
တကယ်တမ်းတော့ ချစ်သူသမီးရည်းစားတွေကြားမှာ ဖောက်ပြန်တယ်ဆိုတာ ကောင်းတဲ့အလုပ်တော့ မဟုတ်ပါဘူး။ ဖောက်ပြန်မှုတွေကို ပျမ်းမျှကြည့်လိုက်မယ်ဆိုရင် အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုများပါတယ်။ အဲဒီလို အမျိုးသားတွေ ဖောက်ပြန်တဲ့ အချိန်မျိုးမှာ အမျိုးသမီးတော်တော်များများဟာ ဖောက်ပြန်တာကို သိသိရက်နဲ့ အရှက်တကွဲ အကျိုးနည်းဖြစ်မှာဆိုးလို့ မသိချင်ယောင်ဆောင်နေရတဲ့ အခိုက်အတန့်တွေ ရှိသလို တစ်ချို့အမျိုးသမီးတွေကျပြန်တော့လည်း ကိုယ့်ချစ်သူ ဒါမှမဟုတ် ကိုယ့်ခင်ပွန်းဖြစ်သူ ဖောက်ပြန်တာကို လုံးဝမသိတဲ့ အမျိုးသမီးမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ အမျိုးသားအများစု ဖောက်ပြန်တဲ့အခါမှာ ဘယ်လိုမျိုးပုံစံတွေ ဖြစ်ပြီး ပြောင်းလဲသွားကြလဲဆိုတာလေးတွေကို ပြောပြပေးချင်ပါတယ်။

Pixabay-sasint
၁။ ကိုယ့်အပေါ် အရင်ကလောက် နွေးထွေးမှုမရှိတော့ပါဘူး
ကိုယ့်ချစ်သူ ဖောက်ပြန်နေမှန်း အသိသာဆုံး တစ်ခုကတော့ ကိုယ့်ကို အရင်ကလောက် နွေးနွေးထွေးွေး မဆက်ဆံတော့တာပါပဲ။ အချိန်ပြည့် စကားများရန်ဖြစ်နေပြီး တစ်ခုခုဆို လမ်းခွဲဖို့အကြောင်းကိုပဲ ဦးတည်ပြောဆိုနေရင်တော့ သင့်ချစ်သူဟာ ဖောက်ပြန်နေတယ်ဆိုတာ သေချာ သလောက် ရှိနေပြီပဲ ဖြစ်ပါတယ်။
၂။ အလုပ်ကိစ္စတွေက အရင်ကထက်ပိုများပြီး အိမ်ပြန်နောက်ကျတတ်လာမယ်
တစ်ကယ် အလုပ်ကိစ္စရှိလို့ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ယောက်ရဲ့ ပုံစံနဲ့ အလုပ်ကိစ္စကို အကြောင်းပြပြီး ကိုယ်လုပ်ချင်ရာလုပ်တဲ့ အမျိုးသားတစ်ယောက်ရဲ့ ပုံစံက အကွာကြီးပါ။ အဓိကကတော့ ကိုယ်က ကြည့်တတ်ဖို့ လိုပါတယ်။ ကိုယ်ကြည့်တတ်ရင်တော့ ကြည့်တတ်သလို မြင်လာမှာ အမှန်ပါပဲ။

Pixabay-Takmeomeo
၃။ တစ်ခုခုဆိုရင် စိတ်မရှည်ပဲ အော်ငေါက်တတ်လာမယ်
ကိုယ့်အပေါ်တစ်ကယ်ချစ်ပြီး သစ္စာရှိတဲ့ ယောကျာ်းလေးတစ်ယောက်ဟာ ချစ်သူမိန်းကလေးတစ်ယောက်အပေါ်ကို အကြောင်းကိစ္စကြီးကြီးမားမား မရှိပဲ မအော်ငေါက်တတ်ပါဘူး။ စိတ်အခန့်မသင့်လို့ အော်ငေါက်ရင်တောင်မှ သူစိတ်ပြေသွားတဲ့ အခါမျိုးမှာ သူတို့ချစ်သူကောင်မလေးကို ချက်ချင်းပြန်ချော့ပြီး တောင်းပန်လေ့ရှိပါတယ်။ ဖောက်ပြန်နေပြီး တစ်ခြားမိန်းကလေးတစ်ယောက်အပေါ်မှာ စိတ်ရောက်နေတဲ့ ချစ်သူယောကျာ်းလေးမျိုးကတော့ ဘာအကြောင်းမှ မရှိပဲ ကိုယ်နဲ့စကားပြောနေရင်း စိတ်မရှည်လို့ အော်ငေါက်တာမျိုးတွေ၊ အချိန်ပြည့်ဆူဆဲကြိမ်းမောင်းနေတဲ့ အပြုအမူမျိုးတွေကို ပြုလုပ်လေ့ ရှိပါတယ်။
၄။ ဆင်ခြေဆင်လက်ပေါင်းစုံနဲ့ အပြင်မှာပဲ ရှိနေတဲ့ အချိန်တွေက များလာမယ်
အမြဲလိုလို သူငယ်ချင်းတွေနဲ့ ချိန်းထားလို့၊ အလုပ်ကလူတွေနဲ့ သွားသောက်လို့၊ အိမ်က မောင်နှမတွေနဲ့ အပြင်သွားလို့၊ အိမ်က ဘာခိုင်းထားလို့ ညာခိုင်းထားလို့ အစရှိတဲ့ ဆင်ခြေတွေနဲ့ သင့်ချစ်သူဟာ အပြင်မှာရောက်နေတယ်ဆိုရင်တော့ သူ့မှာ နောက်တစ်ယောက် ရှိနေတာ ကျိန်းသေသလောက် ဖြစ်သွားပါပြီ။ တစ်ခါနှစ်ခါ လောက်က ကိစ္စမဟုတ်ပေမယ့် တစ်နေ့တစ်မျိုး အကြောင်းကိစ္စပေါင်းစုံနဲ့ နေ့စဉ်ရက်ဆက် အပြင်ရောက်နေရင်တော့ ဒီအတိုင်း မလွှတ်ထားတာ အကောင်းဆုံးပါပဲ။

Pixabay-StockSnap
phk