Introvertလေးတွေရဲ့ ပင်ကိုယ်သဘာဝက အနေအေးပြီး တသီးတသန့်ဆန်ကြပါတယ်။ သူတို့က ပါတီပွဲတွေသွားရတာ၊ groupတွေနဲ့ အလုပ်လုပ်ဖို့ ဖိအားပေးခံရတာကို မကြိုက်ကြပါဘူး။ သူတို့ရဲ့တွေးခေါ်ပုံ၊ ပြုမှုပုံတွေကလည်း အခြားသူတွေနဲ့ မတူကြပါဘူး။ သင်က extrovert တစ်ယောက်ဖြစ်ပေမယ့် သင့်ချစ်သူက introvert တစ်ယောက်ဖြစ်ခဲ့ရင် ဒါက ပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ချစ်သူက Introvert တစ်ယောက်ဖြစ်မယ်ဆိုရင် အချစ်ရေးမှာ Introvert လေးတွေ ဘာလိုချင်လဲဆိုတာကို သိထားသင့်ပါတယ်။
၁။ သတိရှိသော စကားပြောဆိုမှုတွေ
Introvert တစ်ယောက်နဲ့ ချစ်ကြိုက်နေတယ်ဆိုရင် သူတို့ကို သင့်စိတ်ရဲ့နက်ရှိုင်းမှုတွေ ပြသခဲ့ပြီးမှာပါ၊ သင့်မှာ ပြောစရာတွေလည်း အများကြီးရှိမှာပါ။ သူတို့က ဘာသိဘာသာ နေတတ်လို့လည်း စိတ်မပျက်ပါနဲ့။ သူတို့က သင်နေ့ရက်တိုင်းကို ဖြတ်သန်းဖို့ အောက်ဆီဂျင် လိုအပ်သလိုပဲ သူတို့မှာလည်း လိုအပ်တာကြောင့် သူတို့ကို ဆက်ပြောပါ။ သင့်မှာ နေ့စဉ်နေ့တိုင်း မတူညီတဲ့ ခေါင်းစဉ်တစ်ခုခု ကမ်းလှမ်းဖို့ရှိနေရင် introvert တစ်ယောက်အနေနဲ့ သင့်အား ကျေးဇူးတင်ပါလိမ့်မယ်။
၂။ အချိန်
Introvert တစ်ယောက်က နားလည်ဖို့ လွယ်ကူတဲ့ သူတစ်ယောက် မဟုတ်တာကြောင့် သင့်အနေနဲ့ သူတို့ကို နားလည်သဘောပေါက်ဖို့ဆိုရင် အချိန်နှင့် စွမ်းအင်တစ်ချို့ ရင်းနှီးမြှုပ်နှံရပါလိမ့်မယ်၊။ သူတို့လေးတွေဟာ ကိုယ့်အကြောင်းကိုယ် ဘယ်လိုပြောရမယ်ဆိုတာ မသိကြတာကြောင့် သင့်အနေနဲ့ တိုက်ရိုက်မေးခွန်းတွေ မေးဖို့ လိုအပ်ပါတယ်။ သူတို့ကို တကယ်နားလည်သဘောပေါက်ချင်ရင် တစ်ချို့သောခေါင်းစဉ်တွေပေါ်မှာ သူတို့ရဲ့ထင်မြင်ချက်တွေနှင့် ပတ်သတ်ပြီး သူတို့ကို မေးဖို့လိုအပ်ပါလိမ့်မယ်။ သူတို့ စိတ်အားထက်သန်တဲ့အရာတွေအကြောင်း ပြောဆိုခွင့်ပြုရပါလိမ့်မယ်။
၃။ ကိုယ်ရေးကိုယ်တာနေရာ
တစ်ပတ်/ ၂၄နာရီ ပွေ့ဖက်ကျီစယ်နေရတာက ဘယ်လောက် ချစ်စရာကောင်းတယ်ဆိုတာ သိပေမယ့်လည်း introvert တစ်ယောက်အတွက်ကတော့ အဲ့လိုမဟုတ်ပါဘူး။ တကယ်ရှင်သန်မှုကို ခံစားရဖို့ဆိုရင် တစ်ချိန်ချိန်မှာ သင့်ကို ဝေးဝေးနေစေဖို့လည်း သူတို့ လိုအပ်ပါလိမ့်မယ်။ သူတို့ဟာ self-development အတွက် ၊ သူတို့ကိုယ်သူတို့ ဂရုစိုက်ဖို့အတွက် အချိန်လိုအပ်ပါတယ်။ “စာအုပ်တွေနဲ့ ကိုယ့်ဘာသာ အခန်းပိတ်ပြီးနေမယ်၊ ငါ့ကို ဘယ်သူမှ လာမနှောက်ယှက်ကြနဲ့”လို့ ဆိုလိုတာပါ။
၄။ သစ္စာရှိခြင်း
introvert တွေအနေနဲ့ သူတို့ဟာ ကိုယ့်ပါတနာကို လှည့်စားတာမျိုး၊ လိမ်လည်တာမျိုး လုံးဝမလုပ်ပါဘူး။ ဒါ့ကြောင့် သင့်ကိုလည်း သစ္စာရှိလိမ့်မယ်လို့ မျှော်လင့်နေမှာပါ။ ဒါက လူတိုင်းလိုလားတဲ့အရာဖြစ်ပေမယ့် တကယ်လို့ introvert တစ်ယောက်ကို လှည့်စားမယ်ဆိုရင် သင့်ကို စွန့်ခွာဖို့ နှစ်ခါစဉ်းစားလိမ့်မှာ မဟုတ်ပါဘူး။
၅။ အလွန်အမင်း သံသယမဖြစ်ပါနဲ့
သူ့မှာ အချိန်အများကြီး ပေးရတဲ့ သူငယ်ချင်းတွေရှိရင်၊ သူတို့သူငယ်ချင်းက ယောကျာ်းလေးတွေဖြစ်နေရင်တောင် သူ့ကို မယုံသင်္ကာဖြစ်စရာ မလိုပါဘူး။ သင့်အပေါ်မှာ သူလှည့်စားမှာ မဟုတ်ပါဘူး။ သူ့ကိုယုံပါ။ သူက လူအများကြီးနဲ့ အဆင်ပြေနေတတ်တာမဟုတ်ပါဘူး။ သူတကယ် နှစ်သက်တဲ့သူတွေနဲပဲ အနီးကပ်နေချင်တာပါ။
၆။ ပဋိပက္ခတွေကို ထိလွယ်ရှလွယ်ပါတယ်
သင်သိမှာပါ။ သူ့ကို အသံအကျယ်ကြီးနဲ့ အော်ပြောရင် မကြိုက်ပါဘူး။ သူ့ကို အရမ်းဂရုစိုက်တဲ့ သူတစ်ယောက်နဲ့ ရန်ဖြစ်ရတာကို သူတို့လည်း မုန်းပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့က ပဋိပက္ခတွေကို ရှောင်ဖို့ ကြိုးစားနေတတ်တာကြောင့် ရန်ဖြစ်တာက တစ်ခါတစ်လေမှာတောင် အဆင်မပြေပါဘူး။ သူတို့အမှားမဟုတ်ရင်တောင်မှ စိတ်မကောင်းပါဘူးလို့တောင် ပြောနိုင်ပါတယ်။
၇။ သင်နှင့်အတူ တန်ဖိုးရှိတဲ့အချိန်တွေပဲ လိုချင်ပါတယ်
အတူရှိနေချိန်မှာ သင့်ဖုန်းကိုပဲ ဆက်ကြည့်နေမယ်ဆိုရင် သူတို့အရမ်းစိတ်ဆိုးမိနိုင်ပါတယ်။ မတ်တပ်ထရပ်ပြီး ထွက်သွားနိုင်ပါတယ်။ ဒါက သင်တို့အတွက် ကြီးမားတဲ့ သဘောတူညီချက်မဟုတ်ဘူးလို့ ထင်ပါလိမ့်မယ်။ Introvert လေးတွေက သူတို့နဲ့ ဒိတ်ကြမယ်ဆိုရင် သူ့ကိုပဲ အာရုံစိုက်စေချင်ပါတယ်။
၈။ သူချစ်တယ်ဆိုတာလည်း သင့်ကိုသိစေချင်ပါတယ်
Introvert တွေက စိတ်ခံစားချက်တွေကို မဖော်ပြတတ်ကြပါဘူး။ ဒါပေမယ့် သင့်ရဲ့ introvert လေးက သင့်ကို သူတို့ချစ်တယ်ဆိုတာ သိစေချင်ပါတယ်။ သူတို့ဒါကို ခဏခဏ ထုတ်ပြောမှာ မဟုတ်ပါဘူး။ သူတို့က နာကျင်မှာကို ကြောက်တဲ့အတွက် သူတို့ရဲ့ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ဖွင့်မပြောချင်ကြပါဘူး။
၉။ ဘယ်အရာကိုမှ အတင်းအကျပ်မလုပ်ပါနဲ့
သူ့မှာ အချိန် လိုအပ်တယ်၊ လိုချင်တယ်။ introvert တစ်ယောက်က လူတစ်ယောက်ကို အကြောင်းအရာမယ်မယ်ရရမရှိဘဲ ချစ်နိုင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က သင့်ရဲ့ ဖော်ဖော်ရွေရွေနေတတ်တဲ့ အကျင့်စရိုက်ကြောင့် attack လုပ်ခံရသလို ခံစားရနိုင်လို့ပါ။ ပါတီပွဲတစ်ခုသွားဖို့ အတင်းအကျပ်မတိုက်တွန်းပါနဲ့။ သင့်မိဘတွေနဲ့ တွေ့ဆုံတာမျိုး ရိုးရှင်းတဲ့အလုပ်တစ်ခုလုပ်ဖို့ အတင်းအကျပ်မတောင်းဆိုပါနဲ့၊၊ သင်မသိတာလည်း ဖြစ်နိုင်ပေမယ့် ဒီအရာတွေက introvert တစ်ယောက်အတွက် အဆင်ပြေမှာ မဟုတ်ပါဘူး။ အဲဒီအတွက် သူတို့မှာ အချိန်လိုအပ်ပါတယ်။
၁၀။ ခမ်းနားကြီးကျယ်တဲ့ လုပ်ရပ်တွေ မလိုပါဘူး
သူတို့ကို ချစ်ကြောင်း ပြပါ။ သင်တို့ရဲ့အနာဂတ်နဲ့ ပတ်သတ်ပြီး ကြီးကြီးကျယ်ကျယ်တွေ ပြောဖို့ မလိုပါဘူး။ ဈေးကြီးတဲ့ လက်ဆောင်တွေလည်း သူမမက်မောပါဘူး။ သူမက်မောတာက သူတို့ရဲ့အရင်းနှီးဆုံးသူတွေကို ကောင်းပေးခြင်း ကဲ့သို့သော လုပ်ရပ်နည်းနည်းလေးပါပဲ။
Lifestyle_Myanmar
LM_Nandar
Source-herway.net