အနက်ရောင်ချစ်သူတွေက သူတို့ဖြစ်ချင်တဲ့အရာကို စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ အကောင်းဆုံးအကောင်အထည်ဖော်နိုင်ကြပြီး ဒီအတွက်လည်း ဘယ်သူ့ကိုမှ မမှီခို အားမကိုးကြပါဘူး။
အနက်မှအနက်၊ အင်္ကျီဝယ်လည်း အနက်၊ ဘောင်းဘီဝယ်လည်း အနက်၊ ဘာပဲဝယ်ဝယ် အနက်တစ်လိုင်းသွားနေတဲ့သူတွေ သင့်ရဲ့သူငယ်ချင်းထဲမှာရှိမှာ သေချာပါတယ်။ သင်ကိုယ်တိုင်ရော အနက်ရောင်ကြိုက်သူတစ်ယောက်လား ??? ဒီနေ့မှာတော့ အနက်ရောင်ကြိုက်သူတို့ရဲ့ စိတ်နေစိတ်ထားများအကြောင်းကို မျှဝေပေးသွားပါမယ်နော်။
၁။ ဂုဏ်သိက္ခာကို အလေးထားတယ်။
စီးပွားရေးလုပ်ငန်းတွေ ကုမ္ပဏီတွေမှာဆိုရင် အနက်ရောင်က အရာရှိအဆင့်ရှိ လူတိုင်း ဝတ်ဆင်လေ့ရှိပါတယ်။ ပြောရရင် ကုတ်အင်္ကျီအနက်ပေါ့။ ပြင်ပလောကအကြောင်းပဲ ပြောရအောင် အခုတော့။ အနက်ရောင် ကြိုက်တဲ့သူတွေဟာ ဒီအရောင်ကို ဝတ်ဆင်နေချိန်မှာ သူတို့ရဲ့ဂုဏ်သိက္ခာကို အလေးထားတဲ့အနေနဲ့ ဝတ်ဆင်တာပါတဲ့။
၂။ အနုပညာဆန်တယ်။
Band Shirt အများစုကို ကြည့်လိုက်ရင် အနက်ရောင်တွေပဲလေ။ ဒါက သူတို့ရဲ့ ရူးသွပ်မှု အနုပညာဆန်မှုတစ်ခုပါ။ တချို့ဆို ငယ်ငယ်တည်းကနေ အခုချိန်အထိ ဘယ်ပဲသွားသွား Band Shirt အနက်ရောင်နဲ့ လွင့်နေတာမျိုးပေါ့။
၃။ စိတ်ဓာတ်ခိုင်မာတယ်။
အနက်ရောင်ချစ်သူတွေက သူတို့ဖြစ်ချင်တဲ့အရာကို စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ အကောင်းဆုံးအကောင်အထည်ဖော်နိုင်ကြပြီး ဒီအတွက်လည်း ဘယ်သူ့ကိုမှ မမှီခို အားမကိုးကြပါဘူး။ နောက်ပြီး အနက်ရောင်ကြိုက်တဲ့သူတွေက ရမ်းကားတယ်၊ သောင်းကျန်းတယ်ဆိုတာမျိုးလည်း မရှိပါဘူး။ သူတို့ကိုယ်သူတို့ရော၊ သူတို့ပတ်ဝန်းကျင်ကိုပါ ကောင်းကောင်းထိန်းချုပ်နိုင်ကြသူတွေပါ။
၄။ Introvert တွေ မဟုတ်ပေမယ့်လည်း …
အနက်ရောင်ချစ်သူတွေက Introvert တွေ မဟုတ်ပေမယ့် သူတို့ဘဝနဲ့ပတ်သက်တဲ့အရာအသေးစိတ်ကို ဂရုစိုက်ကြပြီး သူတို့ရဲ့အားနည်းချက်တွေနဲ့ ပတ်သက်လို့ အခြားသူတွေကို ထုတ်ပြောတာမျိုးလည်း လုပ်လေ့မရှိပါဘူး။
၅။ ရည်မှန်းချက်တွေရှုပ်ထွေးနေတယ်။
ဖြစ်ချင်တာတစ်ခုကို သိသွားရင် အစွမ်းကုန်အားထုတ်နိုင်ပေမယ့် များသောအားဖြင့် သူတို့ရဲ့ ရည်မှန်းချက်တွေက ရှုပ်ထွေးနေပြီး အတွင်းစိတ်ထဲမှာကိုက သူတို့ကိုယ်တိုင် ဘာဖြစ်ချင်လို့ဖြစ်ချင်နေမှန်း မသိတာမျိုးပေါ့။
၆။ ပြီးပြည့်စုံမှုကို ရှာဖွေကြတယ်။
အနက်ရောင်ကြိုက်တဲ့သူအများစုက သူတို့ရဲ့ဘဝမှာ ဘယ်လောက်ပဲ အောင်မြင်နေပါစေဦး၊ ကျေနပ်ရောင့်ရဲမှုမရှိဘဲ ပြီးပြည့်စုံမှုဆိုတဲ့အရာကိုပဲ ရှာဖွေလေ့ရှိပါတယ်တဲ့။ ဒါပေမယ့် သူတို့အတွက်လည်း ဘယ်အရာကမှ ပြီးပြည့်စုံသွားတယ်လို့ မခံစားရပါဘူး။
အနက်ရောင်ချစ်သူလေးတို့ရေ…။ တချို့လူတွေကတော့ အနက်ရောင်ကို မုန်းကြသလို အနက်ရောင်ဝတ်တဲ့သူတွေကိုလည်း “သူတို့က ဘာလဲဟ” ဆိုပြီးကြည့်တတ်ကြပါတယ်။ ဒါက ဘာအရေးလဲ??? လူတစ်ကိုယ် အကြိုက်တစ်မျိုးပဲလေ။ အဓိကအရေးကြီးတာက သင်နှစ်သက်ရာကို သင်ကိုယ်တိုင်ဝတ်ဆင်ဖို့ပဲ လိုတာပေါ့။ အက်ဒ်မင်လည်း အနက်ရောင်ချစ်သူပဲလေ။ တခြားသူတွေရဲ့ အမြင်ကို အမြဲတမ်းဂရုစိုက်နေစရာမှမလိုတာ။
#HM
#LifestyleMyanmar
Source: mikolmarmi, verywellmind