သင်ရွေးချယ်လိုက်တဲ့ နာရီလေးကတစ်ဆင့် သင်ဘယ်လောက် စိတ်ဖိစီးမှုရှိနေလဲ ပြောပြပေးမယ်
lotaya.mpt.com.mm
|
2021-02-02

Shutterstock/ MchlSkhrv

နေ့စဉ်သွားလာလှုပ်ရှားနေရတဲ့ လောကကြီးမှာ လူတိုင်းနီးပါး စိတ်ဖိစီးမှုတွေ အနည်းနဲ့အများတော့ ကြုံရတတ်ပါတယ်။ လူတစ်ယောက်ချင်းရဲ့ ခံနိုင်ရည် Level မတူညီကြတဲ့အတွက် စိတ်ဖိစီးမှုတွေ များလာရင် စိတ်ရောကိုယ်ပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ သင့်ရဲ့စိတ်ဖိစီးမှု Level ကို ဖော်ထုတ်ပေးမယ့် Test လေးတစ်ခုစီစဉ်ထားပါတယ်။ ပေးထားတဲ့ နာရီ ၆ ခုမှာ သင်အနှစ်သက်ဆုံး တစ်ခုကို ရွေးချယ်ပြီး သင်ဘယ်လောက် စိတ်ဖိစီးနေလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်နော်…

နံပါတ် ၁




Shutterstock/ artpicstudio

သင့်ကိုစိတ်ဖိစီးစေမယ့် အရာတွေကို ကြိုတင်ခန့်မှန်းမိလို့ သင့်အနေနဲ့ အဲဒီအရာတွေ မလုပ်မိအောင်၊ မဖြစ်အောင် ဂရုတစိုက် ရှောင်ရှားနေပေမယ့်လည်း သင်ဟာ စိတ်ဖိစီးနေဆဲပါ။ ဘာလို့လဲဆိုတော့ သင့်စိတ်ထဲမှာ ဘယ်အရာကိုမဆို အလွန်အကျွံ စဉ်းစားပြီး တွေးပူနေတဲ့အတွက်ကြောင့်ပါ။ မဖြစ်လာသေးတဲ့အရာတွေကို ကြိုတင်တွေးပြီး စိတ်ပူနေခြင်းက သင့်ကိုစိတ်ဖိစီးမှုတွေပဲ ရရှိစေမှာပါ။ စဉ်းစားပါ ဒါပေမယ့် အလွံအကျွံမစဉ်းစားပါနဲ့။

နံပါတ် ၂




Shutterstock/ MchlSkhrv

သင်ဟာ အလွယ်တကူ စိတ်ဖိစီးမှုဒဏ်မခံရတဲ့ လူတစ်ယောက်ပါ။ သင့်အနေနဲ့ စိတ်ဖိစီးလာတယ်လို့ ခံစားရရင် သင့်ပတ်ဝန်းကျင်ကို အကောင်းမြင်အောင် တတ်နိုင်သမျှနေပြီး မိသားစု၊ သူငယ်ချင်းနဲ့ မိတ်ဆွေတွေကို သင်ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေအကြောင်း ရင်ဖွင့်ပြီး ဖြေလျှော့တတ်ပါတယ်။ အကြံပေးချင်တာက အလွန်အကျွံရင်ဖွင့်ခြင်းကို ရှောင်ပါ။ လူတိုင်ကို အလွယ်တကူ ယုံကြည်ပြီး ရင်ဖွင့်ခြင်းက သင့်ကို တချိန်မှာ အန္တရာယ်ဖြစ်လာနိုင်စေပါတယ်။

နံပါတ် ၃




Shutterstock/ MchlSkhrv

သင့်စိတ်ဖိစီးမှု Level ကတော့ အလယ်အလတ်အဆင့်မှာ ရှိနေပါတယ်။ ဘာလို့လဲဆိုတော့ သင်ဟာ မိမိကြုံတွေ့နေရတဲ့ ပြဿနာတွေကို တတ်နိုင်သလောက် ရိုးရိုးရှင်းရှင်းနဲ့ သေးအောင် ဆောင်ရွက်နိုင်လို့ပါပဲ။ တစ်ခါတစ်လေ အရမ်းစိတ်ဖိစီးလာရင် မိမိဝါသနာပါတဲ့ အရာတွေလုပ်ပြီး စိတ်ဖိစီးမှုကို လျှော့ချလေ့ရှိပါတယ်။

နံပါတ် ၄




Shutterstock/ MchlSkhrv

သင်ဟာ စိတ်ဖိစီးမှုနည်းပါးတဲ့ လူတစ်ယောက်ပါ။ ဘာလို့လဲဆိုတော့ သင်ဟာ ကိုယ့်ကိုယ်ကို အမြဲယုံကြည်မှုရှိတဲ့အပြင် အမြဲကံကောင်းနေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ စိန်ခေါ်မှုတွေဆိုတာ သင့်ကိုစမ်းသပ်နေတဲ့ အရာတွေလို့ သတ်မှတ်ထားပြီး ဘယ်တော့မှမကြောက်ရွံ့ပဲ ရင်ဆိုင်လေ့ရှိပါတယ်။ ဒါ့အပြင် ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရရင်လည်း စိတ်ပျက်အားငယ်လေ့မရှိပါဘူး။

နံပါတ် ၅




Shutterstock/ MchlSkhrv

သင်ဟာ စိတ်ဖိစီးမှုတွေကို အလွန်အကျွံခံစားနေရတဲ့ လူတစ်ယောက်ပါ။ ဘာလို့လဲဆိုတော့ သင်ဟာ အဆိုးမြင်စိတ်တွေ များနေပြီး ကောင်းတဲ့အရာလေး ဖြစ်လာရင်တောင် လက်ခံမပေးနိုင်ပဲ အဆိုးပဲမြင်နေတဲ့အတွက် စိတ်ဖိစီးနေရတာပါ။ ဒါ့အပြင် လူတွေကို အမြဲစိတ်ပျက်အောင် လုပ်တတ်ပြီး အလုပ်တစ်ခုကို လက်ကြောတင်းအောင် မလုပ်တတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကို အမြဲတော်ပြီး အကောင်းမြင်နေတတ်ပါတယ်။

နံပါတ် ၆




Shutterstock/ MchlSkhrv

သင်ဟာ စိတ်ဖိစီးဆိုတာ ဘာလဲပြန်မေးရလောက်အောင် စိတ်ဖိစီးမှုမရှိတဲ့လူတစ်ယောက်ပါ။ မိမိကို စိတ်ဖိစီးစေပြီး မိမိရဲ့ပျော်ရွှင်မှုကို အနှောင့်အယှက်ပေးနိုင်မယ့်အပြင် မိမိရဲ့စွမ်းဆောင်ချက်တွေကို ကျဆင်းစေနိုင်မယ့် ကိစ္စတွေမှာ ဝင်မပါပဲ တတ်နိုင်သလောက် ရှောင်ရှားပါတယ်။ ဒါ့အပြင် မိမိရဲ့အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို သီးသန့်ထားတဲ့အတွက် မလိုလားအပ်တဲ့စိတ်ဖိစီးမှုတွေ မဖြစ်ပါဘူး။

#lotaya_quiz


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..