ဘယ်ယောင်္ကျားလေးမှ မငြင်းဆန်နိုင်တဲ့ မိန်းကလေးတွေရဲ့ ဆွဲဆောင်မှု(၆)မျိုး
auntymay.com
|
2021-01-24

မိန်းကလေးတွေက တကယ်ဆွဲဆောင်ရင် သည်းခံနိုင်တဲ့ ယောင်္ကျားလေးဆိုတာ ရှားတယ်လို့ ပြောလေ့ ရှိကြတာကို ကြားဖူးကြမှာပါ။ တစ်ချို့ကလည်း ယောင်္ကျားလေးတွေက အားနာလို့ ဆွဲဆောင်ခံရတာ စသဖြင့် ပြောဆိုတာမျိုးလည်း ရှိပါတယ်။ ဒါပေမယ့်လည်း တချို့သော စိတ်ပညာရှင်တွေကတော့ မိန်းကလေးတွေရဲ့ ဒီလို ဆွဲဆောင်မှုမျိုးကို ဘယ်ယောင်္ကျားလေးမှ မရှောင်ဖယ်ထွက်နိုင်ကြဘူးလို့ ဆိုပါတယ်။ အဲ့ဒါတွေကတော့….


(၁) အကြည့်

ကောင်လေးတွေက သူတို့ကို နက်နက်ရှိုင်းရှိုင်းကို ကြည့်နေတဲ့ အကြည့်ပိုင်ရှင် မိန်းကလေးကိုလည်း မလွန်ဆန်ကြပါဘူးလို့ ဆိုကြပါတယ်။ ကိုယ့်ကို စိုက်ပြီး ကြည့်နေတာက ကိုယ့်ကို စိတ်ဝင်စားနေတယ်လို့ ခံစားရစေပြီး ကိုယ့်စိတ်ကိုပါ စိတ်လှုပ်ရှားစေတာကြောင့် ဒီလိုမျိုး ဆွဲဆောင်မှုမျိုးကို လွန်ဆန်နိုင်တဲ့ ကောင်လေးမျိုးက အရမ်းကို ရှားပါတယ်။ အကြည့်တွေကနေ ချစ်သူတွေ ဖြစ်သွားနိုင်တယ်ဆိုတာကလည်း ဒီအချက်ကြောင့်ပါပဲ။


lookstudio/Freepik


(၂) ဆွဲဆောင်မှု ရှိတဲ့ အပြုံး

အပြုံးတွေက လူတော်တော်များများကို ဆွဲဆောင်နိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် အလှပဆုံးနဲ့ ဆွဲဆောင်မှု ရှိရှိ ပြုံးတတ်တဲ့သူကို မြင်ရင် လူတွေက မျက်နှာမလွှဲဘဲ ကြည့်နေမိတတ်တာ ဖြစ်ပါတယ်။ ဒါကို ရုပ်ရှင်တွေထဲမှာလည်း တွေ့ရမှာပါ။ မိန်းကလေးတစ်ယောက်က အပြုံးနဲ့ မြူဆွယ်တာမျိုးကို လုပ်နေရင်လည်း ကောင်လေးတွေက စိတ်မထိန်းနိုင်ဘဲ အဲ့ဒီ မိန်းကလေးတွေကို စိတ်ဝင်စားသွားတတ်ကြပါတယ်။


eva058929/Freepik


(၃) ရနံ့

မိန်းကလေးတစ်ယောက်ရဲ့ ကိုယ်သင်းနံ့က ယောင်္ကျားလေးတွေကို ဆွဲဆောင်နိုင်ပါတယ်။ ရေမွှေးတွေကိုလည်း ဆွဲဆောင်နိုင်စွမ်းအတွက် အသုံးပြုကြတာက ဒီစိတ်ပညာ သဘောတရား ရှိနေလို့ ပါပဲ။ လူတစ်ယောက်နဲ့ တစ်ယောက် တွေ့တဲ့အခါမှာ ရုပ်ရည်ထက် အနံ့တွေက ပိုပြီး စိတ်ထဲမှာ စွဲမြဲ မှတ်မိတတ်တယ်လို့ စိတ်ပညာသဘောတရားတွေက ဆိုထားပါတယ်။ ရနံ့ သင်းသင်းလေးနဲ့ မိန်းကလေးတစ်ယောက်က ကိုယ့်ကို ဆွဲဆောင်နေတဲ့အခါမှာလည်း ကောင်လေးတွေက ကောက်ကောက်ပါသွားလေ့ ရှိတယ်လို့ ဆိုကြပါတယ်။


marymarkevich/Freepik


(၄) အထိအတွေ့

ဖို၊ မ သဘာဝက ချစ်စိတ်တွေမှာ အထိအတွေ့ကလည်း အရေးပါတဲ့ အခန်းကဏ္ဍ တစ်ခု အဖြစ် ပါဝင်ပါတယ်။ ဒါကြောင့် ရုပ်ရှင်တွေထဲမှာဆိုရင် အမျိုးသားတွေကို ဆွဲဆောင်တဲ့အခန်းမှာ အမျိုးသမီးတွေက ထိတွေ့မှု အရင် လုပ်တာမျိုးနဲ့ စတာကို တွေ့ရတာ ဖြစ်ပါတယ်။ မိန်းကလေးတွေက သူတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို စိတ်ဝင်တစား ရှိဟန် မပြဘဲ ထိတွေ့မိတာမျိုး (သို့) ဆွဲဆောင်မှုပြုတဲ့အနေနဲ့ ထိတွေ့နေတာမျိုးကို ကောင်လေးက ရှောင်မထွက်နိုင်ဘဲ လက်ခံသဘောကျတတ်ကြပါတယ်။


(၅) ပြီးပြည့်စုံမှု

လှတယ်၊ ထက်မြက်တယ်၊ အလိုက်သိတယ် စသဖြင့် အချက်အလက်အရ ပြီးပြည့်စုံတဲ့ မိန်းကလေးတွေကို ကောင်လေးတွေက သဘောကျပါတယ်။ ဒါကြောင့် သာတဲ့ မိန်းကလေးနောက်ကို ယောင်္ကျားလေးတွေက ပါသွားတယ်ဆိုတာ ဒီအချက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး လှပမှုတွေနဲ့ အချစ်ရေးမှာ အလိုက်သိတဲ့ ပုံစံနဲ့ ဆွဲဆောင်ရင်လည်း ကောင်လေးတွေက မငြင်းဆန်နိုင်ကြပါဘူး။


lookstudio/Freepik


(၆) ဆံပင်တွေကို ကစားတာ

ရုပ်ရှင်တွေမှာ ယောင်္ကျားလေးကို ဆွဲဆောင်တဲ့ အခန်းမျိုးမှာ မိန်းကလေးက သူ ဆွဲဆောင်ချင်တဲ့သူကို ငေးကြည့်ရင်းနဲ့ ဆံပင်လေးတွေကို လက်တစ်ဖက် ကစားနေတာမျိုးကို လုပ်နေတာမျိုးကို တွေ့ဖူးကြမှာပါ။ ဟုတ်ပါတယ်။ ဒီအချက်ကလည်း ကောင်လေးတွေ မလွန်ဆန်နိုင်တဲ့ ဆွဲဆောင်မှု ပုံစံ အမူအရာတွေထဲ ပါဝင်နေပါတယ်။

Kham




Some text some message..