စိတ်ဆိုးနေတဲ့ရည်းစားကို ပြုံးလာအောင်လုပ်ပေးနိုင်မယ့် နည်းလမ်း ၅ ခု
mystylemyanmar.com
|
2021-07-31

ကိုယ့်ဘက်ကအမှားလုပ်ထားမိလို့ပဲဖြစ်ဖြစ်၊ လွန်ထားမိလို့ပဲဖြစ်ဖြစ်၊ သူမကြိုက်တာလုပ်ထားမိလို့ပဲဖြစ်ဖြစ် ရည်းစားက စိတ်ဆိုးနေပြီဆိုရင် စိတ်ဆိုးပြေအောင် ပြန်ချော့ရမှာ ကိုယ့်တာဝန်ပါပဲ။ ဒါကြောင့် စိတ်ဆိုးနေတဲ့ရည်းစားကို ပြုံးလာအောင်၊ သင့်အပေါ်စိတ်ဆိုးပြေသွားအောင် လုပ်ပေးနိုင်မယ့် အလွယ်ကူဆုံးနည်းလမ်း ၅ ခုကို မျှဝေပေးလိုက်ပါတယ်။


စိတ်ကျေနပ်တဲ့အထိတောင်းပန်ပါ




ရည်းစားကို စိတ်ဆိုးအောင်လုပ်ထားမိပြီဆိုရင် ကိုယ့်ဘက်ကမှားတာဖြစ်လို့ အရင်ဆုံးလုပ်ရမှာကတော့ သူစိတ်ကျေနပ်တဲ့အထိ တောင်းပန်ရမှာပါပဲ။ ဆက်သွယ်လို့မရအောင်လုပ်ထားလည်း တစ်နည်းမဟုတ်တစ်နည်းနဲ့ လိုက်တောင်းပန်ပြီး ပြန်ချော့ရင် ဘယ်သူမဆို စိတ်ပြေပြီး ကျေနပ်ပါတယ်။ ကိုယ့်ရဲ့ကြိုးစားမှုကို အသိအမှတ်ပြုပြီး သဘောကျကြတာပါပဲ။


သူကြိုက်တတ်တာလေးတွေလုပ်ပေးပါ




စိတ်ဆိုးအောင်လုပ်ထားပြီးပြီဆိုရင်တော့ သူစိတ်ပြေအောင်၊ ပြုံးလာအောင် သူကြိုက်တတ်တာလေးတွေကို လုပ်ပေးလို့ရပါတယ်။ သူကြိုက်တဲ့ပုံစံလေးတွေလုပ်ပြတာမျိုး၊ သူကြိုက်တတ်တာလေးတွေကိုလုပ်ပြီး ပို့ပေးတာမျိုး၊ ပြန်ချော့တာမျိုးလုပ်ပေးရင် သဘောကျကြပါတယ်။


လက်ဆောင်ပေးပါ




ဘာမှသိပ်ပြီးမလုပ်တတ်ရင် ကိုယ့်ရည်းစားစိတ်ဆိုးစိတ်ကောက်ပြေပြီး ပြုံးလာအောင် လက်ဆောင်လေးတွေပေးပြီး တောင်းပန်တာမျိုး၊ ချော့တာမျိုး လုပ်လို့ရပါတယ်။ ခဏတာ စိတ်ဆိုးစိတ်ကောက်ကြတာဆိုရင် ကိုယ်ပေးတဲ့ လက်ဆောင်လေးမြင်တာနဲ့ ပြုံးမိနေမှာပါ။


မုန့်သွားစားပါ




စိတ်ဆိုးနေတဲ့ရည်းစားကို ပြုံးလာအောင်၊ စိတ်ကျေနပ်ပြီး စိတ်ဆိုးပြေလာအောင် လုပ်ပေးနိုင်မယ့် နောက်ထပ်နည်းလမ်းကတော့ မုန့်ကျွေးတာပါပဲ။ အပြင်ကိုရအောင်ခေါ်ထုတ်ပြီး သူစားချင်တဲ့မုန့်တွေ လိုက်ကျွေးပြီး ပြန်ချော့ပါ။


အရင်ထက်ပိုဂရုစိုက်ပြပါ




ကိုယ့်ရည်းစားက စိတ်ဆိုးနေရင် အရင်ထက်ပိုပြီး သေးသေးလေးကအစ လိုက်ဂရုစိုက်ပြပါ။ သူ့ကိုဘယ်လောက်ချစ်ကြောင်း ပြောပြပြီး တောင်းပန်တာ၊ ချော့တာမျိုးလည်း လုပ်လို့ရပါတယ်။

photo source:www.freepik.com




Some text some message..