
Relationship တစ်ခုမှာ အချိန်ကြာလာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက် ပိုပိုပြီးတော့ သံယောဇဉ်ဆိုတာ ဖြစ်လာတတ်ကြသလို သံယောဇဉ်တွေလည်း တိုးလာတတ်ကြပါတယ်။ အဲဒီသံယောဇဉ်တွေရဲ့နောက်ကွယ်မှာ စိုးရိမ်ပူပန်မှုတွေ၊ ပူလောင်ရတာတွေ၊ မွန်းကြပ်ရတာတွေ အစရှိတာတွေပါ ကပ်ပါလာတတ်ကြပါတယ်။ ကိုယ့်ချစ်သူကောင်လေးကို ဆက်မတွဲချင်တော့ပေမယ့် သံယောဇဉ်ရှိနေတာကြောင့် ဒီအတိုင်းပဲ ဆက်ပြီးတွဲဖြစ်နေတဲ့ ပျိုမေတွေရှိသလို ဒီလိုတွဲရင်းနဲ့ပဲ အိမ်ထောင်ကျသွားတတ်တဲ့ အမျိုးသမီးတွေလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် တွဲနေရေင်း အချိန်ကြာလာတာနဲ့အမျှ ကိုယ့်ချစ်သူကောင်လေးရဲ့ အကျင့်ဆိုးတွေကို သိလာတဲ့ ချစ်သူပျိုမေတွေလည်း ရှိပါတယ်။ အဲဒီလိုသိလာတာနဲ့အမျှ ကိုယ့်စိတ်က ၂ ခွ ဖြစ်လာတတ်ပါတယ်။ ဆက်တွဲရမှာလည်း အဆင်မပြေ၊ ဖြတ်ပစ်လိုက်ရမှာကျပြန်တော့လည်း သံယောဇဉ်တွေကရှိနေပြန်တေ့ တော်တော်လေးကို အခက်တွေ့ရပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ လုံးဝကို ဆက်မတွဲပဲနဲ့ လက်လွှတ်သင့်လိုက်သင့်တဲ့ ချစ်သူယောကျာ်းလေး အမျိုးအစား ၄ မျိုးအကြောင်းကို ပြောပြပေးချင်ပါတယ်။

Pixabay-nastya_gepp
၁။ တာဝန်ယူမှု ကင်းမဲ့တဲ့ ချစ်သူမျိုး
အရာရာတိုင်းမှာ တာဝန်ယူမှု တာဝန်ခံမှု ရှိတတ်တဲ့ ယောက်ျားလေးကသာ အကောင်းဆုံးပါပဲ။ မဟုတ်ပဲ သူလုပ်တဲ့ ကိစ္စတိုင်းက ကိုယ်က အမြဲတမ်းနောက်က လိုက်ပြီးဖြေရှင်းပေးနေရတာမျိုးတွေ၊ သူလုပ်ထားတဲ့ ကိစ္စတွေ အဆင်မပြေရင် အမြဲလိုလို ကိုယ့်အပေါ် ပုံချတတ်တဲ့ ယောကျာ်းလေးမျိုးတွေဆိုရင်တော့ ဆက်မတွဲတာ အကောင်းဆုံးပါပဲ။ တစ်ချို့ကိစ္စတွေမှာ ကိုယ်ပြုလုပ်ထားပြီး တာဝန်ယူမှု ကင်းမဲ့တဲ့ ယောကျာ်းလေးမျိုးဟာ တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ်။
၂။ အလုပ်မရှိ အကိုင်မရှိပဲ အချိန်ဖြုန်းနေတတ်တဲ့ ချစ်သူမျိုး
ယောက်ျားလေးတစ်ယောက်ဟာ အလုပ်အကိုင်ရှိမှ ကြည့်လို့ကောင်းတာပါ။ အလုပ်အကိုင်လည်းမရှိ၊ အရည်အချင်းလည်း မရှိပဲ မိဘလုပ်စာထိုင်စားနေတတ်တဲ့ ယောကျာ်းလေးတစ်ယောက်ကို ကိုယ့်ဘဝလက်တွဲဖော်အဖြစ် စိတ်တောင် မကူးမိပါစေနဲ့။ ကိုယ်က အရမ်းချစ်လို့ ယူလိုက်ရင်လည်း တစ်သက်လုံးကိုယ့်ရဲ့လုပ်စာကို ထိုင်စားနေပြီး အများအမြင်မှာ လုံးဝမသင့်တော်တဲ့ မိန်းမထမီအနားခိုစားတဲ့ ယောကျာ်းတစ်ယောက် ဖြစ်နေမှာကြောင့်ပါပဲ။

Pixabay-lannyboy89
၃။ ပြောတုန်းခဏ၊ ပြီးတာနဲ့ ကိုယ်လုပ်ချင်ရာလုပ်တတ်တဲ့ ချစ်သူမျိုး
ကိုယ်မကြိုက်တဲ့ အရာတစ်ခုကို ပြောပြတဲ့အချိန်မှာ ကိုယ့်ကောင်လေးက အဲဒီအကြောင်းကို ပြီးအောင်နားမထောင်သေးပဲ နောက်တစ်ခါမလုပ်တော့ပါဘူးဆိုတဲ့ ကတိကို လွယ်လွယ်ပေးတတ်ရင် အဲဒီလိုယောက်ျားမျိုးဟာ ကတိကို အမြဲလိုလို အလွယ်တကူပေးတတ်တဲ့ ယောကျာ်းလေးမျိုးပါပဲ။ အဲဒီလိုချစ်သူယောကျာ်းမျိုးတွေဟာ ယုံကြည်စရာမကောင်းသလို သူတို့ပေးတဲ့ကတိကိုလည်း တည်အောင် မစောင့်ထိန်းတတ်ကြပါဘူး။ ပြီးတာနဲ့ သူတို့လုပ်ချင်ရာလုပ်၊ ကိုယ်သိသွားရင်တောင်းပန်၊ ပြီးရင်ပြန်လုပ် အဲဒီလိုပုံစံမျိုးနဲ့ပဲ တစ်သက်လုံးသံသရာလည်နေမယ့် ယောကျာ်းမျိုးတွေပါ။
၄။ ဖောက်ပြန်တတ်တဲ့ ချစ်သူမျိုး
ကိုယ်ချစ်သူယောကျာ်းလေးတစ်ယောက် ဖောက်ပြန်ရင်တော့ ဘယ်မိန်းကလေးမှ မကြိုက်ပါဘူး။ ဒါပေမယ့် ကိုယ့်မှာ သူကိုလည်းချစ်တာကြောင့် ဘာမှမပြောပဲ ခွင့်လွှတ်လိုက်ရတဲ့ အခိုက်အတန့်တွေ မိန်းကလေးတော်တော်များများမှာ ရှိတတ်ပါတယ်။ ဒါပေမယ့် ဒီလိုယောက်ျားတွေကို ဆက်တွဲသွားဖို့ မစဉ်းပဲနဲ့ ဖြတ်ချလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ တစ်ခါဖောက်ပြန်ဖူးတဲ့ ယောက်ျားတစ်ယောက်ဟာ နောက်တစ်ခါဖောက်ပြန်တတ်ဖို့ ဝန်မလေးတတ်တာကြောင့်ပါပဲ။ သူသာကိုယ့်ကို တစ်ကယ်ချစ်ရင် နောက်ထပ်မိန်းမတစ်ယောက်ဆိုတာ ပေါ်လာမှာ မဟုတ်ပါဘူး။

Pixabay-Tumisu
phk