည်ညွန်းပါတယ်။ ကလေးတွေဟာ ကိုယ်ရည်ကိုယ်သွေး သတ်သတ်မှတ်မှတ်နဲ့ မွေးဖွားလာကြတာမဟုတ်ပါဘူး။ တကယ်တော့ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတတ်မှုက အချိန်တွေက တဆင့်ဖြစ်ပျက်ပြီး တိုးတတ်လာတာပါ။

ဘဝရဲ့ပထမနှစ်အတွင်းမှာ ဖြစ်ပေါ်တဲ့ relationships အတွေ့အကြုံတွေက ကိုယ်ရည်ကိုယ်သွေးဖွံဖြိုးမှုအတွက် အဓိကကျသောအရာများဖြစ်ကြပါတယ်။ ငယ်စဉ်ကလေးဘဝမှာ ကိုယ်ရည်ကိုယ်သွေး ဘယ်လိုတိုးတတ်ပြောင်းလဲနေသလဲဆိုတာကို သင်သိလိုပါသလား?

ပြင်သစ်စိတ်ပညာရှင် Henri Wallonရဲ့အဆိုအရ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတတ်မှုက ငယ်စဉ်ကလေးဘဝတွင် မတူညီတဲ့ အဆင့်တွေ ရှိပါတယ်။

“မွေးကင်းစကနေ ၃နှစ်အထိ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတတ်မှု”

ကလေးတွေ မွေးဖွားချိန်မှစပြီး သူတို့ရဲ့ ပင်ကိုစရိုက်တွေ ဖွံဖြိုးလာပါတယ်။ သုံးနှစ်အရွယ်မှာ သူတို့ရဲ့ ကိုယ်ပိုင်လက္ခဏာတည်ဆောက်ခြင်းနဲ့ သက်ဆိုင်တဲ့ အောက်ပါစွမ်းရည်တွေကို ရရှိပါတယ်။သူတို့ကိုယ်သူတို့ ခွဲခြားသိမြင်လာပါတယ်။ ဒီနည်းအားဖြင့် ကလေးတွေဟာ မိမိကိုယ်ကို အခြားသူတွေနဲ့မတူဘဲ တစ်ဦးချင်းစီအနေဖြင့် စတင်သိမြင်လာကြပါတယ်၊ သူတို့ရဲ့လုပ်ရပ်တွေ(သူတို့ဘာလုပ်သလဲ)၊ တခြားသူတွေရဲ့မတူညီတဲ့ လုပ်ရပ်တွေ(တခြားသူတွေဘာလုပ်သလဲ) ဆိုတာကို သတိထားမိလာပါတယ်။ သူတို့ဟာ သူတို့ပိုင်ဆိုင်ရာနဲ့ အခြားသူတွေရဲ့ပိုင်ဆိုင်ရာတွေကို ခွဲခြားဖို့ သင်ယူကြပါတယ်။




“အသက် ၃နှစ်မှ ၆နှစ်အထိ”

၃နှစ်မှ ၆နှစ်အကြား ကလေးတွေဟာ ကိုယ်ရည်ကိုယ်သွေးအဆင့်ကို ဖြတ်သန်းကြရပါတယ်။ ဒီအဆင့်ကို ကာလသုံးမျိုး ခွဲခြားထားပါတယ်။

အတိုက်အခံပြုမှုနှင့် အတားအဆီးကာလ- သူတို့ရဲ့ ၃နှစ်အရွယ်မှာ independence ဖွံ့ဖြိုးတိုးတတ်ရေးကို အသားပေးဖို့ နှင့် သူတို့ရဲ့ ကိုယ်ပိုင် identity ကို စိတ်ချစေရန် အားပေးဖို့ လိုအပ်ပါတယ်။ ထို့ကြောင့် သူတို့ဟာ အခြားသူတွေကို (အထူးသဖြင့်) သူတို့ရဲ့စံပြုပုဂ္ဂိုလ်လူကြီးတွေကို အဆိုးမြင်တာ၊ ငြင်းပယ်တာ အမြဲတမ်းဆန့်ကျင်မှုတွေ ပြသတာ လုပ်လာကြပါတယ်။




ဂရေ့ကာလ- ၄နှစ်သားအရွယ်ကလေးတွေဟာ ချစ်ခင်တွယ်တာမှုနဲ့ သဘောတူညီချက်ကို လိုအပ်လာပါတယ်။ ဒီအရာကိုရရှိဖို့ သူတို့ဟာ လူတွေရဲံ အမူအယာတွေ၊ စကားလုံးတွေနဲ့ အပြုအမှုတွေကို အာရုံစိုက်စေပါတယ်။ ဒါက narcissistic (အတ္တကြီးတဲ့)အဆင့်ဖြစ်ပါတယ်။

အတုခိုးတဲ့ကာလ- ၅နှစ်နဲ့ ၆နှစ်အကြား ကလေးတွေဟာ သူတို့သဘောကျနှစ်သက်သူတွေရဲ့ ကာရိုက်တာတွေကို စုစည်း၊ လက်ခံ၊ ကူးယူဖို့ ကြိုးစားကြပါတယ်။ ပုံမန်အားဖြင့် သူတို့ရဲ့ မိဘတစ်ဦးကို တုပကြပါတယ်။

ကလေးဘဝမှာ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတတ်မှုကို ဘယ်အချက်တွေက သက်ရောက်စေသလဲ?

ကျွန်မတို့ ယခင်ကတွေ့ခဲ့ရတဲ့အတိုင်း ကလေးတွေဟာ သူတို့ရဲ့ ပင်ကိုယ်စရိုက် ဖွံ့ဖြိုးတိုးတတ်ဖို့ မတူညီတဲ့ အဆင့်တွေရှိပါတယ်။ ထို့အပြင် ဒီ process ကိုသက်ရောက်စေတဲ့ အချက်များစွာ ရှိပါတယ်။

မျိုးရိုးလိုက်အချက်များ- မိဘတွေဆီကနေ အမွေဆက်ခံတဲ့အရာက ကလေးငယ်တွေမှာ မြင်နိုင်တဲ့ မပြောင်းလဲသော၊ တည်ငြိမ်သော ကိုယ်ရည်ကိုယ်သွေးရှု့ထောင့်ကို ရည်ညွန်းပါတယ်။

ပတ်ဝန်းကျင်ဆိုင်ရာအချက်များ- ကလေးတွေ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်ဟာ သူတို့ရဲ့ ပင်ကိုစရိုက်ဖွံ့ဖြိုးတိုးတတ်မှုမှာ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ သူတို့ဟာ ကမ္ဘာကြီးကို နားလည်ပြီး သူတို့ဖြစ်ပေါ်လာတဲ့ relationship ပေါ်လိုပဲ သူတို့ရဲ့လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခြေအနေပေါ်မူတည်ပြီး တုံ့ပြန်ကြပါတယ်။




လူမှုရေးနှင့် ထိရောက်သော အတွေ့အကြုံများ- ဒီအရာတွေက သူတို့ပတ်ဝန်းကျင်ရှိ အရေးပါသော အဖြစ်အပျက်များ ဖြစ်ပါတယ်။ ကလေးတွေနဲ့ သူတို့ရဲ့ အဓိကစောင့်ရှောက်သူတွေအကြား ဖွဲ့စည်းထားတဲ့ နှောင်ကြိုးတွေက ကလေးတွေရဲ့ ပထမဆုံးအတွေ့အကြုံတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ကြီးပြင်းလာတာနဲ့အနှ ကလေးတွေဟာ ပိုမိုရှုပ်ထွေးသော လူမှုရေးနှင့် ထိခိုက်လွယ်သော အခြေအနေတွေကို ရင်ဆိုင်ရပါလိမ့်မယ်။ ဥပမာ- သူတို့ဟာ မွေးချင်းတစ်ယောက် မွေးဖွားလာခြင်း၊ သူငယ်တန်းစတတ်ခြင်း စသည်တို့ဖြစ်နိုင်ပါတယ်။

တန်ဖိုးတွေနဲ့ ယုံကြည်ချက်များ- ငယ်ငယ်ကတည်းက ကလေးတွေဟာ မိဘရဲ့ တန်ဖိုးနဲ့ ယုံကြည်မှုတွေကို လက်သင့်ခံခဲ့ကြပါတယ်။ ထို့ကြောင့် စည်းမျဉ်းစည်းကမ်းတွေနဲ့ လူမှုရေးစံနှုန်းတွေကို သူတို့ရဲ့လုပ်ရပ်တွေနဲ့ သတ်မှတ်ပါလိမ့်မယ်။

” ကျွန်တော်တို့အားလုံးက ကျွန်တော်တို့ရဲ့ ကိုယ်ရည်ကိုယ်သွေးအခြေခံလက္ခဏာတွေအပြင် ကျွန်တော်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ အသွင်အပြင်ကို ဖော်ပြထားတဲ့ ထူးခြားသော မျိုးရိုးဗီဇဆိုင်ရာပုံစံတွေနဲ့ မွေးဖွားလာကြတာပါ။ ဒါပေမယ့် ဘဝအတွေ့အကြုံတွေတက ကျွန်တော်တို့ကို ပြောင်းလဲစေကြောင်း ကျွန်တော်တို့အားလုံးသိကြပါတယ်”။ – Joan D. Vinge –

နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ ဘဝရဲ့ ပထမဆုံးနှစ်ဟာ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတတ်မှုအတွက် အခြေခံအကျဆုံးဖြစ်ပါတယ်။

Chit_MayMay
LM_Nandar


Source-youaremom




Some text some message..