စိတ်အပန်းလည်းပြေပြီး သင့်ရဲ့ ဖန်တီးမှုဉာဏ်ကို ပံ့ပိုးပေးမဲ့ ဝါသနာ ( ၄ ) ခု
sayar.com.mm
|
2020-11-25

စိတ်အပန်းလည်းပြေပြီး သင့်ရဲ့ ဖန်တီးမှုဉာဏ်ကို ပံ့ပိုးပေးမဲ့ ဝါသနာ ( ၄ ) ခု


လူတိုင်းမှာ ဝါသနာတစ်ခုတော့ အနည်းဆုံး ရှိကြမှာပါ။ ဘာဝါသနာပဲ ဖြစ်ဖြစ် စိတ်ကို အပန်းပြေစေတာတော့ အမှန်ပါပဲ။ ဒါပေမယ့် စိတ်အပန်းလည်းပြေ ၊ ကိုယ့်ရဲ့ ဖန်တီးမှုလည်းပါလို့ရမယ့် ဝါသနာဆိုရင် ပိုကောင်းမှာပါ။ ခုလို ကိုဗစ်ကာလမှာဆို ရင် ဆယ်ကျော်သက်တော်တော်များများ Tik Tok လိုမျိုး Social Platform တစ်ခု ကို အသုံးချပြီး သူတို့ရဲ့ ဝါသနာလေးတွေကို ဖန်တီးဉာဏ်အားကောင်းကောင်းနဲ့ ချပြလာကြတာ အားလုံးအမြင်ပဲ ဖြစ်ပါတယ် ။


ဒီလို စိတ်အပန်းပြေမှု ရသတစ်ခု ကို ဖန်တီးရပြီး သင့်ကိုရော သင့်ပတ်ဝန်းကျင်ကိုပါ စိတ်ချမ်းမြေ့စေနိုင်တဲ့ ဝါသနာ ( ၄ ) ခု ကတော့


(၁) ဓါတ်ပုံပညာ




ကင်မရာတစ်လုံးက အံ့ဖွယ်မှတ်တမ်းတစ်ခု ၊ အနုပညာဖန်တီးစက်တစ်ခု ပါ။ ဓါတ်ပုံပညာဟာ ခလုတ်ကလေးနှိပ်တတ်ရုံဆိုတာထက် အများကြီး နက်နဲတဲ့ ပညာဖြစ်ပါတယ်။ ကင်မရာအတတ်ပညာဟာ လူတစ်ယောက်ရဲ့ ခံစားမှုရသကို အကောင်းဆုံးပုံဖော်နိုင်တဲ့အပြင် ဓါတ်ပုံဝါသနာအိုးတွေဟာ တစ်ခြားသူတွေထက် ပိုပြီး ပျော်ရွှင်တတ်ကြပါတယ်။ သူတို့ရဲ့ ဓာတ်ပုံတွေက သူတို့ရဲ့ ခံစားမှုရသအပြင် သူတို့ရဲ့ ဖန်တီးနိုင်မှုစွမ်းအားကိုလည်း ချပြနိုင်ပါသေးတယ် ။


(၂) ဥယျာဉ်စိုက်ခြင်း




သစ်ပင်လေးတွေ ကိုယ်တိုင်စိုက်ကြည့်ပါ။ သစ်တောသစ်ပင်ပြုစုစိုက်ပျိုးခြင်း အတတ်ပညာဟာ သဘာဝကြီးနဲ့ အနီးစပ်ဆုံး ရောက်ရှိစေတဲ့ ဝါသနာတစ်ခုပါပဲ။ ကိုယ်စိုက်ထားတဲ့ အပင်လေးတွေကို ပြုစုနေရတာဟာ စိတ်လည်း ချမ်းသာသလို ကိုယ်လည်း ကျန်းမာစေပါတယ်။ ဒါ့အပြင် သင့်ရဲ့ ပတ်ဝန်းကျင် ကို ပါ တစ်ဖက်တစ်လမ်း က ပံ့ပိုးပေးမှု တစ်ခု ဖြစ်တာကြောင့် ဥယျာဉ်စိုက်ခြင်း က တကယ့်ကို တန်ဖိုးရှိတဲ့ ဝါသနာတစ်ခုပါ ။


(၃) မှတ်တမ်းရေးခြင်း




ခု ၂၀၂၀ နှစ်ကုန်ပိုင်းလောက် မှာ Journaling ပြန်ခေတ်စားလာပါတယ် ။ Journaling ဆိုတာ ကိုယ့်ရဲ့ အားသာချက် ၊ အားနည်းချက် အစရှိသဖြင့် ကိုယ်နဲ့ပတ်သက်သမျှ အရာတိုင်းကို မှတ်တမ်းတင်ခြင်း ပဲ ဖြစ်ပါတယ် ။ ဒိုင်ယာရီအမျိုးအစားဆိုပေမဲ့ သူက ပိုပြီး ဖန်တီးမှုအင်အား ပါဝင်သလို Self-Esteem ( ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်း ) ကို မြင့်စေသလို Positive Vibes ကို လည်း ဖြစ်စေပါတယ် ။ ဒီလို မှတ်တမ်းရေးခြင်းဟာ ဦးနှောက်ရဲ့ စွမ်းအားကို လှုံ့ဆော်ပေးနိုင်သလို ပျော်စရာလည်း ကောင်းပါတယ်။ စာရေးတဲ့ ဝါသနာဟာ ဘာကုန်ကျစရိတ်မှ မရှိပါဘူး။ ဘောပင်တစ်ချောင်း ၊ စာအုပ်တစ်အုပ်နဲ့ တင် လုံလောက်ပါတယ်။


(၄) ပန်းချီဆွဲခြင်း


ပန်းချီဝါသနာပါတဲ့သူတွေဟာ တကယ့်ကို စိတ်ရဲ့ ခိုလှုံရာကောင်းရထားတာပါပဲ။ ပန်းချီကားချပ်တွေ ရေးဆွဲသူဟာ စိတ်နှလုံးငြိမ်မွေ့ပြီး ကာတွန်းဆွဲသူတွေကတော့ အမြဲပျော်ရပါတယ်။



ဒီဝါသနာလေးတွေက သင့်ကို စိတ်အပန်းလည်း ပြေစေပြီး သင့်ရဲ့ ဖန်တီးမှုဉာဏ်စွမ်းကို မြင့်တင်ပေးမဲ့ ဝါသနာတွေ ဖြစ်ပါတယ် ။ ဒီ ကိုဗစ်ကာလ မှာ အားလုံးပဲ ကိုယ်ဝါသနာပါရာ တွေ လုပ်ရင်း ပျော်ရွှင်ဖွယ်ရာအချိန်တွေ ပိုင်ဆိုင်နိုင်ကြပါစေ ။



စိတ်အပန်းလည်းပြေပြီး သင့်ရဲ့ ဖန်တီးမှုဉာဏ်ကို ပံ့ပိုးပေးမဲ့ ဝါသနာ ( ၄ ) ခု


လူတိုင်းမှာ ဝါသနာတစ်ခုတော့ အနည်းဆုံး ရှိကြမှာပါ။ ဘာဝါသနာပဲ ဖြစ်ဖြစ် စိတ်ကို အပန်းပြေစေတာတော့ အမှန်ပါပဲ။ ဒါပေမယ့် စိတ်အပန်းလည်းပြေ ၊ ကိုယ့်ရဲ့ ဖန်တီးမှုလည်းပါလို့ရမယ့် ဝါသနာဆိုရင် ပိုကောင်းမှာပါ။ ခုလို ကိုဗစ်ကာလမှာဆို ရင် ဆယ်ကျော်သက်တော်တော်များများ Tik Tok လိုမျိုး Social Platform တစ်ခု ကို အသုံးချပြီး သူတို့ရဲ့ ဝါသနာလေးတွေကို ဖန်တီးဉာဏ်အားကောင်းကောင်းနဲ့ ချပြလာကြတာ အားလုံးအမြင်ပဲ ဖြစ်ပါတယ်။


ဒီလို စိတ်အပန်းပြေမှု ရသတစ်ခု ကို ဖန်တီးရပြီး သင့်ကိုရော သင့်ပတ်ဝန်းကျင်ကိုပါ စိတ်ချမ်းမြေ့စေနိုင်တဲ့ ဝါသနာ ( ၄ ) ခု ကတော့


(၁) ဓါတ်ပုံပညာ



ကင်မရာတစ်လုံးက အံ့ဖွယ်မှတ်တမ်းတစ်ခု ၊ အနုပညာဖန်တီးစက်တစ်ခု ပါ။ ဓါတ်ပုံပညာဟာ ခလုတ်ကလေးနှိပ်တတ်ရုံဆိုတာထက် အများကြီး နက်နဲတဲ့ ပညာဖြစ်ပါတယ်။ ကင်မရာအတတ်ပညာဟာ လူတစ်ယောက်ရဲ့ ခံစားမှုရသကို အကောင်းဆုံးပုံဖော်နိုင်တဲ့အပြင် ဓါတ်ပုံဝါသနာအိုးတွေဟာ တစ်ခြားသူတွေထက် ပိုပြီး ပျော်ရွှင်တတ်ကြပါတယ်။ သူတို့ရဲ့ ဓာတ်ပုံတွေက သူတို့ရဲ့ ခံစားမှုရသအပြင် သူတို့ရဲ့ ဖန်တီးနိုင်မှုစွမ်းအားကိုလည်း ချပြနိုင်ပါသေးတယ် ။


(၂) ဥယျာဉ်စိုက်ခြင်း




သစ်ပင်လေးတွေ ကိုယ်တိုင်စိုက်ကြည့်ပါ။ သစ်တောသစ်ပင်ပြုစုစိုက်ပျိုးခြင်း အတတ်ပညာဟာ သဘာဝကြီးနဲ့ အနီးစပ်ဆုံး ရောက်ရှိစေတဲ့ ဝါသနာတစ်ခုပါပဲ။ ကိုယ်စိုက်ထားတဲ့ အပင်လေးတွေကို ပြုစုနေရတာဟာ စိတ်လည်း ချမ်းသာသလို ကိုယ်လည်း ကျန်းမာစေပါတယ်။ ဒါ့အပြင် သင့်ရဲ့ ပတ်ဝန်းကျင် ကို ပါ တစ်ဖက်တစ်လမ်း က ပံ့ပိုးပေးမှု တစ်ခု ဖြစ်တာကြောင့် ဥယျာဉ်စိုက်ခြင်း က တကယ့်ကို တန်ဖိုးရှိတဲ့ ဝါသနာတစ်ခုပါ ။


(၃) မှတ်တမ်းရေးခြင်း


ခု ၂၀၂၀ နှစ်ကုန်ပိုင်းလောက် မှာ Journaling ပြန်ခေတ်စားလာပါတယ် ။ Journaling ဆိုတာ ကိုယ့်ရဲ့ အားသာချက် ၊ အားနည်းချက် အစရှိသဖြင့် ကိုယ်နဲ့ပတ်သက်သမျှ အရာတိုင်းကို မှတ်တမ်းတင်ခြင်း ပဲ ဖြစ်ပါတယ် ။ ဒိုင်ယာရီအမျိုးအစားဆိုပေမဲ့ သူက ပိုပြီး ဖန်တီးမှုအင်အား ပါဝင်သလို Self-Esteem ( ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်း ) ကို မြင့်စေသလို Positive Vibes ကို လည်း ဖြစ်စေပါတယ် ။ ဒီလို မှတ်တမ်းရေးခြင်းဟာ ဦးနှောက်ရဲ့ စွမ်းအားကို လှုံ့ဆော်ပေးနိုင်သလို ပျော်စရာလည်း ကောင်းပါတယ်။ စာရေးတဲ့ ဝါသနာဟာ ဘာကုန်ကျစရိတ်မှ မရှိပါဘူး။ ဘောပင်တစ်ချောင်း ၊ စာအုပ်တစ်အုပ်နဲ့ တင် လုံလောက်ပါတယ်။


(၄) ပန်းချီဆွဲခြင်း



ပန်းချီဝါသနာပါတဲ့သူတွေဟာ တကယ့်ကို စိတ်ရဲ့ ခိုလှုံရာကောင်းရထားတာပါပဲ။ ပန်းချီကားချပ်တွေ ရေးဆွဲသူဟာ စိတ်နှလုံးငြိမ်မွေ့ပြီး ကာတွန်းဆွဲသူတွေကတော့ အမြဲပျော်ရပါတယ်။



ဒီဝါသနာလေးတွေက သင့်ကို စိတ်အပန်းလည်း ပြေစေပြီး သင့်ရဲ့ ဖန်တီးမှုဉာဏ်စွမ်းကို မြင့်တင်ပေးမဲ့ ဝါသနာတွေ ဖြစ်ပါတယ် ။ ဒီ ကိုဗစ်ကာလ မှာ အားလုံးပဲ ကိုယ်ဝါသနာပါရာ တွေ လုပ်ရင်း ပျော်ရွှင်ဖွယ်ရာအချိန်တွေ ပိုင်ဆိုင်နိုင်ကြပါစေ ။




Some text some message..