တစ်ဘဝလုံးအတွက်လက်တွဲမယ်လို့ မဆုံးဖြတ်ရသေးတဲ့သူတစ်ယောက်ရဲ့ရှေ့မှာ မပြောပြသင့်သေးတဲ့အရာတစ်ချို့
mystylemyanmar.com
|
2021-07-31

အရွယ်ရောက်နေတဲ့သူတစ်ချို့ရဲ့ ပထမဆုံးချိန်းတွေ့ကြတဲ့ အချိန်တွေဟာ အရမ်းကိုရင်ခုန်စရာဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် အခုမှစပြီး သိကျွမ်းကြတဲ့သူစိမ်းတွေဖြစ်တာကြောင့် ဆက်ဆံရေးပိုပြီးအဆင်ပြေအောင် မပြောသင့်သေးတဲ့အရာတွေဆိုတာကလည်း ရှိသေးတယ်လို့ပြောလို့ရတာပေါ့။

အခုမှစတွေ့ပြီး တစ်ဘဝလုံးအတွက်လက်တွဲမယ်လို့ မဆုံးဖြတ်ရသေးတဲ့သူတစ်ယောက်ရဲ့ရှေ့မှာ မပြောပြသင့်သေးတဲ့အရာတစ်ချို့ကို ပြောပြပေးချင်ပါတယ်။

အတိတ်ကအချစ်ရေး




အခုမှစပြီးတော့ လက်တွဲမယ်လို့ဆုံးဖြတ်ပြီး အပြင်မှာတွေ့ကြဖို့ချိန်းဆိုတဲ့နေ့ရက်မျိုးတွေမှာ တစ်ယောက်အကြောင်းကိုတစ်ယောက် ပြောပြရင်းနဲ့ ရင်းနှီးမှုတွေစပြီးယူကြတာက အလေ့အကျင့်ဆိုပေမယ့် ဒီလိုအချိန်မျိုးတွေမှာ အတိတ်ကဖြစ်ခဲ့တဲ့အချစ်ရေးအကြောင်းတွေကို မေးမြန်းတာ၊ ပြောဆိုတာမျိုးတွေကို ရှောင်ဖို့လိုပါတယ်။ ကိုယ့်ရဲ့အချစ်ရေးကိုအသစ်ပြန်စတင်နေတဲ့အချိန်မှာ အရင်အကြောင်းတွေကိုပြန်ပြီး မတူးဆွသင့်ဘူးပေါ့။

နိုင်ငံရေးအကြောင်း




လူတစ်ယောက်နဲ့တစ်ယောက်မှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အမြင်တွေအယူဝါဒတွေ မတူညီနိုင်ကြပါဘူး။ အခုမှချစ်ကြိုက်ဖို့ စတင်နေတဲ့အချိန်မှာ ကြည်နူးစရာလေးတွေကိုပြောဆိုနေရမှာကို ဒီနိုင်ငံရေးအကြောင်းတွေပြောရင်း အယူအဆတွေမလွဲမှားသွားပါစေနဲ့နော်။

ငွေကြေးအကြောင်းအရာ




ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေ၊ တစ်လကိုဘယ်လောက်ရှာဖွေနိုင်တယ်ဆိုတာမျိုးတွေကို ပြောပြဖို့အချိန်မကျသေးဘူးလို့ သတ်မှတ်ထားဖို့လိုပါတယ်။ ကိုယ့်အကြောင်းတွေကိုပြောရင်လည်း ကြွားသလိုဖြစ်နိုင်ပြီး သူ့အကြောင်းကိုမေးပြန်ရင်လည်း ငွေမက်သူတစ်ယောက်လို့ ယူဆခံရနိုင်ပါတယ်။ ကိုယ့်ရဲ့အလုပ်အကိုင်အကြောင်းနဲ့ ဘယ်လိုစိတ်ဝင်စားစရာကောင်းတယ်ဆိုတာမျိုးတွေကို ပြောပြသင့်ပေမယ့် ငွေကြေးပိုင်းကိုတော့ ခဏချန်ထားခဲ့ပါနော်။

မိသားစုအတွင်းရေး




ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အခုမှစပြီးတော့သိတဲ့သူတစ်ယောက်ရဲ့ရှေ့မှာ ကိုယ့်ရဲ့အိမ်တွင်းရေးဖြစ်တဲ့ မိသားစုအဆင်မပြေတဲ့အကြောင်းအရာမျိုးတွေကို အသေးစိတ်ပြောပြနေဖို့ မလိုအပ်သေးဘူးလို့ထင်ပါတယ်။

Photo Source: Pinterest




Some text some message..