
လောကကြီးမှာ အသက်ရှင်နေထိုင်ရတာ ကိုယ်တစ်ယောက်တည်း ဖြစ်နေပါလားဆိုတဲ့ စိတ်ခံစားချက်မျိုးကို စိတ်ဓာတ်ကျနေတဲ့အချိန်၊ အထီးကျန်တဲ့ အချိန်မျိုးတွေမှာ တော်တော်များများ ခံစားဖူးကြမှာပါ။ အဲဒီအချိန်ကျရင် လူတော်တော်များများဟာ အိမ်မှာပဲနေပြီး ငါ့အနားမှာ ဘယ်သူမှမရှိပါလား၊ ငါတစ်ယောက်တည်း အထီးကျန်ဆန်လိုက်တာ အစရှိသဖြင့် တွေးနေတတ်ကြပါတယ်။ တစ်ချို့တော်တော်လေးကို စိတ်ခံစားချက် ပြင်းထန်တဲ့လူတွေဆိုရင် လောကမှ အသက်ရှင်ရတာ ဘာအဓိပ္ပာယ်မှ မရှိဘူးဆိုပြီး ကိုယ့်ကိုယ်ကို သတ်သေတာမျိုးတွေ ပြုလုပ်တတ်ကြပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ တစ်ယောက်တည်း အထီးကျန်နေတဲ့ အချိန်တွေမှာ စိတ်ဓာတ်တွေပြန်လန်းဆန်းလာအောင် ဘယ်လိုနေထိုင်သင့်လဲဆိုတဲ့ နည်းလမ်းလေး ၅ ခုကို ပြောပြပေးသွားချင်ပါတယ်။

Pixabay-StockSnap
၁။ စာအုပ်ဖတ်ပါ
စာအုပ်ဖတ်တာဟာ တစ်ကယ်ကိုကောင်းတဲ့ အလေ့အကျင့်တစ်ခုပါ။ စာအုပ်ဖတ်နေကျလူတွေသာ စာအုပ်ဖတ်တဲ့ အရသာကို ကောင်းကောင်းကြီး သိကြပါတယ်။ အထူးသဖြင့် တစ်ယောက်တာည်း အထီးကျန်နေတဲ့ အချိန်မျိုးတွေမှာ စာအုပ်တွေကိုသာ အဖာ်လုပ်ကြည့်ပါ။ အဲဒီလို စာအုပ်တွေကို အဖော်လုပ်ခြင်းရဲ့ အကျိုးကျေးဇူးကို အချိန်ခဏအတွင်း သိရှိလာပါလိမ့်မယ်။
၂။ တစ်ယောက်တည်း ခရီးထွက်ကြည့်ပါ
လူတိုင်းကတော့ ခရီးသွားရင် အနည်းဆုံး အဖော်တစ်ယောက်ပါမှ သွားတတ်ပါတယ်။ ဒါ့ကြောင့် တစ်ယောက်တည်း အထီးကျန်နေတယ်လို့ ခံစားနေရတဲ့ အချိန်တွေမျိုးမှာ တစ်ယောက်တည်း ခရီးထွက်ကြည့်လိုက်ပါ။ အဖော်တွေနဲ့ ခရီးထွက်တဲ့ ခံစားချက်မျိုးနဲ့ တစ်ယောက်တည်း ခရီးထွက်တဲ့ ခံစားချက် ၂ ခုက အရသာ လုံးဝမတူပါဘူး။ တစ်ယောက်တည်း နားအေးပါးအေးနဲ့ သဘာဝတရားကြီးကို အပြည့်အဝခံစားပြီး ခရီးသွားကြည့်လိုက်ပါ။ အဲဒီလို တစ်ယောက်တည်း ခရီးထွက်နေတဲ့ အချိန်မျိုးဆိုရင် သင့်စိတ်တွေက လုံးဝကို လန်းဆန်းတက်ကြွနေပါလိမ့်မယ်။

Pixabay-Free-Photos
၃။ သီချင်းနားထောင်ပါ
သီချင်းနားထောင်တာဟာ ကိုယ့်ရဲ့စိတ်တွေကို လန်းဆန်းတက်ကြွပြီး အထီးကျန်စိတ်ကို ကင်းဝေးစေပါတယ်။ တစ်ယောက်တည်း အထီးကျန်ဆန်နေတဲ့ အချိန်တွေမျိုးမှာ နားကြပ်လေးတက်ပြီး ကိုယ်အရမ်းကြိုက်တဲ့ သီချင်းတွေကို playlist လုပ်ကာ အိပ်ရာပေါ်မှာ အိပ်ပြီး နားထောင်ကြည့်လိုက်ပါ။ ကျိန်းသေအိပ်ပျော်သွားမှာပါ။ အိပ်ရာက နိုးလာရင်တော့ သင့်စိတ်ဟာ မအိပ်ခင်က အချိန်တွေထက် စိတ်ဓာတ်တွေ လန်းနေ်းတက်ကြွနေပါလိမ့်မယ်။
၄။ အားရပါးရချွေးတွေထွက်လာတဲ့အထိပြေးကြည့်ပါ
ဒီလိုမျိုးနည်းလမ်းကလည်း စိတ်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ exercise တစ်ခုပါ။ စိတ်ညစ်တဲ့ အချိန်တွေ၊ စိတ်ဓာတ်ကျတဲ့ အချိန်တွေ၊ အထီးကျန်ဆန်ဖြစ်နေတဲ့ အချိန်တွေမျိုးမှာ လေ့ကျင့်ခန်းလုပ်ကြည့်ပါ။ ဥပမာ- ပြေးတဲ့ လေ့ကျင့်ခန်းမျိုးပေါ့။ အားရပါးရ ကိုယ့်စိတ်က သတ်မှတ်ထားတဲ့ နေရာတစ်ခုအထိ ပြေးကြည့်ပါ။ ချွေးတွေ ရွှဲနစ်နေတဲ့အထိ ပြေးကြည့်ပါ။ လုံးဝကို စိတ်က ပေါ့ပါးလန်းဆန်းသွားပါလိမ့်မယ်။

Pixabay-Pexels
၅။ တရားထိုင်ကြည့်ပါ
တရားထိုင်တာဟာ လူတိုင်း လုပ်ကြည့်သင့်ပါတယ်။ ကိုယ်စိတ်ထဲမှာ အထီးကျန်ဆန်တဲ့ ခံစားချက်တွေ၊ စိတ်ဓာတ်ကျတဲ့ ခံစားချက်မျိုးတွေဟာ ကိုယ့်စိတ်နဲ့ပဲ ဆိုင်တာပါ။ ကိုယ့်စိတ်ကို ကောင်းကောင်းမထိန်းချုပ်နိုင်သေးလို့ပါပဲ။ ဒါေ့ကြာင့် တရားထိုင်ပြီး ကိုယ့်စိတ်ကို တည်ငြိမ်အောင်လုပ်ပါ။ ထိုင်ထိုင်ချင်းမှာတော့ စိတ်ကို ချက်ချင်းထိန်းချုပ်နိုင်ဖို့ မလွယ်ပါဘူး။ ဒါပေမမယ့် အချိန် တစ်ခုအထိကြာလာရင်တော့ စိတ်ကို သူ့အလိုလို ထိန်းချုပ်သွားနိုင်မှာပါ။
phk