ကစားသမားတွေကို ဆိုရှယ်မီဒီယာမှာ စော်ကားခြင်းက ဘောလုံးလောကကို ပျက်စီးစေနိုင်ပါတယ်လို့ ဆိုလိုက်တဲ့ ဇာခါ
ballonestar.com
|
2021-02-25


မကြာသေးခင်က သူ့ရဲ့မိသားစုဟာ ဆိုရှယ်မီဒီယာတွင် ရည်ရွယ်ချက်ရှိရှိ စော်ကားခြင်းခံခဲ့ရပြီး ဒီလိုပြုလုပ်ခြင်းက ဘောလုံးလောကကို ပျက်စီးစေနိုင်ပါတယ်လို့ ဇာခါက ယုံကြည်နေပါတယ်။ အာဆင်နယ်ပရိသတ်များနှင့် အသင်းရဲ့တစ်ရာသီစာ လက်မှတ် ဝယ်ယူထားသူများ အပါအဝင် အွန်လိုင်းရှိ အကောင့် တော်တော်များများထံမှ လူမျိုးရေးခွဲခြားကာ စော်ကားပြောဆိုမှုတွေကို ဇာခါက ခံနေရတာဖြစ်ပြီး ဒီလိုပြုလုပ်ခြင်းက ဘောလုံးလောကကို ပျက်စီးစေနိုင်ပါတယ်လို့ သူက ယုံကြည်နေပါတယ်။“အရိုးသားဆုံးဝန်ခံရရင်တော့ ဒါဟာ သာဓကတွေ အများကြီးထဲကတစ်ခုပါ ” လို့ နောက်ဆုံးတင်ထားတဲ့ပို့စ်နှင့် ပတ်သက်ပြီး ဇာခါက ပြောလိုက်ပါတယ်။ အခြားသူတွေရေးထားတဲ့ ပို့စ်တွေကိုပါပြလိုက်မယ်ဆိုရင် ကျွန်တော့်အကောင့်ကိုတောင် ပိတ်လိုက်ရမယ်လို့ ထင် မိပါတယ်။ အခုရော အနာဂတ်မှာပါ ဒီလိုဖြစ်မယ်လို့ ကျွန်တော် အရင်က ပြောဖူးပါတယ်။ ဒါကကျွန်တော်တစ် ယောက်တည်းမဟုတ်ပါဘူး။ ကွင်းထဲမှာရှိတဲ့သူတိုင်း ကျွန်တော့်လိုဖြစ်ကြမှာပါ”“ဒါတွေကို ကျွန်တော့်ဇနီးလည်းမဟုတ်သလို၊ ကျွန်တော့်ကလေး၊ ကျွန်တော့်ရဲ့မိသားစုက လုပ်တာဟုတ်ပါဘူး။ ဒါကြောင့် တစ်ယောက်ယောက်ကို ဝေဖန်တော့မယ်ဆိုရင် ကျွန်တော်လိုလူမျိုး ကစားသမားမျိုးကို ဝေဖန်တာက ပြဿနာမရှိပါဘူး။ သူတို့တွေက ကျွန်တော့်အလုပ်နဲ့မသက်ဆိုင်တဲ့အတွက် ဒီလိုလုပ်တဲ့ထဲမှာမပါသင့်ပါဘူး။ ကလပ်မှာတော့ ဒီလို အကြောင်းတွေကို ပွင့်လင်းစွာ ဆွေးနွေးပြောဆိုတဲ့အတွက် အသင်းထံကနေ အကူအညီတွေအများကြီး ကျွန်တော် ရပါတယ် ”“ဒီလိုဖြစ်လာရင် ကစားသမားတစ်ဦးအဖို့ မလွယ်ကူတဲ့အတွက် ငြိမ်ငြိမ်လေးပဲနေပြီး နှုတ်ဆိတ်နေဖို့ မလိုပါဘူး။ ကျွန်တော့်အတွက် မိသားစုအတွက် ကလပ်ဆိုတာရှိနေပါတယ်။ ကျွန်တော်ဟာ အမြဲတမ်းအသင်းမှာရှိတဲ့ သူတွေနဲ့ ပွင့်လင်းစွာပြောဆိုပြီး သူတို့တွေက ကျွန်တော်တို့ကူညီပါတယ်၊ ကိုယ့်နားမှာရှိတဲ့သူ ကူညီတဲ့သူတွေက အရမ်းကို အရေးပါတဲ့ အရေးကြီးတဲ့သူတွေပဲဖြစ်ပါတယ်”“ခင်ဗျားကသာ အရှုံးပေးလိုက်ရင်တော့ ဒါဟာ ပြဿနာဖြစ်သွားပါပြီ၊ နိုင်နေတဲ့အချိန်မှာတော့ဒါဟာ ပြဿနာ မဟုတ်ပါဘူး။ ခင်ဗျား ရှုံးသွားရင်တော့ အားလုံးက မုန်းသွားလိမ့်မယ်၊ လူတိုင်းက ခင်ဗျားနားလည်ဖို့ မဖြစ်နိုင်တာတွေကို ရေးသားကြပါလိမ့်မယ်။ ဒီလိုရေးသားကြတဲ့သူတွေနဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး ဘာလို့ဒီလိုတွေရေးကြတာလဲလို့ ကျွန်တော်မေးလိုက်ချင်ပါတယ်”“ဒါတွေက လက်ခံလို့မရပါဘူး။ ဒီလိုတွေအပြောခံရပြီဆိုရင် မျက်လုံးဖွင့်နားစွင့်ထားရမယ်၊ မိသားစုတွေ အခြား အရာတွေကိုပါ အပြောခံလာရပြီဆိုရင် ဒါတွေက ဘောလုံးလောကကို ပျက်စီးစေနိုင်တယ်ဆိုတာကိုပါ တွေးထားရမှာပါ ” လို့ ကွင်းလယ်ကစားသမားက ပြောပါတယ်။ရိုင်းစိုင်းကြိမ်းတမ်းတဲ့ စာတွေပို့တဲ့ အာဆင်နယ်ပရိသတ်တွေနှင့်ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဇာခါက အခုလို တုန့်ပြန်ပြောဆိုလိုက်ပါတယ်။ သူတို့တွေက ကျွန်တော့်ကလပ်ရဲ့ပရိသတ်တွေမဟုတ်သလို ကျွန်တော်ကလည်း သူတို့ကို အသင်းရှုံးရှုံး၊ နိုင်နိုင် သရေကျကျ အားပေးတဲ့ ကလပ်ရဲ့ပရိသတ် တွေလို့မမြင်မိပါဘူး။“ဘောလုံးအကြောင်းကိုတော့ ကြိုက်သလိုဝေဖန်ပြောဆိုနိုင်ပါတယ်။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးတွေ၊ မိသားစုတွေကို တော့ ဆွဲမထည့်သင့်ပါဘူး။ ဒါဟာ ဖိနပ်နှစ်စုံလိုပါပဲ၊ ဘောလုံးသမားအကြောင်းက သပ်သပ်ဖြစ်သလို ပုဂ္ဂိုလ်ရေး ရာက သပ်သပ်စီပါ ” လို့ ဇာခါက ထပ်လောင်း ပြောကြားလိုက်ပါတယ်။ဒီလို ဆိုရှယ်မီဒီယာကနေတစ်ဆင့် ကစားသမားတွေနဲ့သူတို့ရဲ့မိသားစုတွေကို စော်ကားပြောဆိုတာနဲ့ ပတ်သက်ပြီး အာဆင်နယ်က ကြေညာချက်တစ်ခုကို ထုတ်ပြန်ထားပါတယ်။“ကလပ်တစ်ခုအနေနဲ့ ဒီလိုကိစ္စတွေကို မှတ်သားထားပြီး ကျွန်တော်တို့အပေါ်သက်ရောက်လာတဲ့ စော်ကားပြော ဆိုမှုများကို အရေးယူဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ပြောဆိုထားပါတယ်။ အာဆင်နယ် ပရိ သတ်တွေထဲက တစ်ဦးဦးက ဒီလိုချိုးဖောက်တာကိုတွေ့ရှိခဲ့မယ်ဆိုရင် သူ့ကို ကျွန်တော်တို့က တားမြစ်ပိတ်ပင်သွား မှာပါ။ ကျွန်တော်တို့က သက်ဆိုင်ရာ တာဝန်ရှိသူကနေတစ်ဆင့် ရဲဌာနာသို့ ဒီလိုစော်ကားပြောဆိုမှုတွေကို တင်ပြသွားမှာပါ”“ဒီလိုအပြုအမှုတွေ ပျောက်သွားဖို့ ကျွန်တော်တို့အတူတူလုပ်ဆောင်ရမှာပါ။ ဒီလိုအတူတူ လုပ်ဆောင်ရမှာ ကလပ်၊ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့၊ ပရိသတ်၊ မီဒီယာနှင့် နိုင်ငံရေး အဖွဲ့တွေ ပါဝင်ရမှာဖြစ်ပြီး ဆိုရှယ်မီဒီယာ ကုမ္ပဏီတွေက လိုအပ်တာတွေကို ကူညီပေးဖို့လိုပါတယ်။ အသင်းရှိကစားသမားတွေကိုလည်း အားကစားဆိုင်ရာ စိတ်ပညာရှင်၊ ဆိုရှယ်မီဒီယာ၊ ဥပဒေဆိုင်ရာအဖွဲ့ အစရှိတဲ့ သက်ဆိုင်ရာများကနေတစ်ဆင့် ကျွန်တော်တို့ကလပ်က ကူညီပေး သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမတူကွဲပြားမှုတွေကို လုံးဝမရှိတော့ရန် နှင့် ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်တွေကို အခြားသူတွေ သိရှိနားလည်ဖို့ ဆက်လက်လုပ်ဆောင်ရမှာဖြစ်ပါတယ် ” လို့ အာဆင်နယ်အသင်းက ထုတ်ပြန်ထားပါတယ်။





Some text some message..