သင့်ရဲ့ရာသီခွင်ပေါ်မူတည်ပြီး သင်လိုအပ်တဲ့ သူငယ်ချင်းအမျိုးအစား
lifestylemyanmar.com
|
2021-08-10



လူတိုင်းက ကိုယ့်အကြောင်းကို သိတဲ့သူ၊ နားလည်ပေးမယ့်သူ၊ အခက်အခဲတွေနဲ့ ကြုံလာတဲ့အခါ ကိုယ့်အနားမှာ အမြဲရှိနေပေးမယ့် အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ကို လိုချင်ကြပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ သူငယ်ချင်းအမျိုးအစားကို အဓိပ္ပာယ်ဖွင့်ပုံချင်းကတော့ တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ သင်က ဘယ်သူလဲ? သင်ဘယ်လိုတွေးသလဲ? သင့်ရဲ့ပင်ကိုယ်စရိုက်က ဘယ်လိုလဲ? သင့်ရာသီခွင်ကဘာလဲ? ..အဲ့ဒါကို အခြေခံပြီး သင့်ကို လမ်းကြောင်းမှန်ပေါ်ရှိနေအောင် ကူညီပေးလိမ့်မယ့် ၊ ကျောက်ဆောင်တစ်ခုလို ရပ်တည်ပေးမယ့် သူငယ်ချင်းတစ်ယောက်ရှိဖို့ လိုအပ်ပါတယ်။




ဒီတော့ သင့်ရာသီခွင်လက္ခဏာပေါ်မူတည်ပြီး သင်လိုအပ်တဲ့ သူငယ်ချင်းမျိုးကို သိဖို့ အဆင်သင့်ဖြစ်နေပြီလား?

၁။ မိဿရာသီဖွား (March 21 – April 19)

တည်ငြိမ်မှုရှိပြီး လိုအပ်ချိန်မှာ သူတို့ပခုံးပေါ်ခေါင်းမှီခွင့်ပေးမယ့် သူတစ်ယောက်

၂။ ပြိဿရာသီဖွား (April 20 – May 20)

တတွတ်တွတ် စကားပြောပေးမယ့် သူတစ်ယောက်

သင်ဟာ Listener ကောင်းတစ်ယောက်(Air or Water signs) ဖြစ်တာကြောင့် စကားဝိုင်းကို ဆက်ထိန်းထားနိုင်သူတစ်ယောက် လိုအပ်ပါတယ်။

၃။ မေထုန်ရာသီဖွား (May 21 – June 20)

ကောင်းကောင်း နားထောင်ပေးမယ့်သူတစ်ယောက်

သင့်ကို စိတ်ဝင်တစားနဲ့ အာရုံစိုက်နေမယ့် သူတစ်ယောက်လိုအပ်ပါတယ်။

၄။ ကရကဋ်ရာသီဖွား (June 21 – July 22)

ကိုယ်ချင်းစာတတ်တဲ့ သူငယ်ချင်းတစ်ယောက်

ခက်ခဲတဲ့အချိန်မှာ သင့်ကို ပွေ့ဖက်ပေးဖို့ အမြဲရှိနေမယ့် သူတစ်ယောက်လိုအပ်ပါတယ်။

၅။ သိဟ်ရာသီဖွား (July 23 – August 22)

သင့်ကို ချီးကျူးပေးမယ့်သူတစ်ယောက်

ဘယ်လိုချီးကျူးစကားပြောပေးရမယ်ဆိုတာ ကောင်းကောင်းသိတဲ့သူတစ်ယောက် လိုအပ်ပါတယ်။

၆။ ကန်ရာသီဖွား (August 23 – September 22)

သင့်အတွက် အရမ်းသစ္စာရှိမယ့် သူငယ်ချင်းတစ်ယောက်

သူငယ်ချင်းဆိုတာ ဘဝမှာ အရေးပါဆုံးသူတွေ ဖြစ်တာကြောင့် သင့်ကို ဘယ်တော့မှ စွန့်ခွာသွားမှာမဟုတ်တဲ့ သူတစ်ယောက် လိုအပ်ပါတယ်။

၇။ တူရာသီဖွား (September 23 – October 22)

အပြောင်းအလဲလုပ်ဖို့ အမြဲတမ်း ပွင့်ပွင့်လင်းလင်းပြောသူတစ်ယောက်

သူတို့က သင့်ရဲ့comfort zone မှ သင့်ကိုလွတ်မြောက်အောင် ကူညီနိုင်တာကြောင့် လောကကြီးကို ထိပ်တိုက်ရင်ဆိုင်ပြီး ပြောင်းလဲဖို့ ပွင့်ပွင့်လင်းလင်းပြောမယ့်သူတစ်ယောက် လိုအပ်ပါတယ်။

၈။ ဗြိစ္ဆာရာသီဖွား (October 23 – November 21)

ဟာသဉာဏ်ကောင်းသူတစ်ယောက်

ရယ်မောရတာကို သင်နှစ်သက်ကြောင်း လူအများစုမသိရင်တောင် ဟာသဉာဏ်ကောင်းတဲ့ သူတစ်ယောက် လိုအပ်ပါတယ်။

၉။ ဓနုရာသီဖွား (November 22 – December 21)

ချေငံပြီး ခွန်အားပြည့်ဝသူတစ်ယောက်

သင်နဲ့ သင့်ရဲ့စိတ်လှုပ်ရှားဖွယ်ဘဝကို အမှီလိုက်နိုင်လိမ့်မယ့် စွမ်းအင်ပြည့်ဝသူတစ်ယောက် လိုအပ်ပါတယ်။

၁၀။ မကရရာသီဖွား (December 22 – January 19)

ရိုးသားတဲ့ ပင်ကိုယ်စရိုက်ရှိသူတစ်ယောက်

အရာအားလုံးနှင့်ပတ်သတ်ပြီး သူတို့ဘယ်လိုခံစားရတယ်ဆိုတာကို သင့်အား မကွယ်မဝှက် ဖွင့်ပြောတတ်တဲ့ အရမ်းရိုးသားသူတစ်ယောက် လိုအပ်ပါတယ်။

၁၁။ ကုံရာသီဖွား (January 20 – February 18)

စိတ်ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ပြောတတ်သူတစ်ယောက်

သင်က လူတွေကို တိတ်တိတ်လေးချစ်တတ်တဲ့အတွက် သူတို့ရဲ့ခံစားချက်တွေ၊ စိတ်ခံစားမှုတွေကို ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ သူတစ်ယောက် လိုအပ်ပါတယ်။

၁၂။ မိန်ရာသီဖွား (February 19 – March 20)

ဘဝကို အပြည့်အဝခံစားပြီး တဒင်္ဂအတွက် ရှင်သန်နေသူတစ်ယောက်

သူတို့က ထိုင်နေယုံဆိုလည်း ရတယ်။ စကားမပြောဘဲ ညစာစားတတ်သူ (သို့) တိတ်ဆိတ်စွာ ရုပ်ရှင်ကြည့်တတ်သူ၊ တဒင်္ဂကို နှစ်သက်တဲ့သူတစ်ယောက် လိုအပ်ပါတယ်။

Lifestyle_Myanmar
LM_Nandar


Source-learning-mind.




Some text some message..