Sociopath တစ်ယောက်ဖြစ်တယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ? Sociopath တစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေး(၈) ချက်
lifestylemyanmar.com
|
2021-02-11



အောက်ပါကိုယ်ရည်ကိုယ်သွေးအချက်အလက်တွေဟာ Sociopath တစ်ယောက်ရဲ့ စရိုက်လက္ခဏာတွေဖြစ်ပါတယ်။

၁။ အရှက်တရားကင်းမဲ့ခြင်း




Sociopaths အများစုဟာ ညစ်ညမ်းသော လုပ်ရပ်တွေကို ကျူးလွန်နိုင်ပြီး နည်းနည်းလေးတောင် နောင်တမရတတ်ကြသူတွေပါ။ အပြုအမူတစ်ချို့ကတော့ ရုပ်ပိုင်းဆိုင်ရာအလွဲသုံးစားမှုများ (သို့) တစ်ခြားလူတွေကို လူသိရှင်ကြားအရှက်ခွဲခြင်းတွေကို ပြုလုပ်တတ်ကြပါတယ်။ လူတစ်ယောက်ဟာ တကယ့် Sociopath တစ်ယောက်ဖြစ်တယ်ဆိုရင် တစ်ခြားလူတွေဘယ်လောက်ပဲ နာကျင်ခံစားနေရပါစေ ၎င်းကတော့ ဘယ်လိုနာကျင်မှုမျိုးကိုမှ လုံးဝတစ်စိုးတစိမှတောင် ခံစားရမှာမဟုတ်ပါဘူး။ ဒီလိုလူတွေဟာ တစ်ခြားလူတွေကို လိမ်လည်ခြင်း၊ ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် လူတွေလက်မခံနိုင်တဲ့ နည်းလမ်းမျိုးစုံနဲ့ လူတွေကို ဒုက္ခပေးတတ်သူတွေဖြစ်ပါတယ်။

သူတို့ကိုယ်တိုင်က အမှားတစ်ခုခုလုပ်မိတဲံအခါ သူတို့ကိုယ်တိုင်အမှားကို ဝန်ခံရမယ့်အစား တစ်ခြားလူကိုတောုင် အပြစ်တင်တတ်ကြပါသေးတယ်။ Sociopath တွေဟာ သူတို့ရည်မှန်းချက်တွေအောင်မြင်စေဖို့ ဘယ်သူ့ကိုမဆို ဘယ်အချိန်မှာပဲဖြစ်ဖြစ် နာကျင်စေဖို့ ဝန်မလေးသူတွေဖြစ်ပါတယ်။ Sociopath တွေဟာ တိရစ္ဆာန်တွေအပေါ်မှာတောင် ရက်စက်တတ်ကြသူတွေဖြစ်ပါတယ်။

၂။ လူတစ်ယောက်ဟာ အဆက်မပြတ်လိမ်နေလျှင် Sociopath ဖြစ်နိုင်တယ်




Sociopath တွေဟာ သူတို့ဘဝတစ်လျှောက်လုံးလိမ်လည်မှုတွေကို ပြောဆိုနေရမယ်ဆိုရင်တောင် အဆင်ပြေပါလိမ့်မယ်။ ကိုရီးယားဇာတ်လမ်းတွဲတွေကို အဆက်လိုက်ပြောပါလိမ့်မယ်။ တကယ့် Sociopaths အစစ်အမှန်ဆိုရင် အမှန်တရားကို ပြောရတဲ့အခါ စိတ်မသက်မသာတောင်ဖြစ်နေပါဦးမယ်။ သူတို့တွေက ပထမလိမ်ညာမှုကို ဖုံးကွယ်ရင်း ဘဝတစ်လျှောက်လုံး လူလိမ်ကြီးဖြစ်သွားကြတာပါ။ စကားပြောတာတွေက ရှေ့နောက်မညီဘဲ ကမောက်ကမ ဂဂျိုးဂကြောင်ဖြစ်နေရုံသာမကဘဲ တစ်ချို့ Sociopath တွေကတော့ သူတို့ရဲ့ မုသားတွေကို လူတွေယုံကြည်လာအောင် များစွာကြိုးစားကြပါလိမ့်ဦးမယ်။ ဥပမာ – Charles Manson က ”ငါဘယ်သူ့ကိုမှ မသတ်ဖူးဘူး၊ ဘယ်သူ့ကိုမှလည်း သတ်ဖို့မလိုဘူး”(သူဆိုလိုတာက သူကိုယ်တိုင်သတ်တာမဟုတ်ဘဲ သူ့ရဲ့ နောက်လိုက်တွေက သတ်ခြင်းကို ဆိုလိုပါတယ်)။

၃။ လူတိုင်းက စိတ်လှုပ်ရှားတက်ကြွနေခြင်း/ ကြောက်ရွံ့နေချိန်မှာ သူတို့ဟာ အေးအေးဆေးဆေးဖြစ်နေရင် သတိထားပါ




Sociopath တစ်ယောက်ဟာ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ပြသလေ့မရှိဘဲ ဘာမှမခံစားရသလို ဟန်ဆောင်လေ့ရှိကြပါတယ်။ ဘယ် Sociopath ကမှ သူတို့ဟာ Sociopath ဖြစ်တယ်ဆိုတာ နဖူးမှာ စာမကပ်ထားတာကြောင့် အန္တရာယ်ရှိသော အခြေအနေတွေ (သို့) ကြောက်စရာကောင်းသော အခြေအနေတွေမှာ ထထလှုပ်ရှားလေ့ရှိသူတွေအဖြစ်လည်း သိထားနိုင်ပါတယ်။

၄။ အရမ်းချစ်စရာကောင်းနေတယ်ဆိုရင် Sociopath ဖြစ်နိုင်ပါတယ်(မိန်းကလေးဆိုရင် ပြောတာပါ)




Sociopath တွေဟာ အစဦးပိုင်းမှာ သူတို့လိုချင်တာတွေကို ရဖို့ချစ်စရာကောင်းချင် ယောင်ဆောင်ကြပါတယ်။ ဒါ့ကြောင့်လည်း လူတွေက သူတို့ကို ပျော်စရာကောင်းသော၊ စိတ်ဝင်စားဖွယ်ကောင်းသော လူတွေအဖြစ် မှတ်ယူကြပါတယ်။ လူတစ်ဦးဟာ တစ်ခြားလူတွေနဲ့ ပထမဦးဆုံးအကြိမ်တွေ့ဆုံဖူးရုံနဲ့ ယုံကြည်ခံရသူ/ မယုံနိုင်လောက်အောင် ဆွဲဆောင်နိုင်သူတစ်ဦးဖြစ်တယ်ဆိုရင် Sociopath ဖြစ်နိုင်ခြေများပါတယ်။

၅။ တစ်ခြားလူတွေကို ကြိုးကိုင်ခြယ်လှယ်တတ်ခြင်းဟာ Sociopath တွေရဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခုဖြစ်ပါတယ်

Sociopath တွေသည် လူတွေရဲ့ အားနည်းချက်တွေကို ကောင်းကောင်းနားလည်သူတွေဖြစ်ကြပြီး ၎င်းကို အကောင်းဆုံးအသုံးချတတ်သူတွေလည်းဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ချပြီးတာနဲ့ တစ်ပြိုင်နက် သူတို့ဟာ ဘယ်အရာကိုမဆို ကောင်းကောင်းခြယ်လှယ်နိုင်သူတွေဖြစ်ပါတယ်။ Socioopath တွေဟာ စိတ်ဓာတ်ပျော့ပြောင်းသူတွေ၊ လုံခြုံမှုကင်းမဲ့ပြီး ဘဝမှာ လမ်းပျောက်နေသူတွေကို အဓိကပစ်မှတ်ထားပါတယ်။ သို့ပေမယ့် တစ်ခြားလူတွေနဲ့ မျက်လုံးချင်းဆိုင်ရဲတဲ့ သတ္တိမရှိသူတွေလည်းဖြစ်ပါတယ်။

၆။ အကြမ်းဖက်တတ်သော လက္ခဏာများရှိမရှိ ရှာဖွေပါ




ကလေးငယ်တွေမှာဆိုရင် တစ်ချို့လူမှုရေးဆိုင်ရာအလေ့အကျင့်တွေက ဖားများ၊ ခွေးပေါက်စများနှင့် သူတို့အကြမ်းဖက်အနိုင်ကျင့်နိုင်တဲ့ ဘယ်လိုတိရစ္ဆာန်မျိုးကိုမဆို အကြိမ်းဖက်တာမျိုးတွေလုပ်လေ့ရှိကြပါတယ်။ ဒီလိုအကြမ်းဖက်မှုတွေကို ပြုလုပ်ဖို့လည်း တစ်ခြားလူတွေကို အမြဲတမ်းသွေးထိုးလှုံ့ဆော်လေ့ရှိကြသူတွေပါ။ ခုခံကာကွယ်တာမျိုးမဟုတ်ဘဲ တမင်ရန်စကြတာမျိုးဖြစ်ပါတယ်။

၇။ သူတို့ရဲ့ မျက်နှာတွေကို အကဲခတ်ပါ

မျက်နှာတွေဟာ ကိုယ်ရည်ကိုယ်သွေးတွေအကြောင်းမြောက်များစွာ ပြောဆိုနိုင်ပါတယ်။ မျက်နှာအသွင်အပြင်တိုင်း/ အင်္ဂါရပ်တိုင်းမှာ ပြောပြစရာ ဇာတ်လမ်းတစ်ချို့ရှိပါတယ်။ အကယ်၍ လူတစ်ဦးရဲ့ ကောင်းကောင်းအကဲခတ်နိုင်တယ်ဆိုရင် ၎င်းက သာမန်လူလား (သို့) Sociopath လားဆိုတာ ခွဲခြားနိုင်ပါတယ်။ မျက်လုံးတွေဟာ လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို သိရဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ Sociopath တွေဟာ မိတ်ဆွေအပေါင်းအသင်းအစစ်အမှန်လည်း ရှားပါးကြသူတွေပါ။

၈။ မရင့်ကျက်သူတွေဟာ Sociopath တွေဖြစ်နိုင်မလား




Sociopath တွေဟာ သူတို့အမှားတွေဆီကနေ ဘယ်တော့မှ မသင်ယူတတ်သူတွေပါ။ ဒါ့ကြောင့် ဒီလိုအမှားတွေကို ထပ်ခါ ထပ်ခါအကြိမ်ကြိမ်ပြုလုပ်တတ်ကြပါတယ်။ ဒါ့ကြောင့် သူတို့ဟာ အသက်ကြီးလာပေမယ့် အတွေးအခေါ်တွေ၊ အသိဉာဏ်တွေက အသက်အရွယ်နဲ့ လိုက်ပြီး ကြီးမလာဘဲ ရပ်တန့်နေခဲ့ကြပါတယ်။ ၎င်းတို့က Sociopath တွေပါ။

Sociopath တွေရဲ့ ရန်ကနေ ဘယ်လိုကာကွယ်ကြမလဲ?


၁။ သင့်ဆီက သူတို့လိုချင်တဲ့ ဘယ်လိုအရာကိုမှ မပေးပါနဲ့
၂။ တတ်နိုင်လျှင် သူတို့နဲ့ ဝေးဝေးနေပါ
၃။ သူတို့ရဲ့ မြူဆွယ်မှုတွေကို တောင့်ခံနိုင်အောင် ကြိုးစားပါ
၄။ ဒီလိုလူတွေနဲ့ Date မိနေတယ်ဆိုရင် ဒီဆက်ဆံရေးကနေ အမြန်ဆုံးထွက်ပါ
၅။ တစ်ခြားလူတွေကို သတိပေးပါ
၆။ သင်ကိုယ်တိုင်အတွက် တွေးပါ

Lifestyle_Myanmar
Nyein_Thu


Ref – themindjournal




Some text some message..