ကလေးတွေရဲ့ချစ်စရာအကောင်းဆုံးအချိန်က စကားတီတီတာတာပြောတတ်တဲ့အချိန်ပါပဲ။ မပီကလာအသံလေးတွေဟာ အရမ်းကိုချစ်ဖို့ကောင်းသလို မြင်သမျှကိုမေးတတ်တဲ့ စူးစမ်းချင်စိတ်လေးတွေဟာလည်း အသည်းယားဖို့ကောင်းပါတယ်။ ဖေဖေနဲ့မေမေက သြဇီမှာ ကျောင်းတက်နေရတာဖြစ်လို့ ဖိုးဖိုး ဘွားဘွားနဲ့ပဲအနေများတဲ့ Liam လေးဟာ ဒီအဖိုးနဲ့ ဒီအဘွားကိုပဲ အချွဲပိုနေခဲ့ပါတယ်။
အဖိုး အဘွားတွေကလည်း ဒီချစ်စရာမြေးလေးကိုပဲကြည့်ရင်း နေ့ရက်တွေကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေခဲ့ကြပါတယ်။ သမီးကြီးလေးရဲ့ ချစ်စရာအနှစ်လေးဟာ အဖိုး အဘွားတွေရဲ့ အသက်ရှည်ဆေးလေးပါပဲ။ ချစ်စရာကလေးလေးက အဘွားကိုအပြင်ထွက်ချင်လို့ ချစ်တယ်ဆိုပြီး တီတီတာတာပြောနေပုံက ချစ်စရာကောင်းလွန်းပါတယ်။
ဘယ်ထဲကချစ်တာလဲဆို ဗိုက်ထဲကလို ကလေးတွေရဲ့ထုံစံအတိုင်းဖြေတတ်တာလေးကလည်း အသည်းယားစရာပါ။ ဖိုးဖိုးကလည်း ဒီမြေးလေးကိုကြည့်ပြီး သိပ်ချစ်နေခဲ့ပါတယ်။ တစ်မိသားစုလုံးရဲ့ဆည်းလည်းလေးဟာ တဖြေးဖြေးနဲ့အရွယ်ရောက်လာခဲ့ပြီး တစ်နိုင်ငံလုံးရဲ့ အချစ်တော်လေးဖြစ်လာခဲ့ပါတယ်။ Liam လေးရဲ့ ဗီဒီ.ိူလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။
Happy – Cele Zone
Photo – May Thu