ရန်ကုန်မြို့ ရဲ့ အကောင်းဆုံး Spa များ
yathar.com
|
2020-11-26

တစ်နေ့လာလည်း အလုပ်တွေ၊ နောက်တစ်နေ့လည်း stress တွေနဲ့ ပိနေတဲ့ workaholic အချော လေးတို့အတွက် ရန်ကုန်မြို့ရဲ့ Spa သွားလို့ကောင်းတဲ့ နေရာတစ်ချို့ကို ပြောပြချင်တယ်။ ဘယ် spa က အကောင်းဆုံးလို့ rating လုပ်ထားတာမဟုတ်ဘဲ သွားမိလို့ ကြိုက်မိတဲ့ Spa လေးတွေကို ညွှန်းလိုက်ပါတယ်နော်။ ORO Beauty & Spa Lounge
နေရာလေးက အေးအေးချမ်းချမ်းလေးနဲ့ မိသားစုလိုက်၊ သူငယ်ချင်းတွေစုပြီး သွားရင်အဆင်ပြေတယ်။ service ပေးတာလည်း အဆင်ပြေ၊ နှုန်းထားလည်း မဆိုးဘူး။ ကြိုက်မိတာက Aromatherapy Oil Massage လေး။ လုပ်ပြီးတာနဲ့ သိသိသာသာကိုထူးတယ်။ ဒါလေးကိုတော့ must try ပါလို့။Spa Flamingo
Cuccio body treatment လေး မဆိုးဘူး။ တစ်ခါဆို ဆိုသလောက် အသားအရည်ကြည်လာပါတယ်။ သူတို့ဆိုင်မှာ နောက်နာမည်ကြီးတာက Austrian Red Wine Spa လို့တော့ပြောတယ်။ နောက်တစ်ခေါက်သွားမှပဲ try ကြည့်ဦးမယ်။SENSE Spa
Traditional သီးသန့်မျိုးလေးရှာနေရင်၊ Pro ကျတဲ့ ရိုးရာအနှိပ်သီးသန့်နဲ့ Stress ပြေပျောက်ဖို့ ဒီ ထိုင်းရိုးရာအနှိပ်သီးသန့်လေးကို ညွှန်းချင်ပါတယ်။Sweet By Tokyo – Spa & Beauty Care
သူက Japanese Luxury spa လေး။ တောအုပ်လေးထဲမှာ relax လုပ်နေရသလိုခံစားမိတဲ့ ဖီလင်လေးကို အရမ်းကြိုက်။ သူကတော့ အမျိုးသမီးသီးသန့်ဆိုင်လေးပါ။Clean & Detox SPA
Back shoulder က ဝက်ခြံကြီးတွေ သူနဲ့မှ ပျောက်သွားတာ။ Surcb, peeling, waxing အစုံ ရတယ်။ အသားအရည်ကြည်ကြည်လေးဖြစ်ချင်ရင်တော့ ဒီ Clean & Detox SPA ကိုလည်း မမေ့သင့်ဘူးလားလို့လေ။


The post

ရန်ကုန်မြို့ ရဲ့ အကောင်းဆုံး Spa များ first appeared on

yathar Magazine .




Some text some message..