လူတွေက သင့်ကို narcissist တစ်ယောက်ဖြစ်နေမှာ စိုးရိမ်နေပါသလား? ဒီလိုမဟုတ်ဘဲ သင့်ရဲ့ ထင်မြင်ချက်တွေကို ထုတ်ဖော်လေ့မရှိဘဲ ဒီအတိုင်းအေးအေးဆေးဆေးပဲ နေတတ်သူမျိုးလား? ဒီလိုဆိုရင် သင်ဟာ echoist တစ်ယောက်ဖြစ်နိုင်ပါတယ်။ echoism တွေဟာ narcissim တွေရဲ့ ဆန့်ကျင်ဘက်တွေဖြစ်ပါတယ်။
echoism ဆိုတာ ဘာလဲ?
Echoism ဆိုတာ တစ်ခါတရံမှာ Echo Personality disorder (EPD) အဖြစ် လူသိများပြီး စိတ်ပညာဆိုင်ရာအယူအဆတစ်ခုဖြစ်ပါတယ်။ ကိုယ်ရည်ကိုယ်သွေးပင်ကိုယ်စရိုက်တစ်ခုအဖြစ်လည်း သတ်မှတ်ပါတယ်။ ၎င်းအမူအကျင့်လက္ခဏာတွေကတော့ ကိုယ်ပိုင်လိုအပ်ချက်တွေ၊ လိုအင်ဆန္ဒတွေနှင့် စိတ်ခံစားချက်တွေကို စွန့်လွှတ်ခြင်း နှင့် လျစ်လျူရှုခြင်းတို့ပြုလုပ်တတ်ကြပြီး တစ်ခြားလူတွေရဲ့ လိုအင်ဆန္ဒတွေ၊ လိုအပ်ချက်တွေနှင့် စိတ်ခံစားချက်တွေကို ခေါင်းထဲထည့်ထားတတ်သူတွေဖြစ်ပါတယ်။ narcissists တွေက သူတို့ကိုယ်တိုင်အတွက် စိုးရိမ်ပူပန်နေချိန်မှာ echoist တွေက သူတို့အတွက် စိုးရိမ်တာမျိုး အင်မတန်နည်းပါးပါတယ်။ ၎င်းတို့ဟာ ကြင်နာတတ်သူတွေဖြစ်ရုံသာမက ကိုယ်ကျိုးမဖက် စေတနာသဒ္ဓါတရားထက်သန်သူတွေလည်းဖြစ်ပါတယ်။
Echo နှင့် Narcissus တို့ရဲ့ ဒဏ္ဍာရီလာပုံပြင်
narcissism နှင့် echoism တို့ရဲ့ မူရင်းအယူအဆက ရှေးခေတ်ဂရိဒဏ္ဍာရီကနေ ဆင်းသက်လာခြင်းဖြစ်ပါတယ်။ Ovid ရဲ့ Metamorphoses ဒဏ္ဍာရီအရ တောင်စောင့်နတ်သမီးလေ Echo ဟာ အင်မတန်ချောမောခန့်ငြားသော မုဆိုး Narcissus ကို ချစ်မြတ်နိုးခဲ့ပါတယ်။ နတ်သမီး Echo ဟာ တကယ်တော့ နတ်ဘုရားမ Hera ရဲ့ ကျိန်စာကြောင့် ပဲ့တင်သံတွေသာ ပြောဆိုနေရသူဖြစ်ပါတယ်။ ဒါ့ကြောင့် Echo တစ်ယောက် Narcissus နောက်တစ်ကောက်ကောက်လိုက်ပြီး Narcissus ပြောသမျှ သံယောင်လိုက်ရင်း အမြဲတစ်ကောက်ကောက်လိုက်နေပေမယ့် Narcissus ကတော့ Echo ရဲ့ စိတ်ကူးယဉ်ဆန်သော အချစ်တွေကို ငြင်းပယ်ခဲ့ပြီး ရေပြင်မှာ ရောင်ပြန်ဟပ်လာတဲ့ ၎င်းရဲ့ ပုံရိပ်ကိုသာ ချစ်မြတ်နိုးပြီး စွဲလမ်းနေခဲ့ပါတယ်။
ဒဏ္ဍာရီအရ Narcissus ဟာ Echo နဲ့ မတွေ့ခင် အသက် (၁၆) ရွယ်အထိ ၎င်းရဲ့ ရုပ်ရည်အသွင်အပြင်ဘယ်လိုရှိတယ်ဆိုတာ မသိရဘဲ ကြီးပြင်းလာခဲ့သူဖြစ်ပါတယ်။ ၎င်းမိဘတွေက သားဖြစ်သူရဲ့ ထူးခြားလှပသော ရုပ်ရည်ကြောင့် အနာဂတ်အတွက် အစိုးရိမ်လွန်ပြီး နိမိတ်ဖတ်ဆရာ Teiresias ရဲ့ စကားအတိုင်း သူ့ကိုယ်သူမသိစေဖို့ ကာကွယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာတော့ Narcissus ဟာ မစားနိုင် မသောက်နိုင်နဲ့ ၎င်းရုပ်ရည်ကိုသာ တစ်ချိန်လုံးတပ်မက်ပြီး ၎င်းရဲ့ လိုအင်ဆန္ဒတွေကို မပိုင်ဆိုင်နိုင်တော့တာကြောင့် စွဲလမ်းလွန်ပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့ပါတယ်။ ၎င်းကြည့်နေကျ ရေကန်ထဲကို ပြုတ်ကျခဲ့တယ်လို့ ရေးသားဖော်ပြကြပါတယ်။ ဒီအချိန်မှာ သေလုဆဲဆဲ Narcissus ကို ကယ်တင်ဖို့ Echo တစ်ယောက်ငိုကြွေးပြီး Hera နတ်ဘုရားမထံအကူအညီတောင်းခဲ့တာကြောင့် Narcissus ရဲ့ အလောင်းဟာ ပန်းတစ်ပွင့်ဖြစ်ခဲ့ပါတယ်။ ဒဏ္ဍာရီတွေမှာ ရောမဗားရှင်းတွေလည်း ရှိသလို တစ်ခြားဗားရှင်းတွေလည်း တော်တော်များများတွေ့ရပါတယ်။
Echoist တွေဟာ သူတို့ရဲ့ နာမည်တွေလိုပဲ သူတို့ရဲ့ ကိုယ်ပိုင်အသံ(ထင်မြင်ယူဆချက်) တွေကို ရရှိဖို့ တော်တော်လေးရုန်းကန်ကြရပါတယ်။
Echoist တွေရဲ့ ကိုယ်ရည်ကိုယ်သွေး (၁၄) ချက်
၁။ သူတို့က တစ်ခြားလူတွေက သူတို့ကို narcissists တွေလို့ ထင်မြင်ကြမှာ အင်မတန်ကြောက်ကြသူတွေဖြစ်ပြီး လူကြားထဲမှာ ပုန်းနေတတ်သူတွေဖြစ်ပါတယ်။ တစ်ကိုယ်ကောင်းဆန်သူ၊ အပြစ်လုပ်တတ်သူနှင့် မထိုက်တန်သူတစ်ယောက်လို ခံစားရတာကြောင့် နေရာယူတာမျိုးကို မုန်းကြသူတွေပါ။
၂။ echoist အမူအကျင့်ရှိသူတွေဟာ စိုးရိမ်ပူပန်ခြင်းတွေနှင့် ကိုယ့်ကိုယ်ကိုယ်လေးစားမှု၊ တန်ဖိုးထားမှုနိမ့်ကျနေတတ်ပြီး စိတ်ဓာတ်ကျလွယ်သူတွေလည်းဖြစ်ပါတယ်။
၃။ သူတို့ဟာ အကူအညီတောင်းဖို့ ၊ သူတို့ရဲ့ အတွေးအခေါ်တွေကို ထုတ်ဖော်ဖို့၊ သူတို့ရဲ့ ထင်မြင်ချက်တွေကို ချပြဖို့ အင်မတန်ခက်ခဲနေကြပြီး စိတ်ခံစားမှုဆိုင်ရာပြဿနာရှိသူတွေလည်း ဖြစ်ကြပါတယ်။
၄။ သူတို့ဟာ narcissus တွေနဲ့ မိတ်ဆွေအပေါင်းအသင်းဖြစ်ဖို့၊ ချစ်သူရည်းစားဖြစ်ဖို့ ဆွဲဆောင်တတ်သူတွေပါ။
၅။ တစ်ခြားလူတွေရဲ့ လိုအပ်ချက်တွေကသာ ပထမဦးစားပေးဖြစ်ပြီး သူတို့ရဲ့ ပျော်ရွှင်မှုကို အဲ့ဒီနည်းလမ်းနဲ့ ရှာဖွေကြပါတယ်။ တစ်ခြားလူတွေကို ကူညီပြီး ပံ့ပိုးရမယ်ဆိုရင် မပြီးနိုင်မစီးနိုင် လုပ်ကြသူတွေပါ။
၆။ Echoists တွေဟာ ကိုယ်ပိုင်သီးသန့်နယ်ပယ်မထားတတ်ကြဘဲ ”no” လို့ ပြောဖို့ ဝန်လေးကြသူတွေလည်းဖြစ်ပါတယ်။
၇။ သူတို့ရဲ့ ကိုယ်ပိုင်လိုအပ်ချက်တွေ၊ လိုအင်ဆန္ဒတွေနဲ့ ပတ်သက်လာရင် တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် အားနည်းခြင်းလို့ ယုံကြည်ကြပြီး တစ်ခြားသူတွေရဲ့ လိုအပ်ချက်တွေကတော့ သဘာဝလို့ ထင်ကြပါတယ်။
၈။ သူတို့ကိုယ်သူတို့ လူကြားထဲမှာ အော်ဟစ်ပြောဆိုခြင်းနှင့် ဒေါသကို ဖော်ပြခြင်းက ရှက်စရာကောင်းသော အပြုအမူနှင့် အပြစ်ရှိသော အရာဖြစ်တယ်လို့ ခံစားကြရပါတယ်။
၉။ Narcissus တွေရဲ့ ညှင်းပန်းနှိပ်စက်မှုနှင့် လျစ်လျူရှုခြင်းကို ခံရလေ့ရှိသူတွေဖြစ်ပါတယ်။
၁၀။ သူတို့ကိုယ်တိုင်ရဲ့ မိမိကိုယ်ကိုယ်ညှင်းပန်းနှိပ်စက်ခြင်းနှင့် လျစ်လျူရှုခြင်းကိုလည်း ခံရလေ့ရှိသူတွေဖြစ်ပါတယ်။
၁၁။ သူတို့ကိုယ်သူတို့ထက် ဆက်ဆံရေးကို ပိုဦးစားပေးတာကြောင့် ဆက်ဆံရေးမှာ အလျှော့အတင်းလုပ်ရတာတွေ၊ အနစ်နာခံရတာတွေကို နှစ်ခြိုက်သူတွေပါ။
၁၂။ သူတို့ဟာ အလွန်စာနာတတ်ရုံမက ထိခိုက်လွယ်ပြီး တစ်ခြားလူတွေရဲ့ လိုအပ်ချက်တွေကို အလွယ်တကူနားလည်နိုင်သော်လည်း သူတို့ရဲ့ လိုအပ်ချက်တွေကိုတော့ ထုတ်ဖော်ဖို့ ပျက်ကွက်ကြသူတွေပါ။
Lifestyle_Myanmar
Nyein_Thu
Ref-themindjournal, ……..