Relationship တစ်ခုမှာ Trust Issues ကဘာလို့အရေးကြီးတာလဲ
mystylemyanmar.com
|
2021-08-09

တစ်ယောက်နဲ့တစ်ယောက်သဘောကျပြီး လက်တွဲခဲ့ကြတယ်။ ကိုယ်က အရင်Relationship တွေမှာ သစ္စာဖောက်တာခံခဲ့ရတယ်။ အမြဲတမ်းထားခဲ့ခံရတယ် စသဖြင့်သောအကြောင်းအမျိုးမျိုးတွေကြောင့် လက်ရှိ Relationship မှာလည်းသံသရာစိတ်တွေများနေမယ်၊ ယုံကြည်မှုတွေမရှိဘူး စသည်ဖြင့် အခြေအနမျိုးတွေပေါ့နော်။ Trust Issues မရှိတော့ရင်ဘာတွေဆက်ဖြစ်လာနိုင်မလဲ ?


အပြစ်မြင်လာခြင်း



ငါနဲ့အတူမရှိတဲ့အချိန်ဆို သူဘာတွေလုပ်နေမလဲ၊ တစ်ခြားကောင်မလေးတစ်ယောက်ယောက်နဲ့များ အတူတူရှိနေမလား စတဲ့အတွေးတွေကနေ အပြစ်မြင်ခြင်းကစတတ်ပါတယ်။ သူတကယ်အလုပ်တွေရှုပ်နေလဲ ငါကိုအချိန်မပေးဘူးဆိုပြီး သံသရတွေများနေတတ်ပါတယ်။ တကယ်တော့ ဒီအချက်ကနှစ်ယောက်ကြားမှာ စိတ်ရှုပ်ထွေးစရာလည်း ဖြစ်သလိုမပျော်ရွှင်ရတဲ့ Relationship တစ်ခုဖြစ်သွားမှာပါနော်။


Healthy ဖြစ်တဲ့ Relationship ကိုမတည်ဆောက်နိုင်ခြင်း



သံသယစိတ်တွေများလာတဲ့အခါ အကြောင်းအရင်းကိုမရှာပဲနဲ့ ကိုယ့်အပြစ်ကနေလွဲပြီး တစ်ဖက်လူကိုပဲအပြစ်တွေပုံချနေရင် ကိုယ့်နဲ့အတူလက်တွဲနေတဲ့သူက ကိုယ့်နဲ့အတူရှိတာတောင်မပျော်တော့တာမျိုး မွန်းကြပ်တာမျိုးတွေခံစားနေရပြီးဆိုရင် လမ်းခွဲဖို့က ၈၀%နှုန်းလောက်ဖြစ်လာနိုင်ပါတယ်နော်။ နှစ်ယောက်က ချစ်လို့ပဲလက်တွဲခဲ့ကြတာဆိုတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ နေသင့်ပါတယ်နော်။


စိတ်ကုန်လာခြင်း


ချစ်သူရည်းစားတွေကြားမှာ ရန်တွေဖြစ်တိုင်းခဏခဏပြောကြတဲ့စကားတွေက ငါနင့်ကိုစိတ်ကုန်နေပြီလို့ အရမ်းစိတ်ပျက်နေပြီဆိုပြီး ဒီလိုမျိုးNegative ဆန်တဲ့စကားလုံးတွေက စကားများတိုင်ပါလာမယ်။ လမ်းခွဲမယ်ဆိုရင်စကားတွေ ထပ်ခါထပ်ခါပြေမယ်။ဒီလိုမျိုးစိတ်ခံစားချက်တွေဖြစ်လာရခြင်းအကြောင်းအရင်းကလည်း နားလည်မှုတွေမရှိတော့တာ၊ ယုံကြည်မှုတွေလျော့နည်းလာလို့ပါ။

Photo Source – Free.pik




Some text some message..