၂၀၂၁ မှာ ထီပေါက်ငွေဝင်နိုင်တဲ့ ရာသီခွင်များ
lotaya.mpt.com.mm
|
2021-01-20



တကယ်လို့ ခင်ဗျားဟာ အောက်ဖော်ပြပါ ရာသီခွင်တွေစာရင်းမှာ ပါဝင်နေမယ် ဆိုရင်တော့ ဒီနှစ် ၂၀၂၁ မှာ ထီပေါက်ကိန်း ၊ ငွေအစုလိုက်အပုံလိုက် ဝင်ကိန်း ရှိနေတယ်လို့ မှတ်ပါ။ ငွေဝင်ကိန်း ရှိတဲ့၊ ငွေကြေးကံဇာတာ ပိုကောင်းနိုင်တဲ့ နှစ်ဖြစ်လို့ လစဉ် ထီထိုးတာအပါအဝင် တခြားဝင်ငွေရလမ်း ပေးနိုင်မယ့် ကံစမ်းဉာဏ်စမ်း ကိစ္စတွေကိုလည်း လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ထီပေါက်ငွေဝင်နိုင်သူတွေကတော့….

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်း မွေးဖွားသူများ)

တစ်နှစ်တာလုံးမှာ ငွေကြေးစီးပွားလာဘ်လာဘနဲ့ ပတ်သက်လို့ ကံကောင်းတတ်ပါတယ်။ အရင်နှစ်တွေထက် ပိုပြီး ဝင်ငွေတိုးလာနိုင်သလို ထီပေါက်ကိန်းလည်း ရှိနေပါတယ်။ ကိုယ့်စိတ်ကူးနဲ့ ထီထိုးတာအပြင် အိပ်မက် ရတာ၊ ဘာသာရေးပုဂ္ဂိုလ်တွေက ချီးမြှင့်တာမျိုးကနေလည်း ငွေဝင်ထီပေါက်တတ်ပါတယ်။ ဖေဖော်ဝါရီလ၊ မေ ၊ သြဂုတ်နဲ့ နိုဝင်ဘာလတွေမှာ ငွေကြေးကံ ပိုအားကောင်းတဲ့အတွက် ကံစမ်းဉာဏ်စမ်းတွေ လုပ်ကြည့်ပေးပါ။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အတွင်း မွေးဖွားသူများ)

ပြိဿတွေက မကာရတွေလောက် ငွေကံ အားမကောင်းပေမယ့် ဒီနှစ်ထဲမှာတော့ ဝင်ငွေလမ်းကြောင်းသစ်တွေ ပွင့်လာပြီး အလုပ်အကိုင်တွေလည်း ထူးခြားကောင်းမွန်လာတတ်ပါတယ်။ အမွေအနှစ် ရတာမျိုးအပြင် အလုပ်၊ စီးပွားဘက်ကနေ အကျိုးအမြတ် ကြီးကြီးမားမား ဝင်လာနိုင်ပါတယ်။ ဘာသာရေးအလုပ်တွေ ပိုအားစိုက်ဖြစ်ရင် ဒီနှစ်မှာ ကံပိုကောင်းတတ်ပါတယ်။ မတ် ၊ မေ ၊ သြဂုတ် ၊ အောက်တိုဘာလတွေမှာ ငွေကံကောင်းနိုင်ပါတယ်။




ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်း မွေးဖွားသူများ)

ဒီနှစ်မှာ အလုပ်အကိုင် အခွင့်အလမ်းကောင်း ရတတ်တဲ့ ကန်ရာသီဖွားတွေဟာ ငွေကြေးပိုင်းမှာလည်း ကံတွေ ပိုကောင်းလာနိုင်ပါတယ်။ ပုံမှန်ဝင်ငွေလမ်းကြောင်းအပြင် တစ်မူထူးခြားတဲ့ ငွေကြေးဆိုင်ရာ အခွင့်အရေးတွေပါ ရရှိလာတတ်ပါတယ်။ ခေတ်မီနည်းပညာတွေနဲ့လည်း ငွေရလမ်းကို ဖော်ဆောင်နိုင်ပါလိမ့်မယ်။ ငွေကံထူးနိုင်တဲ့ လတွေကတော့ မတ်နဲ ဧပြီလကြား ၊ မေ ၊ သြဂုတ်နဲ့ စက်တင်ဘာကြားကာလတွေပဲ ဖြစ်ပါတယ်။

ဖော်ပြပါ ရာသီခွင် (၃) ခုအပြင် ကုမ်၊ မေထုန် နဲ့ တူ ရာသီဖွားတွေကလည်း ငွေကြေးနဲ့ ပတ်သက်ရင် ကံတွေ ပို ကောင်းမယ့် အလားအလာ ရှိနေပါတယ်။ ကံတရားက အခွင့်အရေး ပေးထားချိန်မှာ ကိုယ့်ဘက်ကလည်း မပျက်မကွက် ကံစမ်းကြည့်ကြဖို့ နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်။

နှစ်သစ်မှာ ငွေကြေးကံကောင်းခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ

ဧက (ဗေဒင်သုတ)

#lotaya_horoscope


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..