အရှေ့တောင်အာရှနဲ့ မြန်မာပြည်အနှံ့ကို ဆိုင်ကယ်တစ်စီးနဲ့ပတ်ပြီး ခရီးတွေထွက်ချင်တယ်ဆိုတဲ့ နိုင်းနိုင်း
celezone.net
|
2021-01-26



လူတိုင်းမှာတော့ ကိုယ်စီဝါသနာတစ်ခုရှိကြပါတယ်။ နိုင်းနိုင်းကတော့ ဆိုင်ကယ်စီးရတာ အရမ်းကြိုက်သူတစ်ယောက်ပါ။ ရောဂါတွေမဖြစ်ခင်က မကြာခဏဆိုသလို ခင်မင်ရသူတွေနဲ့ အပျော်တမ်းဆိုင်ကယ်စီးပြီး ခရီးတွေလည်းထွက်တတ်ပါသေးတယ်။ အခုအချိန်မှာတော့ နေရာတိုင်းနီးပါး အသွားအလာကန့်သတ်ထားတာမို့ ဆိုင်ကယ်ကိုလည်း အရင်လို လွတ်လွတ်လပ်လပ်စီးခွင့်မရ နိုင်သေးပါဘူး။




သူ့ရဲ့ကိုယ်ပိုင်ဆန္ဒတစ်ခုကတော့ မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရှတစ်ခုလုံးကို ဆိုင်ကယ်တစ်စီးနဲ့ ခရီးထွက်ချင်တာဖြစ်ကြောင်း ပြောပြလာခဲ့ပါသေးတယ်။ မိသားစုအပေါ် မှာလည်း တာဝန်ကျေပြီး ကိုယ်ပိုင်အနုပညာတွေကိုလည်း အကောင်းမွန်ဆုံး ပျိုးထောင်နိုင်ခဲ့တဲ့ မင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။ ချစ်ရတဲ့သားသမီးလေးယောက်ကို အိမ်ပြန်ရောက်တိုင်း အချိန်အပြည့်အဝပေးပြီးပျော်ရွှင်အောင်ထားတတ်တဲ့ ဖခင်ပီသသူပါ။





ဆိုင်ကယ်နဲ့ခရီးထွက်ချင်တဲ့ဆန္ဒကိုလည်း ” ဘယ်တော့များမှ ဆိုင်ကယ်နဲ့ ခရီးပြန်ထွက်ခွင့်ရနိုင် မလဲ ဖြစ်နိုင်ရင် မြန်မာပြည်အနှံ့ နှင့် အရှေ့တောင်အာရှကို ဆိုင်ကယ်နဲ့တော့ ပတ်ချင်မိတယ် ချစ်သောသူများလည်း ကျနော့်လိုပဲ ခရီးသွားချင်နေကြမှာပါ ဟုတ်တယ်ဟုတ်? ” ဆိုပြီး နိုင်းနိုင်းက ရင်ဖွင့်ပြောပြလာခဲ့ပါတယ်။



Happy – Cele Zone
Photo – Actor 99




Some text some message..