အသက် (၂၆) နှစ်အရွယ် မိခင်တစ်ယောက်ရဲ့ လှပနုပျိုမှုတွေနဲ့ အပျော်ရွှင်ရဆုံးမွေးနေ့လေးကို ဖြတ်သန်းခဲ့တဲ့ မြတ်ရတနာကျော်
celezone.net
|
2021-01-22
မေမေမြတ်ဟာဒီနေ့မှာ အသက် (၂၆) နှစ်ပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒီအသက်အရွယ်မှာ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့ပြီး မိခင်ဘဝမှာ သမီးလေးရဲ့မျက်နှာကိုကြည့်ပြီး အေးချမ်းနေခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူကလည်း သူမကို ဂရုစိုက်ပြီးသိပ်ချစ်သလို သမီးလေးသုံးယောက်လုံးကိုလည်း လိုလေသေးမရှိအောင် စောင့်ရှောက်ပေးခဲ့ပါတယ်။
မိသားစုသုံးယောက်အတူ ပျော်ပျော်ပါးပါးဖြတ်သန်းခဲ့တဲ့ အမှတ်ရလေးတွေကိုလည်း မကြာခဏဆိုသလို လူမှုကွန်ရက်မှာဝေမျှ ပေးခဲ့ပြီး ပရိသတ်တွေကလည်း ဒီလိုပျော်စရာ အခိုက်အတန့်လေးတွေကို သဘောတကျနဲ့အားပေးကြပါတယ်။ ကိုယ်ပိုင်လုပ်ငန်းမှာ လည်း အောင်မြင်နေသလို အနုပညာလမ်းကြောင်းပေါ်မှာလည်း နေရာတစ်ခုပိုင်ပိုင်နိုင်နိုင်ရထားတဲ့ အာဘွိုင်းဟာ မိသားစုအတွက်လည်း တကယ့်ကိုယောကျာ်းကောင်းတစ်ယောက်ပါ။
ချစ်ဇနီးလေးကိုလည်း အမြတ်တနိုးတန်ဖိုးထားပြီးချစ်ပေးသလို လိုချင်တာလေးတွေကိုလည်း မကြာခဏဆိုသလို Surprise လေးတွေလုပ်ပြီး လက်ဆောင်ပေးတတ်ပါသေးတယ်။ ဒီလိုခင်ပွန်းရဲ့ အေးချမ်းတဲ့အရိပ်မှာ ခိုလှုံနေရပြီး ပျော်ရွှင်ရတဲ့မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတဲ့ မြတ်ရဲ့နေ့ရက်တွေဟာ သာယာပျော်ရွှင်ရလွန်းလို့ တစ်နေ့တခြားပိုလှလာတာပါ။ Happy Birthday ပါ မြတ်ရေ။
Happy – Cele Zone
Photo – Myat Yadanar Kyaw
#မိသားစု
#ခင်ပွန်း
#သမီးလေး
#ကိုယ်ပိုင်လုပ်ငန်း
#ယောက်လုံး
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ
စတင်အသုံးပြုမည်