အသက်ရာကျော်ဘိုးဘွားတို့ရဲ့ မှတ်သားဖွယ်ရာ အဆုံးအမများ
“ သက်ကြီးစကား သက်ငယ်ကြား ” ဆိုတဲ့အတိုင်း အတွေ့အကြုံအများကြီး ရှိတဲ့ လူကြီးတွေ ရဲ့ အဆုံးအမတွေ က ရွှေလိုမျိုး တန်ဖိုးရှိလှပါတယ် ။ ရာစုနှစ် တစ်ခုစာ ဖြတ်သန်းပြီးမှ ရရှိလာတဲ့ ဘဝ အတွေ့အကြုံတွေ က သင့်အနေနဲ့ ကိုယ်တိုင် ရရှိနိုင်ဖို့ ကြိုးစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ။ ဘာလို့ဆို သင် က အသက်တစ်ရာနီးပါး အသက်ရှင်ပါမယ် လို့ တပ်အပ် မပြောနိုင်လို့ပါ ။ ဒါကြောင့် အသက်ရာကျော်ဘိုးဘွားတွေ ရဲ့ ဘဝအတွေ့အကြုံတွေကို အရင်းခံထားတဲ့ ဆုံးမစကားတချို့ ကို တင်ပြလိုက်ပါတယ် ။
Fauja Singh
သူ့ကို (၁၉၁၁) ခုနှစ်တွင်မွေးဖွားခဲ့ပါတယ်။ ခုချိန်မှာတော့ သူ့အသက်ကတော့ (၁၀၉)နှစ်ပေါ့။ သူ့ခြေထောက်က သေးပြီးအားနည်းတဲ့အတွက်ကြောင့် အသက် (၅) နှစ်သားအရွယ်ရောက်သည့်အထိ လမ်းလျှောက်ရတာ ပြဿနာရှိခဲ့တယ်။ ဒါပေမဲ့ အခုတော့ အသက်အကြီးဆုံး မာရသွန် အပြေးသမားတစ်ယောက်ဖြစ်နေပါပြီ။ သူ ပြောတဲ့ စကားထဲက မှတ်သားစရာစကားတချို့ကတော့ -
"သင် ကျန်းမာနေမှ သင် ပျော်ရွှင်မှာပါ။ကျွန်တော်ကတော့ ကျွန်တော့်ပျော်ရွှင်မှုအတွက် ပြေးပါတယ်။ပြေးနိုင်တဲ့သူတွေအားလုံး ကျန်းမာမှာပါပဲ။"
Ida Keeling

ခုချိန်မှာ အသက် (105) နှစ်ရှိနေပြီဖြစ်တဲ့ သူမကို (၁၉၁၅) ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။ ငယ်ရွယ်စဉ်မှာ အဖေဖြစ်သူဆုံးပါးသွားတယ်။ အသက် (၄၂) နှစ်အရွယ်မှာ ခင်ပွန်းဖြစ်သူ ဆုံးပါးသွားတယ်။ သားသမီး (၄) ယောက်မှာ (၂) ယောက်က အသက်ခံရတယ်။ ဒီလို ပြင်းထန်လွန်းတဲ့ လောကဓံ အမျိုးမျိုး ကို တွေ့ကြုံခဲ့ရပေမဲ့ သူမ က အခုဆို သက်ကြီးပိုင်း မီတာ (၆၀-၁၀၀) အပြေးပြိုင်ပွဲတွေမှာ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားနေပါပြီ။ သူမ ဘယ်လို ခံယူချက်တွေနဲ့ လောကဓံအားလုံး ကို အကောင်းဆုံး ကျော်လွှားနိုင်ခဲ့လဲ ဆိုတော့ ……
"သင့်အနေနဲ့ ဘဝကို လက်လျှော့အရှုံးပေးလိုက်ရင် ရှက်စရာပါပဲ။
ကိုယ့်ကိုယ်ကိုယ်မနှိပ်စက်ပါနဲ့၊ သင်နဲ့ သင့်ခန္ဓာကိုယ်ဟာ အချစ်ခံထိုက်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ။"
Richard Arvin Overton
Richard Arvin Overton (မေလ ၁၁ ရက်၊ ၁၉၀၆ - ဒီဇင်ဘာ ၂၇၊ ၂၀၁၈) သည်အသက် ၁၂၂ နှစ်ရှိပြီး၊ ရက်ပေါင်း ၂၃၀ သည်အမေရိကန်ပြည်ထောင်စုရှိသက်တမ်းအရင့်ဆုံးသောဒုတိယကမ္ဘာစစ်စစ်မှုထမ်းဟောင်းဖြစ်ပြီးအမေရိကန်ပြည်ထောင်စု၌အသက်အကြီးဆုံးဖြစ်သည်။ သူသည်အမေရိကန်ပြည်ထောင်စုစစ်တပ်တွင်အမှုထမ်းခဲ့သည်။ ၂၀၁၃ ခုနှစ်တွင်သမ္မတဘားရက်အိုဘားမားကဂုဏ်ပြုခဲ့သည်။ သူ့ရဲ့မှတ်သားစရာ စကားကတော့
"ဖြစ်ချိန်တန်ရင် ဖြစ်လာမှာပါပဲ။စိတ်ဓာတ်ကောင်းတွေ မွေးမြူပါ။
လက်မလျှော့ပါနဲ့၊ ကိုယ့်ကိုယ်ကိုယ် သံသယတွေလည်း မဝင်ပါနဲ့။"
Joan Willet
အသက် (104)နှစ် ရှိနေပြီဖြစ်တဲ့ Joan Willet က "British Heart Foundation" အတွက် ရန်ပုံငွေရှာနိုင်ရန် ရည်ရွယ်ပြီး သူမရဲ့ အိမ်အနီးမှာရှိတဲ့ မတ်စောက်တောင် တောင်ကုန်းတွေပေါ် လျှောက်လှမ်းခဲ့ပြီး ရန်ပုံငွေပေါင်း (ပေါင် - 51000 ကျော်) ကို ရှာဖွေပေးနိုင်ခဲ့ပါတယ်။ သူမရဲ့ လက်သုံးစကားကတော့ -
"ဖြစ်ပျက်နေသမျှအရာအားလုံးမှာ စိတ်ဝင်စားမှုရှိနေဖို့က အရေးကြီးပါတယ်။ဖြစ်ချင်ရာဖြစ် ဆိုပြီး ထိုင်မနေပါနဲ့ အလုပ်ကြိုးစားပါ။
သင့်မှာဦးနှောက်ရှိပါတယ်။ သင့်ဦးနှောက်ကိုအသုံးချပါ။" တဲ့
အခု ဖော်ပြခဲ့တဲ့ အသက်ရာကျော်ဘိုးဘွားတို့ ရဲ့ အဆုံးအမ တွေ က အားလုံးနဲ့ ရင်းနှီးနှင့်ပြီးသား စကားတွေ ဖြစ်ပေမဲ့ အမှုမဲ့ အမှတ်မဲ့ သတိမပြုမိကြတဲ့ အရာတွေ ဆိုတာ ငြင်းလို့ ကို မရပါဘူး ။ အဲ့တာကြောင့် အခုပဲ ဖြစ်ဖြစ် ဒီ မှတ်သားစရာအဆုံးအမ တွေ က နေ သင် သတိမပြုမိတဲ့ အကြောင်းအချက်တွေ ကို သတိပြုနိုင်အောင် တင်ပြပေးလိုက်ရပါတယ် ။
အသက်ရာကျော်ဘိုးဘွားတို့ရဲ့ မှတ်သားဖွယ်ရာ အဆုံးအမများ
“ သက်ကြီးစကား သက်ငယ်ကြား ” ဆိုတဲ့အတိုင်း အတွေ့အကြုံအများကြီး ရှိတဲ့ လူကြီးတွေ ရဲ့ အဆုံးအမတွေ က ရွှေလိုမျိုး တန်ဖိုးရှိလှပါတယ် ။ ရာစုနှစ် တစ်ခုစာ ဖြတ်သန်းပြီးမှ ရရှိလာတဲ့ ဘဝ အတွေ့အကြုံတွေ က သင့်အနေနဲ့ ကိုယ်တိုင် ရရှိနိုင်ဖို့ ကြိုးစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ။ ဘာလို့ဆို သင် က အသက်တစ်ရာနီးပါး အသက်ရှင်ပါမယ် လို့ တပ်အပ် မပြောနိုင်လို့ပါ ။ ဒါကြောင့် အသက်ရာကျော်ဘိုးဘွားတွေ ရဲ့ ဘဝအတွေ့အကြုံတွေကို အရင်းခံထားတဲ့ ဆုံးမစကားတချို့ ကို တင်ပြလိုက်ပါတယ် ။
Fauja Singh

သူ့ကို (၁၉၁၁) ခုနှစ်တွင်မွေးဖွားခဲ့ပါတယ်။ ခုချိန်မှာတော့ သူ့အသက်ကတော့ (၁၀၉)နှစ်ပေါ့။ သူ့ခြေထောက်က သေးပြီးအားနည်းတဲ့အတွက်ကြောင့် အသက် (၅) နှစ်သားအရွယ်ရောက်သည့်အထိ လမ်းလျှောက်ရတာ ပြဿနာရှိခဲ့တယ်။ ဒါပေမဲ့ အခုတော့ အသက်အကြီးဆုံး မာရသွန် အပြေးသမားတစ်ယောက်ဖြစ်နေပါပြီ။ သူ ပြောတဲ့ စကားထဲက မှတ်သားစရာစကားတချို့ကတော့
"သင် ကျန်းမာနေမှ သင် ပျော်ရွှင်မှာပါ။ကျွန်တော်ကတော့ ကျွန်တော့်ပျော်ရွှင်မှုအတွက် ပြေးပါတယ်။ပြေးနိုင်တဲ့သူတွေအားလုံး ကျန်းမာမှာပါပဲ။"
Ida Keeling
ခုချိန်မှာ အသက် (105) နှစ်ရှိနေပြီဖြစ်တဲ့ သူမကို (၁၉၁၅) ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။ ငယ်ရွယ်စဉ်မှာ အဖေဖြစ်သူဆုံးပါးသွားတယ်။ အသက် (၄၂) နှစ်အရွယ်မှာ ခင်ပွန်းဖြစ်သူ ဆုံးပါးသွားတယ်။ သားသမီး (၄) ယောက်မှာ (၂) ယောက်က အသက်ခံရတယ်။ ဒီလို ပြင်းထန်လွန်းတဲ့ လောကဓံ အမျိုးမျိုး ကို တွေ့ကြုံခဲ့ရပေမဲ့ သူမ က အခုဆို သက်ကြီးပိုင်း မီတာ (၆၀-၁၀၀) အပြေးပြိုင်ပွဲတွေမှာ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားနေပါပြီ။ သူမ ဘယ်လို ခံယူချက်တွေနဲ့ လောကဓံအားလုံး ကို အကောင်းဆုံး ကျော်လွှားနိုင်ခဲ့လဲ ဆိုတော့ ……
"သင့်အနနေဲ့ ဘဝကို လက်လျှော့အရှုံးပေးလိုက်ရင် ရှက်စရာပါပဲ။
ကိုယ့်ကိုယ်ကိုယ်မနှိပ်စက်ပါနဲ့၊ သင်နဲ့ သင့်ခန္ဓာကိုယ်ဟာ အချစ်ခံထိုက်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ။"
Richard Arvin Overton
Richard Arvin Overton (မေလ ၁၁ ရက်၊ ၁၉၀၆ - ဒီဇင်ဘာ ၂၇၊ ၂၀၁၈) သည်အသက် ၁၂၂ နှစ်ရှိပြီး၊ ရက်ပေါင်း ၂၃၀ သည်အမေရိကန်ပြည်ထောင်စုရှိသက်တမ်းအရင့်ဆုံးသောဒုတိယကမ္ဘာစစ်စစ်မှုထမ်းဟောင်းဖြစ်ပြီးအမေရိကန်ပြည်ထောင်စု၌အသက်အကြီးဆုံးဖြစ်သည်။ သူသည်အမေရိကန်ပြည်ထောင်စုစစ်တပ်တွင်အမှုထမ်းခဲ့သည်။ ၂၀၁၃ ခုနှစ်တွင်သမ္မတဘားရက်အိုဘားမားကဂုဏ်ပြုခဲ့သည်။ သူ့ရဲ့မှတ်သားစရာ စကားကတော့
"ဖြစ်ချိန်တန်ရင် ဖြစ်လာမှာပါပဲ။စိတ်ဓာတ်ကောင်းတွေ မွေးမြူပါ။
လက်မလျှော့ပါနဲ့၊ ကိုယ့်ကိုယ်ကိုယ် သံသယတွေလည်း မဝင်ပါနဲ့။"
Joan Willet
အသက် (104)နှစ် ရှိနေပြီဖြစ်တဲ့ Joan Willet က "British Heart Foundation" အတွက် ရန်ပုံငွေရှာနိုင်ရန် ရည်ရွယ်ပြီး သူမရဲ့ အိမ်အနီးမှာရှိတဲ့ မတ်စောက်တောင် တောင်ကုန်းတွေပေါ် လျှောက်လှမ်းခဲ့ပြီး ရန်ပုံငွေပေါင်း (ပေါင် - 51000 ကျော်) ကို ရှာဖွေပေးနိုင်ခဲ့ပါတယ်။ သူမရဲ့ လက်သုံးစကားကတော့