မေမေခိုင်သင်းကြည်ရဲ့ တစ်ဦးတည်းသောသမီးလေး ထိပ်ထိပ်ဟာ မေမေ့လိုပဲထူးချွန်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ဖို့အတွက် အစွမ်းကုန်ကြိုးစားနေခဲ့ပါတယ်။ ကိုယ်ရတဲ့ အနုပညာကြေးတွေကိုစုပြီး (၁၈) နှစ်ပြည့်မွေးနေ့မှာ ငွေကျပ် (၁၈) သိန်း လှူဒါန်းနိုင်ခဲ့ပါ တယ်။ အသက်ငယ်ငယ်နဲ့ အောင်မြင်တဲ့ကလေးတစ်ယောက်ဖြစ်နေတာဟာ မိဘတွေအတွက်တော့ ဂုဏ်ယူစရာပါပဲ။
ဖခင်ရဲ့လုပ်ငန်းကိုလည်းစိတ်ဝင်စားပြီး အလုပ်ကိုလိုက်သွားတိုင်းမသိတာတွေကို သိတဲ့သူတွေဆီက သင်ယူလေ့လာဖြစ်တဲ့ အကြောင်း ထိပ်လေးကပြောပြခဲ့ပါသေးတယ်။ အသက်ငယ်ပေမယ့် မိဘတွေအားကိုးရတဲ့သမီးလေးတစ်ယောက်ဖြစ်အောင် ကြိုးစားတဲ့အပြင် မေမေ့ခြေရာနင်းနိုင်ဖို့အတွက်လည်း အကောင်းဆုံးလှုပ်ရှားနေသူလေးပါ။
ဖေဖေ မေမေတို့ရဲ့ကောင်းမွန်တဲ့ပျိုးထောင်မှုတွေအောက်မှာ ထူးချွန်တဲ့သမီးလေးအဖြစ် ကြီးပြင်းလာခဲ့ပြီး အဖက်ဖက်က ထူးချွန်အောင်ပံ့ပိုးပေးနိုင်တဲ့မိဘတွေကလည်း တော်လွန်းသူတွေပါပဲ။ အလှအပကိုလည်းဂရုစိုက်သလို အလုပ်ကိုလည်းကြိုးစားတဲ့ ထိပ်ထိပ်လေးနဲ့ ချစ်စဖွယ်ပုံလေးတွေကို ဝေမျှပေးလိုက်ပါတယ်။
Happy – Cele Zone
Photo – San Htate Htar Oo