ငယ်စဉ်ကတည်းကခုချိန်ထိ မိခင်ကို အရမ်းချစ်ပြီးစွဲလန်းလွန်းခဲ့တဲ့ အကြီးမားဆုံးခံစားချက်တွေကို ပြောပြလာတဲ့ ဟန်နာယူရီ
celezone.net
|
2021-01-28



မိဘကိုမချစ်တဲ့သားသမီးဆိုတာမရှိသလောက်ရှားပါတယ်။ ဟန်နာယူရီကတော့ သူမရဲ့အမေကိုသိပ်ချစ်တဲ့အကြောင်း ” ကျွန်မနဲ့အမေနဲ့ အမှတ်တရဖြစ်ရပ်လေးတွေပေါ့ ကျွန်မတို့မောင်နှမတွေအမေ့ကိုဘယ်လောက်ချစ်ခင်တွယ်လည်းဆိုတာ မားမားထည့်ပေးတဲ့မုန့် ထမင်းလေးတွေဆိုမကုန်ရင်တောင်မပစ်ရက်ဘူး မုန့်ခွံလေးတွေကအစပြန်သယ်တာ။ အခုလဲတူတူပါပဲ။ ငယ်တုန်းကမားမားက မောင်လေးမွေးပြီးအဆုတ်တစ်ခြမ်းရေပြည့်တာကောအရမ်းနေမကောင်းဖြစ်တာ ခဏခဏမန္တလေးထိ ဆင်းကုရတာ အဲ့တုန်းက Nurse ပြောသံ ကြားတာအသက်ရှုသံစောင့်ကြည့်တဲ့ ကျွန်မကမားမားအသက်ရှုသံရပ်သွားမှာ ကြောက်လွန်းလို့ ကျောင်းလဲမသွားချင် ညတွေလည်းမအိပ်တော့ဘူး ပါးပါးရှိနေတောင် မားမားကို လာချောင်းကြည့် ဘေးနားမှာမားမားအသက်ရှုသဲငြိမ်သွားရင်လှုပ်နိုးရတာ။ မောင်လေးကလည်း ပိန်ပိန်လေး ရင်ဘက်ရိုးလေးတွေနဲ့ စာကလေးပိန်လေးလို အသက်ရှုရပ်သွားမလားပေါ့ ”




” အဲ့အချိန်တွေသေလောက်အောင်ကြောက်ပြီးဆုတောင်းခဲ့တာ မားမား ပြန်နေကောင်းလာဖို့ အရင်လိုမားမားနဲ့ မိသားစုအတူ ပြန်နေရဖို့ပဲ ကျွန်မကအခုအရွယ်ရလာတဲ့အချိန် အကျင့်ဖြစ်တာက ဘေးနားကအိပ်နေရင် အသက်ရှုငြိမ်သွားရင် အရမ်းလှုပ်နိုး တတ်တာ ဘေးလူအနှောက်ယှက်ဖြစ်လို့ သူငယ်ချင်းတွေနဲ့လည်း အတူမအိပ်ဘူး နောက်တစ်ခု အမေနဲ့ ပတ်သတ်ပြီး မားမားယိမ်းတို့ ငယ်ထဲကဆံပင်ရှည်ကြီးအရမ်းလှတာ မားမားဆံပင်ညှပ်မှာ အရမ်းကြောက်တာ မှတ်မှတ်ရရ ကျောင်းပြန်လာတဲ့အခါ မားကိုရှာတာ နောက်ဖေးခြံဝန်းထဲ အဝတ်တွေလှမ်းထားတဲ့ကြားမှာ မားမားက ဂုတ်ထောက်ဆံပင်တိုလေးနဲ့ ချုံးပွဲချငိုလိုက်ရတာ။ မားမားက မနေ့က ဆံပင်တိုလေးပြန်ညှပ်တာဒီနေ့မနက်အိမ်မက်ထဲမှာအဲ့လိုချိန်ကို ပြန်ရောက်သွားတယ် ငိုပြီးနိုးလာတာ။ မားမားက တရားအရမ်းနာတယ် တရားသဘောတွေသိတော့ အဲ့လိုအမေအပေါ်ချစ်တာမှန်ပေမဲ့ အစွဲတွေအရမ်းများတာမကောင်းဘူး ဆုံးမတယ် ခုထိလည်းတရားမသိနိုင်သေးဘူး ”



” ဒီဘဝမှာတန်ဖိုးအရှိဆုံးက ဒီမိဘနှစ်ပါးမှာလူလာဖြစ်ရတာပဲဘဝရဲ့လောကဒဏ်တွေ ရှုံးနိမ့်မှုတွေမှာလည်း အလိုအပ်ဆုံး အားကိုးတကြီးနားခိုရာ မိဘရင်ခွင်ကလွဲအခြားမရှိခဲ့ဖူးဘူး ဘယ်တော့မှလည်းရှိလာမှာမဟုတ်ဘူး။ ဘဝမှာလမ်းပျောက်နေတဲ့ အချိန်တိုင်း ပါးပါးမားမား ရှိနေသေးတယ်ဆိုတဲ့အသိလေးကိုက အရာရာပြန်အားဖြစ်စေတာ မားမားတို့မရှိရင် ယိမ်းဘယ်လိုမှ မရပ်တည်နိုင်ဘူးထင်တယ် ကျွန်မကမွေးနေ့တွေကိုသိပ်မုန်းတာ ကျွန်မမွေးနေ့တိုင်းပါးပါးမားမား အသက်တစ်နှစ်ကြီးလာပြီဆိုတဲ့ အသိနဲ့ဝမ်းနည်းရလို့ သားသမီးတိုင်းလေ မိဘတွေကိုအသက်ပြန်ငယ်ရင်ကောင်းမယ် တွေးဖူးကြမယ်ထင်တယ်နော်
အမြဲဆုတောင်းတယ်ပါးပါးမားမား အချိန်တွေအကြာကြီးကျန်းမာပျော်ရွင်စွာမိသားစုနဲ့အတူ ရှိခွင့်ရပါစေ မိဘကိုအပြည့်အဝ လုပ်ကျွေးခွင့်ရချင်ပါတယ် ” ဆိုပြီး ပြောပြလာခဲ့ပါတယ်။



Happy – Cele Zone
Photo – Hanna Yuri




Some text some message..