သင့်ရဲ့ရာသီခွင်ပေါ်အခြေခံတဲ့ သင့်ရဲ့ Psychopath အမျိုးအစားအကြောင်း
lifestylemyanmar.com
|
2021-07-28



psychopaths တွေအကြောင်း ကျွန်တော်တို့ တွေးတဲ့အခါ များသောအားဖြင့် အသိစိတ်မရှိဘဲ လူတွေကိုလိုက်သတ်ဖြတ်နေတဲ့ slasher ရုပ်ရှင်ထဲက လူဆိုးကို သွားမြင်တတ်ကြပါတယ်။ သို့သော် psychopaths တွေအားလုံးက လူသတ်သမားတွေမဟုတ်ပါဘူး။ တစ်ချို့က လူသတ်မှု လုံးဝမကျူးလွန်ပါဘူး။ တကယ်တော့ psychopathic ရာသီခွင်တွေ အများကြီးရှိပါတယ်၊ ဒါပေမယ့် psychopath တစ်ယောက်အဖြစ်နိုင်ဆုံးရာသီခွင်က ဘယ်သူတွေလဲ? ဒီအရာက ကျွန်တော်တို့ ဖြေဆိုဖို့ မျှော်လင့်နေတဲ့ မေးခွန်းဖြစ်ပါတယ်။

ပထမဦးဆုံး ဒီ psychopath တွေဟာ လူမှုအဖွဲ့အစည်းတွေနဲ့ လိုက်လျောညီထွေမဖြစ်တာ၊ ချစ်နိုင်စွမ်းမရှိတာ (သို့) အဓိပ္ပာယ်ပြည့်ဝတဲ့ ပါစင်နယ်ဆက်ဆံရေးကို ထူထောင်နိုင်စွမ်းမရှိတာ၊ တစ်ပါးသူတွေရဲ့ အခွင့်အရေးတွေကို တန်ဖိုးမထားတာ၊ ကိုယ့်ကိုယ်ကို ဗဟိုပြုလွန်းတာ၊ အလိမ်ညာပြောဆိုဖို့ ဝန်မလေးတာတွေ၊ လုပ်ခဲ့မိတဲ့ ပြဿနာတွေ အမှားတွေအတွက်လည်း ဘယ်လိုမှ နောင်တ မရတာတွေ များပါတယ်။ သင်ဟာ psychopath တစ်ယောက်ဖြစ်ခဲ့ရင် ဂရုမစိုက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

၁။ Aries: The Risk-Taker Psychopath

ဒီ မိဿရာသီဖွား Psychopath မျိုးက သူတို့လုပ်ရပ်တွေကို သူတို့မထိန်းချုပ်နိုင်ကြပါဘူး။ သူတို့ဟာ စိတ်လှုပ်ရှားမှုကို အမြဲတမ်းခံစားချင်ပြီး အန္တရာယ်များတဲ့ လုပ်ဆောင်မှုတွေကို လုပ်ချင်ကြပါတယ်။ ဘယ်အန္တရာယ်မျိုးမဆို ရင်ဆိုင်ဖို့ ကြောက်ရွံ့ခြင်းမရှိဘဲ ကြောက်မက်ဖွယ်ကောင်းတဲ့ ဆုံးဖြတ်ချက်တွေချရတာကို နှစ်သက်ကြပါတယ်။ သူတို့ကိုယ်တိုင်ကလည်း ကြောက်ရွံ့မှုခံစားရခြင်းကို နှစ်သက်ကြပါတယ်။

၂။ Taurus: The Thief Psychopath

ဒီပြိဿရာသီဖွား ဆိုက်ကိုပက်တွေဟာ အနာပေါ်ဒုတ်ကျသလို ဆတ်ဆတ်ထိမခံတတ်ကြပါဘူး။ သူတို့ကို မနာလိုမှုက လှုံ့ဆော်တတ်ပါတယ်။ သူတို့လက်လွှတ်လိုက်ရတယ်လို့ ထင်တဲ့အရာတွေကို ပြန်ယူလိုကြပါတယ်။ သူတို့ဘဝမှာ မရှိတဲ့အရာတွေအတွက် ခိုးယူခြင်း(သို့) တစ်စုံတစ်ယောက်ကို သူတို့ ဖျက်ဆီးနိုင်သလောက် ဖျက်စီးခြင်း၊ ပျက်စီးစေခြင်းဖြင့် သူတို့ကိုယ်သူတို့ လျော်ကြေးပေးတတ်ကြပါတယ်။ သူတို့ဘဝ ပိုကောင်းစားဖို့အတွက် သူတို့လုပ်ချင်တာ လုပ်ပိုင်ခွင့်ရှိတယ်လို့ ခံစားတတ်ကြပါတယ်။ သူတို့ဟာ မနာလိုမှု၊ အားကျမှု၊ မိမိကိုယ်ကို ရှေ့တန်းတင်မှု၊ လောဘကြီးမှု၊ ရုပ်ဝါဒဆန်မှုနှင့် ကိုယ့်ကိုယ်ကို အလိုလိုက်မှုတွေ ရှိကြပါတယ်။ ဒါပေမယ့် သူတို့မှာ အရာအားလုံး ရှိနေရင်တောင်မှ မပျော်နိုင်သေးပါဘူး။

၃။ Gemini: The Liar Psychopath

ဒီမေထုန်ရာသီဖွား ဆိုက်ကိုပတ်မျိုးအတွက် လိမ်လည်ခြင်းက အသက်ရှုရသလို လွယ်ကူပါတယ်။ လိမ်လည်ခြင်းက သူတို့အတွက် လွယ်ကူတဲ့အပြင် များသောအားဖြင့် အကြောင်းပြချက်အမှန်မရှိဘဲ တစ်ချိန်လုံးလိမ်ညာနေတတ်ကြပါတယ်။ အမှန်တရားနဲ့ မုသားရဲ့ ခြားနားချက်ကို သူတို့နားမလည်နိုင်ကြပါဘူး။ သူတို့ပြောတာက အမှန်တရား ဟုတ်လား/မဟုတ်လားဆိုတာကို သူတို့ဘာသာ မေးခွန်းထုတ်ခဲပါတယ်။ Liar Psychopath တွေဟာ တစ်စုံတစ်ယောက်ရဲ့ အားအနည်းဆုံးအစိတ်အပိုင်းကို ရွေးထုတ်ပြီး ကိုယ်ကျိုးရှာတတ်ကြပါတယ်။ သူတို့က လိမ္မာပါးနပ်ပြီး ချစ်စရာကောင်းတယ်၊ တစ်စုံတစ်ယောက်ကို သူတို့လိုချင်တာကို ရမယ့်အချိန်အထိ ဖြည့်ဆည်းပေးပြီး မျက်နှာချိုသွေးပါလိမ့်မယ်။ သူတို့ပြောတာတွေက အလိမ်အညာတွေများပြီး ပထမပြောခဲ့တဲ့စကားကို ချက်ချင်းမေ့သွားတတ်ကြတာကြောင့် သူတို့ကို အလွယ်တကူ လှည့်ပတ်အစ်အောက်လို့ ရနိုင်ပါတယ်။

၄။ Cancer: The Soulmate Psychopath

Soulmate Psychopath တွေက အားနည်းချက်ရှိတယ်၊ ချစ်စရာကောင်းတယ်၊ နှစ်လိုဖွယ်ကောင်းပါတယ်။ သူတို့က လူတွေနဲ့ စကားပြောတဲ့အခါ အတွေးအခေါ်တူတယ်၊ ယုံကြည်ချက်တွေ တူတယ်လို့ ထင်ပုံရပါတယ်။ ဒီ ကရကဋ် ဆိုက်ကိုပတ်အမျိုးအစားဟာ လူတိုင်းနဲ့ လိုက်ဖက်တယ်လို့ ထင်ရပါတယ်။ သူတို့မှာ ကျက်သရေရှိတယ်၊ ဆွဲဆောင်မှုရှိတယ်၊ ဘဝမှာ သူတို့ရဲ့ရည်ရွယ်ချက်က ချစ်ခြင်းမေတ္တာဖြစ်ဟန်တူပါတယ်။ သူတို့က အံ့သြစရာကောင်းတဲ့ ပါရမီရှင်တွေဖြစ်ကြပြီး အချစ်တွေပေးတတ်ကြပါတယ်။ သို့သော် တစ်စုံတစ်ယောက်ကို သူတို့ချိတ်မိသွားတာနဲ့ ချစ်ဖို့ကောင်းတဲ့အရာတွေ ပျောက်ကွယ်သွားပြီး သူတို့ဟာ ရန်လိုခြင်း၊ ပိုင်ဆိုင်လိုခြင်းနှင့် ကိုယ့်ကိုယ်ကို ဗဟိုပြုခြင်းတွေ ဖြစ်လာပါတယ်။

၅။ Leo: The Social Climber Psychopath

ဒီ Psychopath အမျိုးအစားဟာ သူတို့ရဲ့အလုပ်နဲ့ လူမှုရေးအသိုင်းအတိုင်းက ထိပ်ဆုံးမှာ အမြဲတမ်းရှိပါတယ်။ သို့သော် အလုပ်ခွင်မှာဖြစ်စေ၊ ပါတီပွဲမှာဖြစ်စေ နှစ်သက်စရာကောင်းနေနိုင်ပေမယ့် သူတို့ရဲ့ မိသားစုဝင်တွေအပေါ်မှာတော့ အကြမ်းဖက်တတ်ကြပါတယ်။ ဒီ Psychopath တွေက အရမ်းဉာဏ်ကောင်းပြီး သူတို့ရွေးချယ်ထားတဲ့ နယ်ပယ်တွေမှာ ပါရမီရှင်တွေ ဖြစ်ကြပါတယ်။ သူတို့က ထိန်းချုပ်မှုကို တောင်းဆိုတတ်ကြပြီး သူတို့ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ရှေ့ဆက်ဖို့ အခြားသူတွေကို ကြိုးကိုင်ချယ်လှယ်တတ်ကြပါတယ်။ သူတို့ဟာ သံသယတွေ များတတ်ကြပြီး လူမှုရေးတာဝန်ကျေပွန်မှု မရှိတတ်ကြပါဘူး။ သူတို့က first impression ကောင်းပေမယ့် သူတို့နှင့်အတူ အလုပ်လုပ်ပြီးရင် သူတို့တကယ် အငြိုးအတေးကြီးတာ၊ စိတ်လိုက်မာန်ပါလုပ်တတ်တာ၊ အားမကိုးရတာကို သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ စတင်တွေ့ရှိလာပါတယ်။

၆။ Virgo: The Academic Psychopath

ဒီ psychopaths တွေကို ဥပဒေ၊ ဆေးပညာ၊ ပညာရေးနှင့် သိပ္ပံဆိုင်ရာနယ်ပယ်ကဲ့သို့သော ပညာရှင်တွေ ပြည့်နှက်နေတဲ့ အလုပ်အကိုင်နယ်ပယ်တွေမှာ မကြာခဏ တွေ့ရှိနိုင်ပါတယ်။ သူတို့ဟာ သူတို့လိုချင်တဲ့နေရာကိုရဖို့အတွက် အချိန်ကုန်ခံလိုကြတဲ့ academic psychopaths တွေဖြစ်ကြပါတယ်။ တစ်ခါတစ်ရံ သူတို့ရွေးချယ်တဲ့အလုပ်အကိုင်တွေမှာ ကျွမ်းကျင်မှုရှိတတ်ကြသလို ကျန်အချိန်တွေမှာ သူတို့လိုချင်တဲ့ အသက်မွေးဝမ်းကျောင်းပညာရဲ့ဝေါဟာရတွေကိုလည်း ရင်းနှီးကျွမ်းဝင်အောင် လုပ်တတ်ကြပါတယ်၊ သူတို့လိုချင်တဲ့အရာကိုရဖို့ သူတို့ရဲ့အထောက်အထားတွေကို အတုလုပ်နိုင်ကြပါတယ်။ ကန်ရာသီဖွားတွေရဲ့ ကိုယ်ရေးအကျဉ်းက အမှန်တစ်ဝက် မမှန်တစ်ဝက်နှင့် မုသားတွေနဲ့ ပြည့်နှက်နေပါတယ်။

၇။ Libra: The Saint Psychopath

ဒီ psychopath အမျိုးအစားဟာ ‘သူတို့မှာ အပြစ်ကင်းစင်တဲ့ ကိုယ်ကျင့်တရားရှိတယ်’လို့ လူတိုင်းကိုထင်မြင်စေဖို့ ကြိုးစားတတ်ကြပါတယ်။ သူတို့က လူမဆန်ခြင်း၊ အကြံကြီးခြင်း၊ လှည့်စားတတ်ခြင်း၊ ထိန်းချုပ်တတ်ခြင်း၊ ခြယ်လှယ်တတ်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ညှည်းဆဲခြင်းနှင့် စာရိတ္တပျက်ပြားခြင်းကို ဆင်ခြေတစ်ခုအဖြစ် နိုင်ငံရေး (သို့) လူမှုရေးအခြေအနေတွေမှာ မကြာခဏ အသုံးချတတ်ကြပါတယ်။ ဒီ တူရာသီအမျိုးအစားဟာ ဘာသာရေးခေါင်းဆောင်တွေ၊ ကျောင်းဆရာတွေ၊ မိဘမဲ့ဂေဟာတွေ၊ ရဲအရာရှိအလုပ်တွေမှာ အလုပ်ရလေ့ရှိပါတယ်။ သူတို့ရဲ့ သူတော်ကောင်းဆန်မှုနှင့် တင်းကျပ်တဲ့ ကိုယ်ကျင့်တရားက သူတို့ရဲ့ဆိုးရွားသော စရိုက်လက္ခဏာမှန်ကို ဖုံးကွယ်ထားပါတယ်။

၈။ Scorpio: The Sexual Psychopath

ဒီ psychopath အမျိုးအစားက အခြေအနေ လုံးဝမသင့်လျော်တဲ့ အချိန်မှာတောင် အဲ့လိုစိတ်တွေ အမြဲတမ်းရှိနေတတ်ပါတယ်။ သူတို့မှာ များသောအားဖြင့် ပုံမှန်မဟုတ်တဲ့ လိင်စိတ်စွဲလမ်းမှုအမျိုးမျိုး ရှိပါတယ်။ သူတို့ရဲ့အကြိုက်ကို gender (သို့) အသက်အပိုင်းအခြား ကန့်သတ်မထားပါဘူး။ ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ သူတို့အတွက် ပစ်မှတ်ဖြစ်နိုင်ပါတယ်။ Sexual Psychopath တွေက သူတစ်ပါးကို လွှမ်းမိုးချုပ်ကိုင်ရတာ၊ ထိန်းချုပ်ရတာ၊ သြဇာပေးရတာကို နှစ်သက်ကြပါတယ်။ sex crimes တွေလိုပဲ ဒီဗြိစ္ဆာအတွက် လိင်ကိစ္စက သာယာမှုလောက်မဟုတ်ဘဲ လူတစ်ယောက်ကို လွှမ်းမိုးချုပ်ကိုင်ဖို့ဖြစ်ပါတယ်။

၉။ Sagittarius: The Seller Psychopath

Seller Psychopath ကို ‘တစ်ပတ်ရစ်ကားအရောင်းဝန်ထမ်း’အဖြစ် သိကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့လုပ်နေတာတွေက သူတို့ကိုယ်သူတို့ ရောင်းဖို့ ကြိုးစားခြင်း ဖြစ်နေရင်တောင်မှ သူတို့ဟာ ဘယ်သူ့ကိုမဆို ဘာဖြစ်ဖြစ် ရောင်းနိုင်ကြပါတယ်။ သူတို့အနေနဲ့ လူတစ်ယောက်ကို ဆွဲဆောင်ဖို့ ‘ဝယ်ချင်လာအောင် အမွှမ်းတင်တဲ့နည်း’ကို သုံးတတ်ကြပါတယ်။ ဒီဓနုရာသီဖွားဆိုက်ကိုပတ်မျိုးက သူတို့သားကောင်တွေကို သူတို့လို ကြိုက်နှစ်သက်လာအောင် ဘာမဆိုလုပ်ပါလိမ့်မယ်။ ဝယ်သူကို သူတို့က ကျွမ်းကျင်သူတစ်ယောက်ဖြစ်တယ်လို့ ယုံကြည်လာအောင် ကြိုးစားတတ်ကြပါတယ်။

၁၀။ Capricorn: The Paranoid Psychopath

ဒီမကာရရာသီ psychopath တွေဟာ အကြောင်းပြချက်လုံးဝမရှိရင်တောင် လူတိုင်း၊ အရာရာတိုင်းကို သံသယဖြစ်လေ့ရှိပါတယ်။ သူတို့က သူတို့ရဲ့ သံသယတွေကို လမ်းလွဲစေဖို့ တခြားသူတွေအား အမှားလုပ်တယ်လို့ စွပ်စွဲလေ့ရှိပါတယ်။ အတိတ်က အမှားတစ်ခုအတွက် သူတို့ကိုယ်သူတို့ အပြစ်လွှတ်စေချင်တဲ့ဆန္ဒရှိကြသော်လည်း သူတို့လုပ်သမျှက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဘယ်တော့မှ တာဝန်ယူမှာမဟုတ်ပါဘူး။

၁၁။ Aquarius: The Anti-Social Psychopath

ဒီကုံရာသီဖွားအမျိုးအစားဟာ လူမှုရေးစံနှုန်းတွေကို အတည်ပြုဖို့နှင့် ဥပဒေကိုလိုက်နာဖို့ ငြင်းဆန်တတ်ကြပါတယ်။ သူတို့က တသမတ်တည်း လိမ်ပြောတတ်ကြပါတယ်။ နာမည်တုကို သုံးပါတယ်။ သူတို့ရဲ့ကိုယ်ကျိုးစီးပွားအတွက် အခြားသူတွေကို လှည့်စားခြင်းက သူတို့အတွက် ပြဿနာမရှိပါဘူး။ သူတို့ဟာ စိတ်တိုလွယ်၊ ရန်လိုလွယ်တတ်ကြပြီး သူတို့ကိုယ်သူတို့နှင့် အခြားသူတွေရဲ့ လုံခြုံမှုကို လုံးလုံးလျားလျား လျစ်လျူရှုထားတတ်ပါတယ်။ ကုံရာသီဖွားမှာ တည်ငြိမ်တဲ့ အလုပ်ရှိတာ ရှားပါတယ်။ အနာဂတ်အတွက် plan ဘယ်တော့မှမချနိုင်ပါဘူး။ သူတို့ထိခိုက် နစ်နာနေတဲ့အချိန်တွေကို ရှာကြံအကြောင်းပြနိုင်စွမ်းရှိပါတယ်။

၁၂။ Pisces: The Artist Psychopath

ဒီဆိုက်ကိုပတ်မျိုးက ဖန်တီးမှုရှိသူတွေရဲ့ဝန်းကျင်မှာ နေရတာကို နှစ်သက်ကြပါတယ်။ လိုက်လျောညီထွေမရှိတဲ့ လူအမျိုးအစားဖြစ်တာကြောင့် သူတို့က ထင်ရှားလိမ့်မှာ မဟုတ်ပါဘူး။ သူတို့ကိုယ်သူတို့ကလွဲပြီး ဘယ်အရာကိုမှ စိတ်မဝင်စားကြပါဘူး။ သူတို့ကိုယ်သူတို့ ပိုပြီးကြီးကျယ်ခမ်းနားတဲ့ပုံပေါ်စေဖို့ သူတို့အသုံးပြုနိုင်တဲ့ follower တွေကိုသာရှာပါတယ်။ သူတို့ကိုယ်သူတို့ ချစ်စရာကောင်းတဲ့၊ အနုပညာ၊ ပါရမီရှင်တွေအဖြစ် ပုံဖမ်းကြသလို အခြားသူတွေကိုလည်း ခြယ်လှယ်တတ်ကြပါတယ်။ သူတို့မှာ သူတို့ရဲ့အားသာချက်ကို အသုံးချဖို့ နှုတ်ရေးကျွမ်းကျင်မှုတွေ ရှိကြပါတယ်။

Lifestyle_Myanmar
LM_Nandar


Source-yourtango




Some text some message..