ကောင်လေးတစ်ယောက် သတိပြုမိလာအောင် attention ဘယ်လိုရှာမလဲ?
lifestylemyanmar.com
|
2021-01-18



ကောင်လေးတစ်ယောက်ကို သတိထားမိအောင်လုပ်ခြင်းက အမျိုးသမီးတစ်ဦးဖြစ်ရခြင်းနဲ့ ပတ်သတ်တဲ့ စိတ်ရှုပ်စရာ အကောင်းဆုံးအရာတွေထဲက တစ်ခုဖြစ်နိုင်ပါတယ်။ သင်ဟာ သင့် crush ဆီက အာရုံစိုက်မှုကို ရယူပြီး သူသတိပြုမိစေချင်ရင် ဒီအကြံပြုချက် (၆)ခုကို အသုံးပြုကြည့်နိုင်ပါတယ်။

၁။ Social media ပေါ်မှာဆက်သွယ်ပါ

ယနေ့ခေတ်မှာ လူတိုင်းက ဖုန်းအဆက်မပြတ်သုံးနေကြတာကြောင့် သင့်ရဲ့ crush ကို သူငယ်ချင်းဖြစ်ဖို့ တောင်းဆိုခြင်း(သို့) သူ့ကို ဆိုရှယ်မီဒီယာမှာ follow လုပ်ထားခြင်းက သူ့အာရုံကို ဖမ်းစားဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ သူ့ကို follow လုပ်ထားရင် သင့်ကိုပြန်ပြီး follow လုပ်မယ့်အခွင့်အလမ်းရှိပါတယ်။ သူက သင့်ကို ပြန်ပြီး follow မလုပ်ဘူး၊ သင့်ရဲ့ friend request ကိုအလိုအလျောက် လက်မခံဘူးဆိုရင်တောင် သူ့ပုံတွေကို Like ပေးတာဖြစ်ဖြစ်၊ သူ့ပို့စ်တစ်ခုခုမှာ ကွန့်မန့်ပေးတာပဲဖြစ်ဖြစ် သူနဲ့ engage လုပ်ဖို့ ကြိုးစားပါ။ တစ်ချိန်ချိန်မှာ သင့်ကို သတိပြုမိလာပါလိမ့်မယ်။




၂။ သင်စိတ်အားထက်သန်နေတဲ့ အရာတစ်ခုခုအကြောင်း သူတို့ကို ပြောပြပါ

သူတို့ရဲ့ဝါသနာနှင့် စိတ်အားထက်သန်မှုအကြောင်း ပွင့်ပွင့်လင်းလင်းပြောပြတတ်တဲ့ မိန်းကလေးတွေက ပိုပြီးဆွဲဆောင်မှုရှိကြတယ်လို့ အမျိုးသားတွေ မှတ်ယူကြပါတယ်။ သူ့ရဲ့သိချင်စိတ်တွေ အထွတ်အထိပ်ရောက်လာအောင် ကြိုးစားပါ။ သို့သော် ကိုယ့်အကြောင်း အများကြီးမပြောမိစေဖို့ ကြိုးစားပါ။ သူကော ဘာတွေစိတ်ဝင်စားလဲဆိုတာ မေးဖို့ မမေ့ပါနဲ့။ ဒါက သင့် crush ကို သူ့ရဲ့စိတ်ဝင်စားမှုတွေအကြောင်း ပြောပြဖို့ လွတ်လပ်တယ်လို့ ခံစားရစေမယ့် conversation ကောင်းရှိလာပါလိမ့်မယ်။




၃။ ယုံကြည်မှုရှိရှိနဲ့ ဝတ်စားဆင်ယင်ပါ

ကိုယ့်ကိုယ်ကို ချစ်သလို ဝတ်စားဆင်ယင်တာက ကိုယ်ဝတ်ချင်တဲ့အရာကို ဝတ်တယ်၊ ကိုယ်ဘယ်လို ဝတ်စားဆင်ယင်ချင်တယ်လို့ ဆိုလိုတာပါ။ ဒါက sexy ဝတ်ဖို့လိုတယ်လို့ မဆိုလိုပါဘူး။ လူတိုင်းမှာ ကိုယ်ပိုင်စတိုင်ရှိပါတယ်။ ဆံပင်ကို ထူးခြားတဲ့ ပုံစံလေးပြုလုပ်မယ်၊ သင့်မိတ်ကပ်အပြင်အဆင်ကို အသစ်အဆန်းလေးလုပ်ကြည့်မယ်ဆိုရင် သူ့ကို သင့်မှာ confident ရှိတယ်လို့ ထင်မြင်စေနိုင်ပါတယ်။ သင်ဝတ်ဆင်တဲ့အရာက သက်တောင့်သက်သာရှိပြီး သင့်ကို ကိုယ်စားပြုကြောင်း သေချာစေဖို့လည်း အရေးကြီးပါတယ်။ ကိုယ့်ရဲ့အသွင်အပြင်နဲ့ စတိုင်ကို ယုံကြည်မှုရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ အများကြားထဲမှာ ထင်ရှားပေါ်လွင်နိုင်ပါတယ်။




၄။ သူနဲ့ မျက်လုံးချင်းဆုံပါ

သင့်ရဲ့ crush နဲ့ မျက်လုံးချင်းဆုံခြင်းက ယုံကြည်မှုရှိရုံသာမက သူ့ကို ဆွဲဆောင်စေတဲ့ non-verbal အချက်ပြတစ်ခုဖြစ်ပါတယ်။ သူ့အကြောင်းပြောပြနေတဲ့အခါမျိုးမှာ သူ့မျက်လုံးတွေကို ကြည့်နေမိပေမယ့် ထူးဆန်းဖွယ်(သို့) စိုးရိမ်ထိတ်လန့်ဖွယ်နည်းလမ်းနဲ့ မဟုတ်ဘူးဆိုရင် သင်က တစိုက်မက်မက် အာရုံစိုက်ပေးကြောင်း သူသိပါလိမ့်မယ်။ ၎င်းက လူတွေအား အချစ်ကိုခံစားရစေတဲ့ phenylethylamine လို့ခေါ်တဲ့ ကယ်မီကယ်ကို ထုတ်လုပ်ပါတယ်။

၅။ ပြုံးပါ

အပြုံးလှတဲ့ အမျိုးသမီးတစ်ယောက်ကို အမျိုးသားတွေ သတိထားမိတတ်ကြပါတယ်။ လေ့လာမှုများအရ ပြုံးတဲ့သူတွေဟာ မပြုံးတဲ့သူတွေထက် ပိုပြီး ဆွဲဆောင်မှုရှိတယ်လို့ မြင်ကြကြောင်း ဖော်ပြထားပါတယ်။ ပြုံးခြင်းက အမျိုးသားတွေအတွက် နွေးထွေးမှု၊ ဖော်ရွေမှုနှင့် ပျော်ရွှင်မှုကို ခံစားရစေပါတယ်။




၆။ သူ့ကို ချီးမွမ်းပါ

အထူးသဖြင့် သင့်ကို သူတို့သတိထားမိအောင် ကြိုးစားတဲ့အခါမှာ တစ်စုံတစ်ယောက်ကို ချီးမွမ်းပေးတာက နည်းနည်းတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် သင်ရိုးသားနေသမျှ ကာလပတ်လုံး ရိုးစင်းတဲ့ ချီးမွမ်းမှုက တာရှည်ခံနိုင်ပါတယ်။ အဓိကအချက်က သင်ဟာ ဟန်ဆောင်ခြင်းတွေ မပါဘဲ သူ့ကို အာရုံစိုက်စေဖို့ပါ။ စိတ်ရင်းမှန်နဲ့ မြှောက်ပင့်တဲ့ စကားလုံးတွေက အမျိုးသားတစ်ယောက်ရဲ့ အာရုံကို ဆွဲဆောင်ဖို့ ခရီးရောက်ပါတယ်။ အမျိုးသားတွေက ချီးမွမ်းခံရတာကို နှစ်သက်ကြပါတယ်။ အလွန်အကျွံတော့ မလုပ်ပါနဲ့။ သင့်ရဲ့ စစ်မှန်မှုကို ပျက်ပြားစေပါလိမ့်မယ်။

Lifestyle_Myanmar
LM_Nanadar


Source- yourtango




Some text some message..