မာနကြီးတဲ့ မိန်းကလေးလို့ အထင်ခံရတဲ့ နောက်ကွယ်က အကြောင်းအရင်းများ
auntymay.com
|
2020-12-21

မိန်းကလေးတွေက တခြားသူတွေရဲ့ အမြင်တွေနဲ့ ပတ်သတ်ပြီး အကြောင်းတစ်ခုခုနဲ့အတူ အပြောခံကြရလေ့ ရှိပါတယ်။ အဲ့ဒီထဲမှာမှ တစ်ချို့မိန်းကလေးတွေက မာနကြီးပါတယ်ဆိုတဲ့ ဂုဏ်ပုဒ်ကို အတပ်ခံကြရတာမျိုးလည်း ရှိနေပါတယ်။ မာနကြီးတယ်ဆိုတဲ့ စကားလုံးကို များသောအားဖြင့် မကောင်းတဲ့အချက်လို ပြောကြတာမျိုး ဖြစ်ပါတယ်။ ဒီလိုမျိုး မာနကြီးတယ်လို့ အထင်ခံရတဲ့ မိန်းကလေးတွေကတော့ ဒီအချက်တွေကြောင့် ဖြစ်နေကြတာ ဖြစ်ပါတယ်။


(၁) ကိုယ့်စိတ်အတိုင်း နေတယ်

သူတို့တွေမှာ တွေ့ရတဲ့အချက်က ကိုယ့်စိတ်ဆန္ဒကို ကိုယ် အလေးပေးတာပဲ ဖြစ်ပါတယ်။ တခြားသူတွေကို အမြဲငဲ့ကြည့်ပြီး အပြောအဆို၊ အနေအထိုင် ဆင်ခြင်နေတာမျိုး သူတို့မှာ မရှိပါဘူး။ သူတို့က မနှစ်သက်ရင် မနှစ်သက်ဘူးဆိုတာကို ပြောပြီး ကြိုက်တဲ့အခါ ကြိုက်ကြောင်း ပြောတတ်ကြပါတယ်။ အားနာတတ်ပေမယ့် အရမ်းကြီး လောကွတ်ချော်တာမျိုးလည်း သူတို့မှာ မတွေ့ရတတ်ပါဘူး။


pexels-pixabay


(၂) တသီးတသန့်ဆန်တယ်

မာနကြီးတဲ့ အထင်ခံရတဲ့ ထိပ်ဆုံး အချက်တစ်ခုက တသီးတသန့် နေတတ်တာပဲ ဖြစ်ပါတယ်။ ရင်းနှီးပြီးသား သူငယ်ချင်းတွေနဲ့ ရင်းရင်းနှီးနှီးနေကြပေမယ့်လည်း လူစိမ်းတွေနဲ့ ပတ်သတ်ပြီး ကင်းကင်းနေကြလေ့ ရှိပါတယ်။ အထူးသဖြင့်က လူတိုင်းနဲ့ လွယ်လွယ် မရောတတ်တာမျိုးနဲ့ မရောချင်တာမျိုး ဖြစ်ပါတယ်။ ဒီအတွက် သူတို့က မာနကြီးတယ်လို့ ယူဆခံရတတ်ပါတယ်။


Photo by Kampus Production from Pexels


(၃) အသန့်ကြိုက်တယ်

တစ်ချို့မိန်းကလေးတွေကတော့ အနေအထိုင်က သပ်ရပ်သလို အသန့်အပြန့် ကို ကြိုက်ကြပါတယ်။ အဝတ်မှာ စွန်းပေတာမျိုး မဖြစ်အောင် သတိထားသလို ကိုယ့်ပစ္စည်းမှာ ဖုန်တွေ ကပ်နေတာ၊ တစ်ခုခု ညစ်ပေသွားမှာ စသဖြင့် မကြိုက်ကြတဲ့ သူတွေ ဖြစ်ပါတယ်။ ဆိုင်တွေမှာ ထိုင်ရင်တောင် စားပွဲကို နောက်တစ်ခေါက် သုတ်ပစ်တာ၊ ဖန်ခွက်ကို ရေကျင်းပြီး တစ်သျှူးနဲ့ ပြန်သုတ်တာ စသဖြင့် လုပ်တတ်ကြပါတယ်။ ဒီလို အသန့်ကြိုက်တဲ့ ကောင်မလေးတွေကလည်း ကြီးကျယ်တယ်ဆိုတာနဲ့အတူ မာနကြီးတယ်ဆိုပြီး အသတ်မှတ်ခံရတတ်ပါတယ်။


Photo by Amina Filkins from Pexels


(၄) တည်တယ်

ယဉ်ကျေးမှု မရှိတာမျိုးတော့ မဟုတ်ပေမယ့် အနေတည်ကြတဲ့သူတွေ ရှိပါတယ်။ သူတို့ကို ကြည့်လိုက်ရင် ရုပ်တည်နဲ့ ဖြစ်နေပြီး မျက်နှာက ပေါ့ပါးမှု မရှိသလိုမျိုး ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် လူတွေက ရှိန်ကြသလို တချို့တွေက ဒီလို အနေတည်တာကြောင့် မာနကြီးတယ်လို့ ထင်နေကြပါသေးတယ်။


Photo by Elizaveta Dushechkina from Pexels


(၅) အရည်အချင်း ရှိတယ်

တော်တဲ့ မိန်းကလေးအများစုက မာနကြီးတယ်လို့ ပြောဆိုတာကို ခံကြရပါတယ်။ တော်တဲ့ မိန်းကလေးအများစုက အာရုံစူးစိုက်မှုလည်း ကောင်းသလို သူတို့ ကြိုးစားနေတဲ့ အရာတွေမှာ ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်လာအောင် လုပ်တတ်ကြပါတယ်။ ဒီအတွက် သူတို့တွေက သူတို့ ကြိုးစားတဲ့ အရာကလွဲရင် ဘေးပတ်ဝန်းကျင်ကို သိပ် အများကြီး အာရုံမရောက်တတ်ကြပါဘူး။ ဒီလိုမျိုး အချက်ကြောင့် မာနကြီးတယ်လို့ အထင်ခံကြရတာ ဖြစ်ပါတယ်။

Kham




Some text some message..