
လမ်းခွဲပြီးသား Ex နဲ့ လမ်းမှာတွေ့ရင် ဘယ်လိုတုန့်ပြန်တတ်ပါသလဲ။ ခပ်တည်တည်နဲ့ ရှောင်သွားတာလား၊ ဒါမှ မဟုတ် စကားပြောနှုတ်ဆက်တာလား၊ သူ့ကို မြင်တာနဲ့ ရင်တုန်ပြီး ထွက်ပြေးတာလား။ မတွေ့နိုင်ဘူးဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ တစ်ရက်မဟုတ် တစ်ရက်ကတော့ ဆုံနိုင်ပါတယ်။ ဒါကြောင့် ဒီလိုမျိုး Ex နဲ့ တွေ့ရင် ဘယ်လို တုန့်ပြန်ရမလဲဆိုတဲ့ နည်းလမ်းအချို့ကို ပြောပြပေးလိုက်ပါတယ်နော်။
၁။ စိတ်တည်ငြိမ်အောင်ထားပါ။
Ex နဲ့ တွေ့တာပဲ စာမေးပွဲမှာတွေ့တဲ့ ဆရာမလိုမျိုး ရင်တုန်နေစရာမလိုပါဘူး။ ဘယ်လို လူနဲ့ တွေ့တွေ့ စိတ်ကို ငြိမ်အောင်ထားပါ။ စိတ်တည်ငြိမ်နေတယ်ဆိုရင် ရည်းစားဟောင်းမကလို ဘယ်သူပဲ ဖြစ်နေပါစေ အရာရာကို အေးဆေးစွာ ဖြတ်ကျော်နိုင်မှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ စိတ်လှုပ်ရှားပြီး အယောင်ယောင်အမှားမှားဖြစ်နေတယ်ဆိုရင် သူ့ကို သံယောဇဉ်မပြတ်လို့ ဆိုတာ ဖြစ်နိုင်တာကြောင့် ကိုယ့်စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်မယ်ဆိုရင် သူမရှိလည်း အဆင်ပြေတယ်ဆိုတာမျိုးဖြစ်သွားတာကြောင့် ခံရခက်တဲ့ ခံစားချက်မျိုး ရသွားစေနိုင်ပါတယ်။
၂။ စကားကို အကြာကြီးမပြောပါနဲ့။
Ex ကို တွေ့ရင် စကားလုံးဝမပြောဘဲ ရှောင်ထွက်တာမျိုးမလုပ်ပါနဲ့။ သူနဲ့ မျက်နှာချင်မဆိုင်နိုင်ဘူးလို့ ထင်သွားတတ် ပါတယ်။ ဒါကြောင့် နှုတ်ဆက်လိုက်ပါ။ စကားစမြည်အနည်းငယ်ပြောပြီး ထွက်သွားလိုက်ပါ။ သူတို့နဲ့ စကားအကြာကြီးပြောမိရင် သံယောဇဉ်မပြတ်သေးလို့ လို အထင်ခံရနိုင်ပါတယ်။ ဒါကြောင့် အကြာကြီးစကားမပြောပါနဲ့။
၃။ သဝန်တိုတာမျိုးမလုပ်ပါနဲ့။
Exက သူမှာ ချစ်သူအသစ်လဲ ရနေနိုင်ပါတယ်။ နှစ်ယောက်လုံးနဲ့ ခင်တဲ့ သူငယ်ချင်းနဲ့ တွေ့ရင်တော့ ဟန်ဆောင်ပြီး နှုတ်ဆက်စကားကတော့ ပြောရမှာပါပဲ။ လူတိုင်းကတော့ သူက Exလို့ ပြောလိုက်ရင် သူတို့ချစ်သူကို အရမ်းချစ်တဲ့ ပုံစံမျိုး ဖန်တီးပြတတ်ကြပါတယ်။ ဒါကို သဝန်တိုတာမျိုးလုပ်လိုက်ရင် ကိုယ့်ဘက်က အရှုံးဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် သူတို့ကိုလည်း အခြားသော မသိတဲ့သူလိုမျိုး မျက်ကွယ်ပြုလိုက်ပါ။ ဒါဆိုရင် ကိုယ့်Role ကို မြှင့်ပြီးသားဖြစ်သွားပါတယ်။
၄။ ကိုယ့်ကိုယ်ကို Confidence ရှိပါ။
ကိုယ့်ကိုယ်ကို Confidence ရှိဖို့ လိုအပ်ပါတယ်။ ဒါမှ ဘယ်လိုလူနဲ့ တွေ့ပါစေ အေးဆေးဖြတ်ကျော်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ရည်းစားဟောင်းနဲ့ တွေ့တဲ့အခါ ရင်တွေခုန်၊ ချွေးစီးတွေထွက်၊ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေတယ်ဆိုရင် ကိုယ့်အရှုံးဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို Confidence ရှိဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။