အိန္ဒိယသမ္မတဟောင်းရဲ့ မှတ်သားစရာစကား
sayar.com.mm
|
2021-02-05

အိန္ဒိယသမ္မတဟောင်းရဲ့ မှတ်သားစရာစကား


ကျွန်တော်ငယ်ငယ်က မေမေက ထမင်းဟင်း ချက်ကျွေးတယ်။ တစ်နေ့ ညနေ ထမင်းဝိုင်းမှာ မီးကျွမ်းနေတဲ့ ပလာတာကို အဖေ့ရှေ့မှာတွေ့လိုက်ရတယ်။


ကျွန်တော်လည်း မီးကျွမ်းနေတဲ့ပလာတာကို အဖေဘာပြောမလဲ စောင့်ကြည့်နေမိတယ်။ အဖေက ဒါနဲ့ပတ်သက်ပြီးဘာမှမပြောဘဲ ကျွန်တော့်ရဲ့ကျောင်းရဲ့အခြေအနေကို မေးပါတယ်။ "သားဒီနေ့ ကျောင်းမှာစာသင်ရတာ ဘယ်လိုလဲတဲ့"


ကျွန်တော် ဘာတွေဖြေခဲ့တယ်ဆိုတာကိုတော့ မမှတ်မိတော့ပါဘူး။


မှတ်မိတာကတော့ မေမေက အဖေ့ကို ပလာတာမီးကျွမ်းသွားတဲ့ပလာတာအတွက် တောင်းပန်တာပါပဲ။


အဖေပြန်ပြောခဲ့တဲ့စကားတွေကို ကျွန်တော် ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ပါ။ အဖေက "မိန်းမရေ၊ မီးကျွမ်းတဲ့ပလာတာကို ငါကြိုက်တယ်ကွ"တဲ့။


အဲ့ဒီ့ညမှာပဲ ညအိပ်ယာမဝင်ခင် ကျွန်တော့်အဖေ့ကို မီးကျွမ်းနေတဲ့ပလာတာကို တကယ်ကြိုက်သလားလို့ မေးကြည့်ခဲ့မိတယ်။


အဖေက ကျွန်တော့ကိုဖက်ထားပြီး
"သားရေ၊ မင်းမေမေက တစ်နေ့လုံး အိမ်အလုပ်တွေ လုပ်နေရတာ။ ဒီနေ့ဆို သူတော်တော်ပင်ပန်းနေတယ်။ တူးနေတဲ့ပလာတာက ဘယ်သူ့ကိုမှ မနာကျင်စေပါဘူး။ အပြစ်တင်တဲ့စကား ကြမ်းတမ်းတဲ့စကားတွေကပဲ လူတွေကို နာကျင်စေတာပါ"


"သားရေ၊ ဘဝဆိုတာ ပြီးပြည့်စုံမှုမရှိတဲ့အရာတွေ၊ ပြီးပြည့်စုံမှုမရှိမှုတွေနဲ့ ပြည့်နေတယ်။ အဖေကိုယ်တိုင်လဲ ပြီးပြည့်စုံတဲ့လူတစ်ယောက်မဟုတ်ပါဘူး"


"သားလေးလည်းမှတ်ထားပါ။ ကိုယ်တိုင်က မပြည့်စုံတဲ့အတွက် တစ်ပါးသူရဲ့ ပြီးပြည့်စုံမှုမရှိတာကိုလက်ခံတတ်ရမယ်။ ဒါကြောင့် နည်းနည်းလွဲနေတာကို လက်ခံပေးလိုက်ပါ။ ခွင့်လွှတ်ပေးလိုက်ပါ။ ပြည့်စုံမှုမရှိတာကို ချစ်ခင်မှုနဲ့ အစားထိုးပြီး ပျော်ရွှင်အောင်နေပါ"တဲ့


#အိန္ဒိယသမ္မတဟောင်း အဗ်ဒွလ်ကလာမ် (Dr. A. P. J. Abdul Kalam)




    



   



   





အိန္ဒိယသမ္မတဟောင်းရဲ့ မှတ်သားစရာစကား


ကျွန်တော်ငယ်ငယ်က မေမေက ထမင်းဟင်း ချက်ကျွေးတယ်။ တစ်နေ့ ညနေ ထမင်းဝိုင်းမှာ မီးကျွမ်းနေတဲ့ ပလာတာကို အဖေ့ရှေ့မှာတွေ့လိုက်ရတယ်။


ကျွန်တော်လည်း မီးကျွမ်းနေတဲ့ပလာတာကို အဖေဘာပြောမလဲ စောင့်ကြည့်နေမိတယ်။ အဖေက ဒါနဲ့ပတ်သက်ပြီးဘာမှမပြောဘဲ ကျွန်တော့်ရဲ့ကျောင်းရဲ့အခြေအနေကို မေးပါတယ်။ "သားဒီနေ့ ကျောင်းမှာစာသင်ရတာ ဘယ်လိုလဲတဲ့"


ကျွန်တော် ဘာတွေဖြေခဲ့တယ်ဆိုတာကိုတော့ မမှတ်မိတော့ပါဘူး။


မှတ်မိတာကတော့ မေမေက အဖေ့ကို ပလာတာမီးကျွမ်းသွားတဲ့ပလာတာအတွက် တောင်းပန်တာပါပဲ။


အဖေပြန်ပြောခဲ့တဲ့စကားတွေကို ကျွန်တော် ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ပါ။ အဖေက "မိန်းမရေ၊ မီးကျွမ်းတဲ့ပလာတာကို ငါကြိုက်တယ်ကွ"တဲ့။


အဲ့ဒီညမှာပဲ ညအိပ်ယာမဝင်ခင် ကျွန်တော့်အဖေ့ကို မီးကျွမ်းနေတဲ့ပလာတာကို တကယ်ကြိုက်သလားလို့ မေးကြည့်ခဲ့မိတယ်။


အဖေက ကျွန်တော့ကိုဖက်ထားပြီး
"သားရေ၊ မင်းမေမေက တစ်နေ့လုံး အိမ်အလုပ်တွေ လုပ်နေရတာ။ ဒီနေ့ဆို သူတော်တော်ပင်ပန်းနေတယ်။ တူးနေတဲ့ပလာတာက ဘယ်သူ့ကိုမှ မနာကျင်စေပါဘူး။ အပြစ်တင်တဲ့စကား ကြမ်းတမ်းတဲ့စကားတွေကပဲ လူတွေကို နာကျင်စေတာပါ"


"သားရေ၊ ဘဝဆိုတာ ပြီးပြည့်စုံမှုမရှိတဲ့အရာတွေ၊ ပြီးပြည့်စုံမှုမရှိမှုတွေနဲ့ ပြည့်နေတယ်။ အဖေကိုယ်တိုင်လဲ ပြီးပြည့်စုံတဲ့လူတစ်ယောက်မဟုတ်ပါဘူး"


"သားလေးလည်းမှတ်ထားပါ။ ကိုယ်တိုင်က မပြည့်စုံတဲ့အတွက် တစ်ပါးသူရဲ့ ပြီးပြည့်စုံမှုမရှိတာကိုလက်ခံတတ်ရမယ်။ ဒါကြောင့် နည်းနည်းလွဲနေတာကို လက်ခံပေးလိုက်ပါ။ ခွင့်လွှတ်ပေးလိုက်ပါ။ ပြည့်စုံမှုမရှိတာကို ချစ်ခင်မှုနဲ့ အစားထိုးပြီး ပျော်ရွှင်အောင်နေပါ"တဲ့။


#အိန္ဒိယသမ္မတဟောင်း အဗ်ဒွလ်ကလာမ် (Dr. A. P. J. Abdul Kalam)


   



    



   



   




Credit: Original Uploader




Some text some message..