မိခင်တိုင်း 4D Ultrasound ဘာကြောင့်ရိုက်သင့်တယ်ဆိုတဲ့အကြောင်းကို သူမရဲ့အတွေ့အကြုံနဲ့ယှဉ်ပြီး ပြောပြခဲ့တဲ့ မေမေမိုးယုစံရဲ့ဗီဒီယို
celezone.net
|
2020-12-28



ဒုတိယရင်သွေးလေးကိုလွယ်ထားရတဲ့ မေမေမိုးယုတစ်ယောက် သားလေးကိုယ်ဝန် (၂၉) ပတ်ကျော်လာခဲ့ပြီးနောက် သားလေးကိုမြင်တွေ့ချင်တာကြောင့် 4D Ultrasound ရိုက်ခဲ့ပါတယ်။ ဗိုက်ထဲကရင်သွေးလေးရဲ့ ခပ်ပြုံးပြုံးပုံလေးတွေကိုတွေ့ပြီး မေမေကတော့ အရမ်းကိုပျော်နေခဲ့ပါတယ်။ သူမကိုယ်တိုင် 4D Ultrasound ရိုက်ပြီးနောက်မှာတော့ ဘာကြောင့် 4D Ultrasound ရိုက်သင့်တယ်ဆိုတာကို မေမေတွေကို သေချာရှင်းပြခဲ့ပါတယ်။




Ultrasound ရိုက်တယ်ဆိုတာက သားလေးလား သမီးလေးလားသိဖို့ထက် ဗိုက်ထဲက ကလေးလေးက ဘယ်လိုအနေအထား ဖြစ်တယ်ဆိုတာရယ် ကလေးနေလို့အဆင်ပြေရဲ့လား ဆိုတာတွေရယ်ကို အဓိကထားပြီးကြည့်ကြတာဖြစ်ပါတယ်။ 4D Ultrasound မှာတော့ တကယ့်ကို အသေးစိတ်မြင်တွေ့ရတာဖြစ်ပြီး ကလေးရဲ့အခြေအနေကိုလည်း အတိအကျသိနိုင်ပါတယ်။




ကလေးရဲ့ကောင်းတာ ဆိုးတာတွေအားလုံးကို အသေအချာမြင်တွေ့ရတာမို့ မိဘတွေအနေနဲ့ လိုအပ်တာတွေ ကြိုပြီးပြင်ဆင်ထားနိုင် ပါတယ်။ 4D ultrasound ရိုက်ခဲ့တဲ့သူမရဲ့အတွေ့အကြုံနဲ့ အော်စတင်လေးမွေးတုန်းက အတွေ့အကြုံတွေကို ” 4Dultrasound ဘာလို့ရိုက်သင့်လဲဆိုတာ မိုးယုသိသလောက် မေမေတွေတွက်ဗဟုသုတရအောင် ဝေမျှထားပါတယ် ” ဆိုပြီး ဗီဒီယိုလေးနဲ့ သေချာရှင်းပြခဲ့တာမို့ မေမေလောင်းတို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။


Happy – Cele Zone
Photo – Moe Yu San




Some text some message..