Relationship တစ်ခုမှာရှိဖို့လိုတဲ့အဓိကအရေးအကြီးဆုံးအရာ ၅ ခု
mystylemyanmar.com
|
2020-12-25

Relationship တစ်ခုမှာ အဓိက အရေးအကြီးဆုံးကတော့ ဒီအရာ ၅ ခု ရှိနေဖို့ပဲ လိုပါတယ်။ ဒါတွေရှိနေရင်တော့ အဆင်ပြေတဲ့၊ သာယာပျော်ရွှင်တဲ့ Relationship တစ်ခုကို ရမှာပါ။


သစ္စာရှိဖို့




Relationship တစ်ခုမှာ သစ္စာရှိဖို့ကတော့ ပထမဆုံးနဲ့ အရေးအကြီးအရာတစ်ခုပါပဲ။ သစ္စာရှိမှလည်း ကျန်တာတွေ အဆင်ပြေမှာပါ။ ဘယ်လောက်ပဲ အဆင်ပြေပြီး ပျော်ရွှင်နေပါစေ၊ သစ္စာမရှိရင်တော့ ဒါတွေအကုန်လုံး ပျက်စီးသွားမှာပါပဲ။


Respect




Relationship တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် Respect ရှိဖို့လည်း လိုပါတယ်။ စကားအပြောအဆိုဆင်ခြင်ဖို့၊ နားလည်မှုရှိပြီး Respect ထားတတ်မှ အဆင်ပြေပါမယ်။


ယုံကြည်မှု




Relationship တစ်ခုမှ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုမရှိရင် ခဏခဏရန်ဖြစ်စကားများမှာပါပဲ။ ယုံကြည်မှုမရှိပဲ သံသယများတဲ့သူအတွက်ကလည်း အမြဲပူလောင်နေမယ်။ ယုံကြည်မှုမခံရတဲ့ တစ်ဖက်လူအတွက်ကလည်း ကြာရင် စော်ကားခံရသလိုဖြစ်လာမယ်။ ပေါက်ကွဲလာပါမယ်။


လွတ်လပ်ခွင့်




ရည်းစားဖြစ်သွားတာနဲ့ ဒီလူငါပိုင်ပြီဆိုပြီး ချုပ်ချယ်ချင်တိုင်းချုပ်ချယ်လို့ မရပါဘူး။ Control လုပ်လို့မရပါဘူး။ လွတ်လပ်ခွင့်ပေးဖို့ လိုပါတယ်။ ကိုယ့်ကိုလည်း အချိန်ပေးထားပြီးပြီဆိုရင် သူ့အတွက်လည်း သူစိတ်ပျော်ရွှင်တဲ့အရာလုပ်ဖို့၊ တစ်ယောက်ထဲနေဖို့ လွတ်လပ်ခွင့်ပေးရပါမယ်။


Support




Relationship တစ်ခုမှာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် Support လုပ်ပေးတာက တကယ်ကိုကြည်နူးစရာကောင်းပါတယ်။ အချစ်တွေလည်း ပိုတိုးစေပါတယ်။ ယုံကြည်မှုတွေ၊ သံယောဇဉ်တွေလည်း ပိုဖြစ်မိလာပါလိမ့်မယ်။

photo source: www.freepik.com




Some text some message..