နှင်းဆီနီနီသက်သေတည်လျက် အပိုင်း ( ၄ ) ဇာတ်သိမ်းပိုင်း
lotaya.mpt.com.mm
|
2020-11-24

ဒေါ်မိုးရိပ်ချိုသည်အားတင်းကာ အသံထွက်စကားပြော

နိုင်ရန်ကြိုးစားကြည့်သော်လည်းအချည်းနှီးသာ။ သူမ

ကိုယ်ထဲပူးကပ်နေသည့်လူကို သူမမြင်အောင်လိုက်

ကြည့်ကြည့်သည်။ မျက်နှာကိုတော့မမြင်ရပေ။

လက်နှင့်ခန္ဓာကိုယ်အစိပ်အပိုင်းအချို့ကိုမြင်နေရသည်။

သူမခေါင်းထဲရောက်လာသည့်အတိုင်း ဘုရားကိုအာရုံပြု

ကာ ဘုရားစာကိုစိတ်ထဲမှရွတ်ဖတ်လိုက်သည်။ ထိုအခါ

သူမ၏ခေါင်းကိုအနောက်မှရိုက်ခံလိုက်ရလေသည်။

မည်မျှရိုက်ရိုက်ဘုရားကိုသာအာရုံပြုပြီးနေလိုက်၏။

ဘုရားစာဆက်တိုက်ရွတ်သည့်အခါ သူမမျက်စိထဲခေါင်း

ပေါင်းပေါင်းထားသောမျက်နှာမည်းကြီးတစ်ခုရုတ်တ

ရက်ပေါ်လာပြီးအသံနက်ကြီးဖြင့်အော်လာတော့သည်။

" မရွတ်နဲ့ "

ဒေါ်မိုးရိပ်ချိုလည်းလန့်ဖျပ်သွားပြီးခေတ္တငြိမ်လိုက်ရ

၏။ သို့သော် ဆက်ရွတ်နေလိုက်သည်။ ထိုအခါ သူမ

၏ခေါင်းကို ကားဘေးမှန်နှင့်ဆောင့်ပစ်လေသည်။

သူမကိုယ်သူမမထိန်းနိုင်ချေ။

" တီလေးငယ် မလုပ်နဲ့ အီး ဟီး ဟီး "

မြရည်ချိုက နှုတ်ဖြင့်တားဆီးသည့်အခါ ဒေါ်မိုးရိပ်ချို

သည်လည်း ရပ်တန့်လိုက်ရသည်။ ထိုအခါမှ ခေါင်းကို

ဆောင့်နေခြင်းလည်းရပ်သွားတော့သည်။ ဒေါ်မိုးရိပ်ချို

မှာမူးရိပ်ရိပ်ဖြစ်နေလေပြီ။

အမြင်များကဝိုးတိုးဝါးတား။ မည်သည်မှမသဲကွဲတော့

ချေ။ မကြာမီမှာပင်နှင်းဆီခြံကြီးဆီသို့ဆိုက်ရောက်

လာလေတော့သည်။ ခြံတံခါးကသော့တင်းတင်းခတ်

ထား၏။ သို့သော်လည်းအဘယ်ကြောင့်ရယ်မသိ ခြံတံ

ခါးသော့မှာသူ့အလိုလိုပြုတ်ထွက်သွားခဲ့လေသည်။

ဒေါ်မိုးရိပ်ချိုကိုယ်ထဲပူးကပ်နေသောလူက တဟီးဟီး

ရယ်မောနေသံကိုအတိုင်းသားကြားနေရ၏။ သူမ မရယ်

ပါဘဲနှင့် သူမနှုတ်ကရယ်သံထွက်နေလေသည်။ ခြံတံခါး

သည်လည်းသူ့အလိုလိုပွင့်သွားခဲ့သည်။

မြရည်ချိုမှာကားကိုဖြည်းဖြည်းချင်းမောင်းဝင်လိုက်၏။

ဒေါ်မိုးရိပ်ချိုမှာ အားကိုးရာ အိမ်အကူကလေးမလေးနှစ်

ယောက်ကိုတောင့်တမိလိုက်သည်။ အသံကြားပြီးနိုးလာ

ပါစေဟုအကြိမ်ကြိမ်ဆုတောင်းမိ၏။ သို့သော်လည်း

ထိုကလေးမလေးနှစ်ယောက်အသံမှာ တစ်စက်လေးမျှ

ပင်မကြားရပေ။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်လား သို့တည်းမဟုတ်

တံတားအစောင့်နှစ်ယောက်ကပင် အိပ်စေခိုင်းနေသည်လား မသိနိုင်ခဲ့။ လတ်တလောတွင် ကားသံမှအပ တစ်ခြံ

ဝင်းလုံးတိတ်ဆိတ်ငြိမ်သက်နေသည်။

မြရည်ချိုကကားပေါ်မှကျောက်ရုပ်ကဲ့သို့ဆင်းသွား၏။

ထို့နောက်ခြံထဲရှိပေါက်ပြားကိုယူကာ အားကောင်းမောင်း

သံဖြင့် မြေကျင်းကြီးကိုတူးနေသည်။ မြရည်ချို၏ပုံသ

ဏ္ဍာန်ကအသိစိတ်မရှိတော့သလိုပင်။

သူမကိုယ်သူမ ထိန်းနိုင်ပါစေဟုသာ ဒေါ်မိုးရိပ်ချိုအထပ်ထပ်ဆုတောင်းနေမိတော့သည်။ ထို့စဉ်မှာပင်

မြရည်ချိုက သူမရှိရာကားပေါ်သို့တစ်ချက်လှမ်းကြည့်

လာသည်။ ဒေါ်မိုးရိပ်ချိုမသိခင်မှာပင် သူမ၏ခန္ဓာကိုယ်

သည် ကားပေါ်မှဆင်းနေခဲ့ပြီ။

ထို့နောက်ပေါက်ပြားနောက်တစ်လက်ယူကာ မြေကျင်း

ကြီးအားတူးဆွကူနေ၏။ ကိုယ့်သေတွင်းကိုယ်တူးခြင်း

ကဲ့သို့ခံစားနေရတော့သည်။ နှစ်ယောက်အားနှင့်ခပ်မြန်

မြန်တူးသည့်အခါ ခဏလေးအတွင်းကျင်းကြီးတစ်ခု

တူး၍ပြီးသွားခဲ့သည်။

မြရည်ချိုကလက်ထဲမှပေါက်ပြားအားပစ်ချပြီး ဒေါ်မိုး

ရိပ်ချိုကိုကျင်းထဲဆင်းရန်စေခိုင်းတော့သည်။ ဒေါ်မိုး

ရိပ်ချိုမှာမိမိကိုယ်မိမိလုံးဝထိန်းချုပ်နိုင်စွမ်းမရှိတော့။

ကျင်းထဲခုန်ဆင်းသွားလေပြီ။

ထို့နောက်သူမကိုအမျိုးအမည်မသိသည့်စွမ်းအားတစ်ခု

ကထိန်းချုပ်ထားသကဲ့သို့ ခံစားနေရပြီး ကျင်းကြီးထဲ

မှရုန်းမရဖြစ်လာတော့သည်။ မြရည်ချိုမှာတော့ သဘော

ကျစွာကြည့်ကာ လက်ထဲမှ အိပ်ဆောင်ဓါးဖြင့် ဒေါ်မိုးရိပ်ချို၏ ရင်ဘတ်တည့်တည့်ထိုးခွဲပစ်လိုက်သည်။

ပြီးနောက် နှင်းဆီကိုင်းမှားထယူပြန်သည်။ ယူလာသည့်

နှင်းဆီကိုင်းများကို ခွဲထားသည့်ဒဏ်ရာပေါ်သို့ထိုးစိုက်

ချလိုက်တော့သည်။

" နှင်းဆီပင်တွေကြိုက်တယ်ဆို ... ကိုယ်တိုင်

နှင်းဆီပင်ဖြစ်ရတော့မယ် ကျေနပ်တယ်မလား "

မြရည်ချိုကပြောရင်းသဘောကျကာရယ်နေသည်။

သို့သော်သူမ၏မျက်ဝန်းထဲမျက်ရည်စများဖြင့်။

ဒေါ်မိုးရိပ်ချိုနားလည်သည်။ ဝင်ရောက်ပူးကပ်နေသော

မကောင်းဆိုးရွားကထိုသို့ပြုမူနေမှန်းသိသည်။ မြရည်

ချိုမှာထိုသို့ပြုမူနေမှန်းသိရှိနေသဖြင့် ဝမ်းနည်းငိုရှိုက်

နေခြင်းဖြစ်သည်။

" ငါ့ကိုပဲခေါ် ငါ့တူမလေးကိုလွတ်ပေး"

ဒေါ်မိုးရိပ်ချိုက စိတ်ထဲမှပြောနေသလို သူမကိုပူးကပ်

နေသည့်မကောင်းဆိုးရွားလူကြီးကလည်းပြန်ပြောသည်။

" နင်တို့သဘောနဲ့နင်တို့ လူစားလဲဖို့လာခွင့်တောင်းတာ

ပြန်ပြင်လို့မရဘူး "

ဒေါ်မိုးရိပ်ချိုမည်သို့ပြောပြော မရတော့။ မိမိတို့ကိုယ်

တိုင်ကကြည်ကြည်ဖြူဖြူခွင့်ပေးမိသလိုဖြစ်ခဲ့ခြင်း

အတွက် ပြန်ပြင်ဆင်ရန်နောက်ကျသွားခဲ့ပြီ။

မြရည်ချိုမှာ မျက်နှာကသာပြုံးနေသည်။ ပါးပြင်ပေါ်၌

မျက်ရည်များကျဆင်းနေရင်း နောက်ထပ်တစ်ချက် ဓါး

ဖြင့်ထိုးခွဲလိုက်ပြန်သည်။ ဒေါ်မိုးရိပ်ချိုမှာနာကျင်လွန်း

သဖြင့်အော်ဟစ်ပစ်သော်လည်း အသံကအပြင်သို့ထွက်

မလာပေ။

ဆူးအပြည့်နှင်းဆီကိုင်းကြီးတစ်ခုကိုထိုးစိုက်ထည့်ရန်

လက်ကိုမြောက်ထားသည်။ မြရည်ချို၏လက်ကိုကြည့်မိ

သည့်အခါ ထိုဆူးများအား သူမ၏လက်ဖြင့်ဆုပ်ကိုင်

ထားသည့်အခါ လက်ဖဝါးတစ်ပြင်လုံးသွေးချင်းချင်း

နီရဲနေလေသည်။

" ငါတို့တုန်းကလည်း တဖြည်းဖြည်းညင်းဆဲပြီးအသတ်

ခံခဲ့ရတာ ဒီလိုနာကျင်ရမှ နင်တို့နှစ်ရှည်အစောင့်ဖြစ်လာ

မယ် "

ဒေါ်မိုးရိပ်ချို၏ကိုယ်ထဲမှ မကောင်းဆိုးရွားကြီးကပြော

နေသည်။ ' အစောင့် ' ဟုတ်သည်။ ဒေါ်မိုးရိပ်ချိုရုတ်တ

ရက်သတိရသွားသည်။

ယခုနှင်းဆီခြံထဲ၌လည်းအစောင့်ရှိသည်။ လွန်ခဲ့သော

၁၅ နှစ်တာကာလတစ်ခုက နှင်းဆီခြံကြီးဝယ်ယူခဲ့စဉ်

တွင် ထိုခြံ၌အစောင့်ရှိခဲ့သည်။

အခြားသူများကမြေကြမ်းသည်ဟြဆိုကာ မဝယ်ရဲခဲ့

ကြပေ။ ဒေါ်မိုးရိပ်ချိုကတော့ ကြောက်လန့်စိတ်မရှိဘဲ

ဝယ်ယူခဲ့သည်။ ထိုမစောင့်ကို ခြံထောင့်တွင်နေစရာပေး

ခဲ့သည်။ နှင်းဆီခြံကိုစောင့်ရှောက်ပေးရန်လည်းပြောခဲ့

ဖူးသည်။

ထို့ကြောင့်လားမသိပေ။ ဒေါ်မိုးရိပ်ချိုခြံထဲရှိနှင်းဆီပန်း

ပွင့်များကအခြားခြံများနှင့်မတူ အပွင့်ကြီးများအာပြီး

အရောင်အသွေးစိုပြေကာလှပလွန်းသည်။ ထူးထူးထွေ

ထွေပြုပြင်ယူခဲ့ခြင်းမဟုတ်ဘဲ သူ့အလိုလိုဖြစ်နေသည်။

ဒေါ်မိုးရိပ်ချိုမှာ မျက်လုံးစုံမှိတ်ရင်းစိတ်ထဲမှပြောလိုက်

သည်။

" နှင်းဆီခြံအစောင့်ကြီးရေ ကယ်ပါဦး မကောင်းဆိုးရွား

တွေကိုနှင်ထုတ်ပေးလှည့်ပါ "

စိတ်ထဲမှရည်စူးကာပြောပြီးသည်နှင့် လေတိုးသံသဲ့သဲ့

အားကြားလိုက်ရသဖြင့်မျက်လုံးဖွင့်ကြည့်လိုက်တော့

သည်။ လူထွားထွားကြီးတစ်ယောက်သည် မြရည်ချို၏

လည်ပင်းကိုညစ်နေ၏။

သူ၏အားကောင်းမောင်းသန်လက်ကြီးများဖြင့် ညစ်ထား

သဖြင့်မြရည်ချိုမှာ ယိမ်းထိုးနေတော့သည်။ ထိုလူထွား

ကြီးတစ်ချက်ဆွဲလိုက်လေလျှင် မြရည်ချို၏ခန္ဓာကိုယ်

ထဲမှ ခေါင်းပေါင်းပေါင်းထားသောလူမည်းမည်းကြီးက

အပေါ်သို့မြှောက်ကာ မြှောက်ကာတက်လာသည်။

ထိုအခါမှ လူနှင့်ဝိဉာဉ်နှစ်ခုကို ဒေါ်မိုးရိပ်ချိုမျက်ဝါးထင်

ထင်တွေ့မြင်ဖူးတော့သည်။ မြရည်ချိုကိုယ်ထဲမှ မကောင်းဆိုးရွားသည် နှင်းဆီခြံအစောင့်ကိုနိုင်မည့်ပုံမရ

တော့ချေ။ ထိုအခါ ဒေါ်မိုးရိပ်ချိုကိုယ်ထဲမှ မကောင်းဆိုး

ရွားအစောင့်ကလည်း ထိုအစောင့်ကိုနဘမ်းဝင်လုံးတော့

သည်။

ဒေါ်မိုးရိပ်ချိုသည်လည်း မိမိကိုယ်ကိုယ်ပြန်ထိန်းပြီး

တန်ပြန်တုံ့ပြန်နိုင်ရန်ကြိုးစား၏။ မကောင်းဆိုးရွားကြီး

မှာ ဒေါ်မိုးရိပ်ချိုခန္ဓာကိုယ်ဖြင့်ထင်သလောက်ခရီးမ

ပေါက်နေပေ။

" ငြိမ်ငြိမ်နေစမ်း "

မကောင်းဆိုးရွားမှာပြောရင်း ဒေါ်မိုးရိပ်ချို၏ခေါင်းကို

ရိုက်ပစ်သည်။ ထိုအခါ နှင်းဆီခြံစောင့်ကြီးသည်အလွန်

ဒေါသထွက်လာဟန်ဖြင့်သူ၏ပါးစပ်ကြီးကို အကျယ်

ကြီးဟကာ အသံနက်ကြီးဖြင့်အော်လာတော့၏။

မြရည်ချိုထံပူးကပ်နေသည့်မကောင်းဆိုးရွားတစ်ကောင်

မှာကြောက်လန့်တကြားဖြစ်ပြီး မြရည်ချိုကိုယ်မှ လွင့်

ထွက်သွားခဲ့သည်။ ဤသည်ကိုမြင်လိုက်သည့်ဒေါ်မိုးရိပ်

ချိုသည်အားအလွန်တက်လာမိပြီး နှင်းဆီခြံအစောင့်ကြီး

ကို ကယ်တင်ပေးရန်သာစိတ်ထဲမှ ပြောနေတော့သည်။

မြရည်ချိုမှာတော့ မြေကျင်းဘေးတွင်ခွေခွေလေးလဲကျ

ကာသတိမေ့နေလေပြီ။ ဒေါ်မိုးရိပ်ချိုကလည်း မိမိခန္ဓာ

ကိုယ်ထဲမှမကောင်းဆိုးရွားကို ခန္ဓာကိုယ်မှအမြန်ထွက်

ခွါစေရန် အားကုန်သုံးပြီးတွန်းဖယ်နေသည်။

နှင်းဆီခြံအစောင့်သည် ထိုမကောင်းဆိုးရွားကို အတင်း

ဆွဲထုတ်၏။ မကြာခင်မှာပင် ဒေါ်မိုးရိပ်ချိုကိုယ်ထဲမှ

မကောင်းဆိုးရွားသည်တောင့်ခံနိုင်ခြင်းမရှိတော့ဘဲ

ခန္ဓာကိုယ်ထဲမှ အပြင်သို့လွင့်ထွက်သွားလေတော့သည်။

ဒေါ်မိုးရိပ်ချိုနောက်ဆုံးမြင်လိုက်သည်မှာ ခြံထဲသို့မောင်း

ဝင်လာသည့်ကားတစ်စီး၊ ထို့နောက် ခေါင်းပေါင်းပေါင်း

ထားသည့်မကောင်းဆိုးရွားနှစ်ယောက်ပြေးထွက်သွားရာ

သို့ လိုက်ပါသွားသည့် ခြံစောင့်လူထွားကြီးပင်ဖြစ်သည်။

ထိုမြင်ကွင်းကိုဝိုးတဝါးမြင်လိုက်ပြီးသူမသည်လည်း

မေ့မျောသွားလေတော့၏။

စူးရှရှအလင်းရောင်နှင့် လမ်းလျှောက်နေသံများ၊ စကား

ပြောနေသံများကြောင့်ဒေါ်မိုးရိပ်ချိုသတိရလာခဲ့သည်။

သူမသည် အိပ်ခန်းထဲရှိကုတင်ပေါ်တွင် drip ချိတ်ထား

သည်။ သူမ၏ဘေး၌ မြရည်ချိုလည်း drip ချိတ်ထား၏။

မျက်လုံးဝေ့ကြည့်သည့်အခါ အခန်းထဲ သူမ၏အစ်ကို

နှင့်ဇနီး၊ ဇန်ထူးမြတ်တို့ရောက်နေကြသည်။ ထို့အပြင်

နပ်စ်နှစ်ယောက်နှင့်ဆရာဝန်တစ်ယောက်လည်းရောက်

နေသည်။ ဆရာဝန်က သူမကိုစမ်းသပ်ပြီး

" အခြေအနေကစိတ်ချရပါပြီ ... တခြားဘယ်နေရာနာ

တာရှိသေးလဲ "

သူမခေါင်းခါပြလိုက်၏။

" အစ်မကံကောင်းသွားတာ ထိုးတဲ့ဓါးကအိပ်ဆောင်ဓါး

အသေးမလို့ ... ဒဏ်ရာကမနက်ဘူး ... "

" ဟုတ်ကဲ့ ဒေါက်တာ "

ဆရာဝန်က ညနေမှတစ်ခေါက်ထပ်လာမည်ဆိုကာပြန်

သွားလေပြီ။

" ဖြစ်ကြောင်းကုန်စင်ကို ဇန်ထူးမြတ်ပြောပြလို့သိပြီး

ပြီ ... ပြဿနာတွေအရှည်အရှည်မဖြစ်ချင်လို့ ဆေးရုံ

ပို့မနေတော့ဘူး ... "

" အခုလိုပိုကောင်းပါတယ် ကိုကြီး ... သရဲပူးတယ်ဆို

လည်းဘယ်သူကယုံမလဲ "

" ခက်တာမြရည်ချိုပဲ ... မဟုတ်တာတွေလျှောက်လုပ်

မဟုတ်တာတွေလျှောက်တွေး ... ခုပြဿနာဖြစ်တော့

ဘယ်သူပဲထိခိုက်လဲ ... "

ဦးရန်ပိုင်ချိုက လွန်လွန်ကျူးကျူးဆူချင်သော်လည်း

မဆူရဲ။ မြရည်ချို၏စိတ်ဒဏ်ရာကို ကြားသိထားဟန်

တူ၏။ မြရည်ချိုကတော့သူမအမှားအတွက်နှုတ်ဆိတ်

နေခဲ့သည်။

" သတင်းကောင်းက ဟိုကလေးမလေးလည်းမသေလို့

တော်သေးတာ မိုးရိပ်ရေ ... မဟုတ်ရင် ဒီအမေရင်ကျိုး

မှာ "

ယောင်းမဖြစ်သူမှာသမီးအရင်းမဟုတ်မှန်းသိသော်လည်း

မွေးကင်းစကတည်းက ပိုးမွေးသလိုမွေးထားသူဖြစ်၍

သားသမီးအရင်းမဟုတ်သည်ကို လက်ခံလိုဟန်မရှိပေ။

မြရည်ချိုကလည်း ထိုအရာကိုခံစားသိရှိပြီး မျက်ရည်များ

စီးကျရင်း သူမမိခင်ကိုငေးကြည့်နေ၏။

" သမီးကိုခွင့်လွတ်ပေးပါနော် "

မျက်ရည်များကြားမှတောင်းပန်တိုးလျှိုးသံလေးထွက်

လာခဲ့သည်။

" ဒီကိစ္စကပြီးသလိုနဲ့မပြီးသေးဘူး ... လူစားလဲဖို့ကိုယ်

တိုင်ခွင့်ပြုပေးခဲ့ကြတယ်ဆိုတော့ လေးယောက်လုံး

အန္တရာယ်ရှိသေးတယ်... ဘယ်တော့ထပ်လာဦးမလဲ

မပြောနိုင်ဘူး "

" အဲ့ဒါအတွက် စဉ်းစားထားပါတယ်ကိုကြီး "

" ဘယ်လိုစဉ်းစားထားလဲ "

" နှင်းဆီခြံအစောင့်ကြီးကသူတို့ကိုနိုင်ပါတယ် ... သူ

မောင်းထြတ်ပေးလို့အသက်ချမ်းသာရာရခဲ့တာ "

" ဘယ်သူ ... ခြံစောင့်အသစ်လား ... ဘယ်တုန်းကခန့်

ထားတာလဲ "

ဒေါ်မိုးရိပ်ချိုက ခပ်ယဲ့ယဲ့ပြုံးလိုက်ရင်း

" နှင်းဆီခြံကြီးရဲ့မရှိမဖြစ်အစောင့်ကြီးပေါ့ကိုကြီးရယ် "

ဦးရန်ပိုင်ချိုတို့မှာ နားမလည်သလိုကြည့်နေလေသည်။

" အဲ့ဒါထားဦး တံတားအစောင့်အကြောင်းစုံစမ်းခိုင်း

ထားတာ ခုနကပဲဖုန်းဆက်လာတယ် ... ရွှေသလွန်အိမ်

ယာနားကတံတားကို ဂျပန်ခေတ်တုန်းက ဆောက်ခဲ့ကြ

တာ ... ဇန်ထူးမြတ်ပြောတာနည်းနည်းလွဲနေတယ် ...

ဂျပန်တွေက ရွာသားတွေကို အတင်းခိုင်းစေကြတော့

ဖက်ဆစ်ကိုမုန်းတီးနေကြတဲ့ရွာသားတွေက မလုပ်ချင်

ဘဲလုပ်ခဲ့ရတယ်... အဲ့ဒီမှာ သူတို့ကိုကလန်ကဆန်လုပ်

ကြတော့ အဖွဲ့ခေါင်းဆောင်နှစ်ယောက်ကို တံတား

အောက်မှာ မြေကျင်းတူးပြီး ခေါင်းတစ်လုံးတည်းဖော်

မြုပ်ပစ်တယ်တဲ့ ... အမိန့်နာမခံရင် ဒီလိုအပြစ်ပေးမယ်

ဆိုတဲ့သဘော နမူနာလုပ်ပြတာ ... အစာရေစာမကျွေးဘဲ

သတ်ပစ်သလိုပေါ့ တဖြည်းဖြည်းညှင်းဆဲပြီးသတ်တာ...

သူတို့သေတော့ တံတားစောင့်ဖြစ်လာတယ်လိုပြောကြ

တာပဲ ... အမုန်းတရားနဲ့သေရတဲ့အခါ မကျွတ်မလွတ်

နိုင်ဘဲ သူတို့စိတ်ထဲ မြေကျင်းတူးပြီးညှင်းဆဲသတ်ရ

မယ်လို့ပဲ စိတ်စွဲနေပုံရတယ် ... ဒါကြောင့်လည်းခုလို

တွေမြေကျင်းတွေတူးတာလို့ယူဆရတာပဲ "

" ဟုတ်မယ် အန်ကယ်လ် ... သူတို့ဝင်ပူးတုန်းက ကျွန်

တော်လည်းခံစားမိတယ်... နေရင်းထိုင်ရင်း လူသတ်

ချင်နေတာ တခါတလေလည်း အသိစိတ်ကပုံမှန်ပြန်

ဖြစ်သွားတယ် ... တခါခါလည်းထဖောက်ပြန်ရော...

တော်တော်ကြောက်စရာကောင်းတာအန်ကယ်လ်ရေ "

" မစမ်းသပ်သင့်တာကို သွားစမ်းကြတာကိုး ... ကဲအခု

ဘယ်လိုလုပ်ကြမလဲ "

" ဟိုကလေးမလေးကိုဒီကိုခေါ်လာခဲ့ပေးပါ "

" ဘယ်ကလေးမလဲ ... အော် ကြည်လဲ့ဆွေ "

" သမီးမြရည်ချို သူ့ကိုဖုန်းဆက်လိုက် လာခေါ်မယ်

ဘယ်မှာလဲလို့ "

" ဟုတ်ကဲ့ "

မြရည်ချိုက ကြည်လဲ့ဆွေထံဖုန်းဆက်လိုက်သည်။

" ဖုန်းမကိုင်ဘူး ဖေဖေ "

ဒေါ်မိုးရိပ်ချိုမှာ စိုးရိမ်လာမိသည်။

" မဖြစ်ဘူး အခုသွားရှာကြပါ ... မြန်မြန် "

ဒေါ်မိုးရိပ်ချိုစကားကြောင့် အားလုံးလန့်ဖျတ်ကုန်ကြ

သည်။ ကြည့်လဲ့ဆွေ တစုံတခုမဖြစ်ပါစေနှင့်ဟု ဆု

တောင်းနေကြရသည်။

" တီလေးငယ် ခြံစောင့်ကြီးကိုကြည်လဲ့ေဆွဆီလွှတ်လိုက်ပါလားဟင်သူပဲနိုင်တာဆို "

" လွှတ်လို့မဖြစ်ဘူး သူရှိလို့ နှင်းဆီခြံမှာခုလို အေးအေး

နေလို့ရတာ သူသွားတာနဲ့ ဟိုကဝင်လာလိမ့်မယ်... အခု

ကစပြီး သမီးရော ဇန်ထူးမြတ်ရော ဒီမှာပဲခဏနေဦးမှ

ရမယ် "

ဦးရန်ပိုင်ချိုလည်း သူ၏တပည့်တပန်းများအား ကြည့်

လဲ့ဆွေကိုရှာခိုင်းလေတော့သည်။ တစ်နာရီခန့်ကြာသည့်

အခါ ကြည့်လဲ့ဆွေကိုတွေ့ပြီဟု ဖုန်းဝင်လာ၏။

" ဘယ်မှာတွေ့တာလဲ ဒီလိုခေါ်လာခိုင်းလိုက် "

" ကြည်လဲ့ဆွေ စိတ်ဖောက်နေတယ်လို့ပြောတယ် ...

လူ လေးငါးယောက်ဝိုင်းချုပ်တောင်မရဘူးတဲ့ ...

အခုအတင်းဆွဲပြီးကားပေါ်တင်လာကြပြီ သူ့အမေလည်း

လိုက်လာမယ်တဲ့ "

" ဟူး တော်သေးတာပေါ့ ဒီထဲရောက်ရင်တော့ငြိမ်ပါပြီ "

ကြည်လဲ့ဆွေကိုတင်ခေါ်လာသည့်ကားမှာ နှင်းဆီခြံရှေ့

ရောက်သည်နှင့် တုံ့ခနဲထိုးရပ်သွားလေသည်။ ထို့နောက်

ကြည်လဲ့ဆွေသည်အသံနက်ကြီးဖြင့်အော်ရင်း သတိမေ့

မြောသွားခဲ့တော့သည်။

" နှင်းဆီခြံစောင့်ကြီးကိုတော့သူတို့ကြောက်သားနော်"

ထို့နောက် ဒေါ်မိုးရိပ်ချိုအပါအဝင် ဇန်ထူးမြတ်၊ မြရည်ချို၊

ကြည်လဲ့ဆွေတို့မှာ နှင်းဆီခြံကြီးမှတစ်ဖဝါးမှမခွါရဲကြ

ဘဲ ခြံထဲ၌သာနေနေကြရတော့သည်။

( ၁) လခွဲခန့်ကြာပြီးနောက်ဒဏ်ရာသက်သာလာကြသည့်အချိန်တွင် ဒေါ်မိုးရိပ်ချိုသည် ခြံထဲမှ အလှဆုံးနှင်းဆီပွင့်

ကြီးများကို ခူးပြီး အစောင့်ကြီးကို စားပွဲသောက်ပွဲ

ှိနှင့်တကွပြင်ဆင်ပေးလိုက်သည်။

ထိုစားပွဲရှေ့တွင် ဒေါ်မိုးရိပ်ချို ၊ မြရည်ချို ၊ ဇန်ထူးမြတ်၊

ကြည်လဲ့ဆွေ တို့လေးယောက်မှာ ပြိုင်တူရွတ်ဆိုနေကြ

၏။

" နှင်းဆီခြံစောင့်ကြီး ကျွန်ုပ်တို့လေးယောက်ကို စောင့်

ရှောက်ပေးပါ ... မကောင်းဆိုးရွားရန်မှကာကွယ်ပေးပါ..

ခြံစောင့်ကြီးရဲ့ကိုယ်ပွားအဖြစ် ဒီနှင်းဆီပွင့်လေးတစ်

ယောက်တစ်ပွင့်ဆောင်ထားပါ့မယ် ... အန္တရာယ်ကြုံပါ

ကနှိမ်နှင်းပေးလှည့်ပါ... နှင်းဆီခြံထဲမှာလည်း ဆက်

ပြီးနေထိုင်ပေးပါ ... နှင်းဆီခြံကြီးတည်ရှိနေသမျှ ကျွန်ုပ်

တို့အသက်ရှင်နေသမျှ နှင်းဆီခြံစောင့်ကြီးကို ပူဇော်

ပသ ပါ့မယ်လို့ နှင်းဆီခြံကြီးသက်သေတည်ပြီး ကတိ

ပေးပါတယ် "

ထိုသို့ပြောပြီးသည့်အခါ လေပြေတစ်ချက်ဝေ့သွားခဲ့

လေသည်။ ထို့နောက် ပန်းအိုးထိုးထားသည့်နှင်းဆီအနီ

ရဲရဲ တစ်ယောက်တစ်ပွင့်စီ ယူဆောင်လိုက်ကြ၏။ ထို

နှင်းဆီနီနီကို မည်သူမျှစွန့်ခွါရဲမည်မဟုတ်ပေ။ ထိုသို့

ပြုလုပ်ပြီးချိန်မှစပြီး လွတ်လွတ်လပ်လပ်သွားလာ၍

ရသွားကြသည်။ တံတားစောင့်နှစ်ယောက်လည်း ထပ်

မံလာမနှောင့်ယှက်ကြတော့ပေ။

၎င်းတို့လေးယောက်သည် နှင်းဆီနီနီသက်သေတည်

ထားသမျှ နှင်းဆီခြံစောင့်ကြီးအား ပူဇော်ပသနေကြ

ဉီးမည်မှာအမှန်ပင်တည်း။

ပြီးပါပြီ။

သော်တာလမင်းစန္ဒာ

#lotaya_shortstory


အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်



Some text some message..