
ညီအစ်ကိုမောင်နှမတွေပဲဖြစ်ဖြစ်၊ ခုမှတွေ့ဖူးတဲ့သူတွေ (ဒါမှမဟုတ်) လုံးဝသူစိမ်းတွေပဲဖြစ်ဖြစ် သူတို့တွေ့တဲ့ ဘယ်သူနဲ့မဆို connection ဖြစ်နိုင်တဲ့ ရာသီခွင်လက္ခဏာအချို့ရှိကြသလို Leo နှင့် Scorpio မောင်နှမတွေလို ရင်းနှီးဖို့ ခက်ခဲတဲ့၊ နွေးနွေးထွေးထွေးမရှိတဲ့ အခြားရာသီခွင်လက္ခဏာတွေလည်း ရှိကြပါတယ်။ သူတို့က သူစိမ်းတစ်ယောက်နဲ့ မိတ်ဖွဲ့ စကားပြောမယ့်လူမျိုးမဟုတ်ရုံတင်မက သူတို့ရဲ့မိသားစု၊ မောင်နှမတွေနဲ့လည်း ရင်းနှီးဖို့ ခက်ခဲကြပါတယ်။ ဒါကတော့ အဆင်ပြေတဲ့အချိန်ထက် ရန်ဖြစ်ချိန်ပိုများနေတဲ့ ရာသီခွင်မောင်နှမတွေပါ။
၁။ မိဿရာသီဖွား (March 21 – April 19) + ပြိဿရာသီဖွား (April 20 – May 20) မောင်နှမတွေ
Aries နဲ့ Taurus တို့က ရာသီခွင်ထဲမှာ ခေါင်းအမာဆုံး ရာသီခွင်နှစ်ခုဖြစ်ပါတယ်။ သူတို့က မောင်နှမတွေရဲ့ ထုံးစံအတိုင်း အမြဲတမ်း ခေါင်းချင်းဝှေ့နေတတ်ပါတယ်။ သူတို့ရဲ့ ရန်ပွဲတွေက ဘယ်လောက်ပဲ ပြင်းထန်နေပါစေ ဂရုမစိုက်ကြပါဘူး။ Aries တွေက တဇွတ်ထိုးဆန်ပြီး သူတို့အမြဲတမ်းမှန်တယ်လို့ ခံစားရတာကြောင့် ရန်ဖြစ်ကြသလို Taurus တွေက အရမ်းခေါင်းမာလွန်းတာကြောင့် နောက်ပြန်မဆုတ်ဖို့ ရန်ဖြစ်ကြတာပါ။ ဒီနှစ်ယောက်ကြားမှာ အားပြိုင်မှုတွေ မရှိခဲ့ရင် သူတို့က ပိုကောင်းတဲ့ ဆက်ဆံရေးမျိုးကို ရနိုင်ပါတယ်။ သို့သော် ဘယ်သူကမှ သူတို့မှားတယ်ဆိုတာကို (ဒါမှမဟုတ်) လက်လျှော့ဖို့ကို လက်ခံမှာမဟုတ်ပါဘူး။ ခေါင်းမာတဲ့ သဘာဝရှိခြင်းနှင့် ထိန်းချုပ်ဖို့အတွက် ရုန်းကန်နေရတဲ့ စွမ်းအင်နှစ်ခုက ဒီsign နှစ်ခုကို ခြားထားပါလိမ့်မယ်။

၂။ မေထုန်ရာသီဖွား (May 21 – June 20) + ကန်ရာသီဖွား (August 23 – September 22) မောင်နှမများ
သူတို့ရဲ့ ပင်ကိုယ်စရိုက်တွေက အရမ်းကွာခြားလွန်းတာကြောင့် Gemini နဲ့ Virgo မောင်နှမတွေအကြား ရွေ့လျားအားက ကောင်းကောင်းအလုပ်မဖြစ်ပါဘူး။ မေထုန်တွေက ပူပင်ကြောင့်ကြမဲ့ပြီး ပရမ်းပတာနေတတ်ကြတဲ့ရာသီခွင်တွေ ဖြစ်ချိန်မှာ ကန်ရာသီဖွားတွေကတော့ အမိန့်နှင့် စည်းမျဉ်းတွေကို ကြိုက်နှစ်သက်ကြပါတယ်။ အချို့အခြေအနေတွေမှာ ဒီအတွဲက အရမ်းအဆိပ်အတောက်ဆန်စေလိမ့်မှာ မဟုတ်သော်လည်း ခြုံငုံကြည့်ရင် Virgo နဲ့ Gemini တို့ဟာ သူတို့အကြား လုပ်ဆောင်ရမယ့်အရာတွေအတွက် အရမ်းကွာခြားပါတယ်။
မေထုန်တွေက သူတို့အလေးအနက်ထားသလို ဘာ့ကြောင့် အလေးအနက်မထားတာလဲဆိုတာကို ကန်ရာသီတွေ နားမလည်ကြပါဘူး။ ကန်ရာသီတွေကလည်း ဘာ့ကြောင့်နည်းနည်းအလျှော့မပေးတာလဲဆိုတာကို မေထုန်တွေ နားမလည်နိုင်ကြပါဘူး။ ဒီလက္ခဏာတွေက မောင်နှမတွေအနေနဲ့ တစ်ယောက်ကိုတစ်ယောက် မုန်းစရာမလိုပေမယ့် သူတို့ရဲ့စိတ်ခံစားမှုတွေက သူငယ်ချင်းကောင်းတွေဖြစ်ဖို့ အများအားဖြင့် ကွာခြားလွန်းပါတယ်။

၃။ ကရကဋ်ရာသီဖွား (June 21 – July 22) + ကုံရာသီဖွား (January 20 – February 18) မွေးချင်းများ
polar opposites ဖြစ်ကြတဲ့ ရာသီခွင်နှစ်ခုက ကရကဋ်နဲ့ ကုံရာသီတို့ ဖြစ်ပါတယ်။ Cancer က စိတ်ခံစားချက်များပြီး Aquarius တွေက ယုတ္တိဆန်ကြပါတယ်။ Aquarius တွေက စဉ်းစားတွေးခေါ်နိုင်စွမ်းရှိကြပြီး Cancer တွေက ခံစားတတ်ကြပါတယ်။ အချို့တွေအတွက် ဆန့်ကျင်ဘက်အရာတွေက ဆွဲဆောင်မှုရှိသော်လည်း ဒီsignနှစ်ခုအတွက်တော့ ပိုဝေးစေဖို့သာ တွန်းပို့နေပါတယ်။ Cancersရဲ့ စိတ်ခံစားချက်တွေက အမြဲတမ်းအတတ်အကျရှိနေသော်လည်း Aquarius တွေက သူ့ရဲ့ ခံစားချက်အစစ်အမှန်တွေကို ထိန်းသိမ်းရတာ ပိုနှစ်သက်ပါတယ်။ Aquarius တွေက Cancer တွေနဲ့ အဆင်မပြေပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က sensitive ဖြစ်လွန်းသလို ခံစားရတာကြောင့်ပါ။ ကရကဋ်တွေက ကုံတွေကို ယုံကြည်ဖို့ ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က သူတို့ခံစားချက်တွေကို ဖွင့်မပြောကြတာကြောင့် သူတို့ခံစားနေရတဲ့အရာတွေကို တကယ်သေချာ မသိနိုင်တာကြောင့်ပါ။ ဒါက အလွန်အကျွံခံစားမှုနှင့် မလုံလောက်တဲ့ကြားက တိုက်ပွဲတစ်ခုပါ။

၄။ သိဟ်ရာသီဖွား(July 23 – August 22) + ဗြိစ္ဆာရာသီဖွား (October 23 – November 21) မောင်နှမများ
ယေဘုယျအားဖြင့် Scorpio နဲ့ Leoမှာ တူညီတဲ့ စိတ်ဝင်စားမှုတွေ ရှိနိုင်ပါတယ်။ အချစ်ရေးမှာ Scorpio နဲ့ Leo ဟာ connection ကောင်းရှိပေမယ့် မောင်နှမဆက်ဆံရေးမှာတော့ ပုံမှန်အားဖြင့် အဆင်မပြေကြပါဘူး။ Leo နဲ့ Scorpio ဟာ polar opposites တွေရဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်ကြပါတယ်။ သူတို့နှစ်ယောက် ပေါင်းရသင်းရခက်တဲ့ အကြောင်းရင်းက သူတို့က အရမ်းတူနေလွန်းလို့ပါ၊ သူတို့နှစ်ယောက်စလုံးမှာ မယုံနိုင်အောင်အောင် ကြီးမားတဲ့ ကိုယ်ရည်ကိုယ်သွေးစွမ်းအားတွေ၊ ပြင်းထန်တဲ့ စွမ်းအင်တွေ ရှိကြပါတယ်။ သူတို့နှစ်ယောက်က အကြောင်းရင်းမရှိဘဲ တစ်ယောက်နဲ့တစ်ယောက် အမြဲရန်ဖြစ်နေတတ်တာကြောင့် သူတို့ကို အနိုင်ကျင့်သူတွေလို့တောင် ခေါ်နိုင်ပါတယ်။ ဒီရာသီခွင်နှစ်ခုလုံးက ထိန်းချုပ်မှုအတွက် အမြဲတစေယှဉ်ပြိုင်လျက်ရှိပါတယ်။ သူတို့နှစ်ယောက်စလုံးက နံပါတ်တစ်ဖြစ်ရတာကို ကြိုက်ကြပါတယ်။ နှစ်ယောက်စလုံးက fixed signs တွေဖြစ်ကြတာကြောင့် သူတို့က အလျှော့ပေးဖို့ (ဒါမှမဟုတ်) လက်လျှော့ဖို့ ခက်ခဲကြပါတယ်။ Scorpio ဟာ သူ့နည်းလမ်းအတိုင်း ရယူဖို့ ခြယ်လှယ်ခြင်းကို သုံးတတ်ကြပါတယ်။

၅။ တူရာသီဖွား (September 23 – October 22) + မကရရာသီဖွား (December 22 – January 19) မောင်နှမများ
Libra တွေေက ရှင်သန်ဖို့ လေနဲ့ရေလိုအပ်သလိုပဲ ညှိနှိုင်းမှုကို လိုအပ်တတ်ကြပါတယ်။ သူတို့ဟာ လူတိုင်းက ပျော်ပျော်နေရမယ်လို့ ဆိုလိုတဲ့ အပေးအယူရှိသော ပေါင်းသင်းဆက်ဆံရေး၊ သူငယ်ချင်းဆက်ဆံရေးမှာ ကောင်းကောင်းအလုပ်လုပ်ကြပါတယ်။ အခြားတစ်ဖက်မှာ Capricorn တွေက သူတို့ဆန္ဒရှိတဲ့အခါတိုင်း သူတို့လုပ်ချင်ရာကိုလုပ်မယ့် ရာသီခွင်မျိုး ဖြစ်ပါတယ်။ Libra တွေက Capricorn တွေအတွက် အလွယ်တကူ သိမ်းသွင်းလို့ရတဲ့သူမျိုးဖြစ်ပြီး Capricorn တွေက Libraအတွက် အရမ်းကတ်တီးကတ်ဖဲ့နိုင်လွန်းပါတယ်။ အဲ့ဒါကြောင့်ပဲ သူတို့အချင်းချင်း တွေ့ဆုံတဲ့အခါတိုင်းမှာ တစ်ယောက်ယောက်က မကျေမနပ်နဲ့ အဆုံးသတ်လိုက်ရစေပါတယ်။

၆။ ဓနုရာသီဖွား (November 22 – December 21) + မိန်ရာသီဖွား (February 19 – March 20) မောင်နှမများ
Sagittarius နဲ့ Pisces ရာသီခွင်တွေဟာ သူတို့ကြားမှာ ယုံကြည်မှု ကင်းမဲ့တဲ့အတွက် အများအားဖြင့် မောင်နှမချင်း close ဖြစ်တာ ရှားပါတယ်။ Pisces တွေက တစ်စုံတစ်ယောက်ကို တကယ်ရင်းနှီးမှုခံစားရဖို့ နက်ရှိုင်းတဲ့ connection လိုအပ်ချိန်မှာ Sagittarius တွေက သူတို့အတွက် တစ်စုံတစ်ယောက်က အရေးကြီးတယ်ဆိုတာကို သေချာမသိမချင်း စိတ်ခံစားမှုအနှောင်အဖွဲ့ကို မဖန်တီးနိုင်ကြပါဘူး။ နှစ်ယောက်စလုံးက အသိဉာဏ်ရှိပြီး သူတို့ရဲ့ကိုယ်ပိုင်နည်းလမ်းတွေနဲ့ နက်ရှိုင်းကြသော်လည်း သူတို့တကယ် connectဖြစ်ဖို့ အရမ်းကွာခြားနေတုန်းပါပဲ။ ဘာလို့လဲဆိုတော့ သူတို့က အရမ်းကွာခြားတာကြောင့် ရာသီခွင်နှစ်ခုလုံးက တစ်ယောက်နဲ့တစ်ယောက် communicate လုပ်ဖို့ မကြိုးစားကြပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးဖို့ကိုလည်း ဂရုမစိုက်ကြပါဘူး၊ ၎င်းက အသေးအဖွဲရန်ပွဲများစွာကို ဖြစ်ပေါ်စေပါတယ်။ သူတို့က အဲဒါကို ဖြေရှင်းဖို့ ပိုကြိုးစားခဲ့ရင် ဖြေရှင်းနိုင်မှာ ဖြစ်ပေမယ့် ယုံကြည်မှုပျောက်သွားတဲ့အခါ မပြီးနိုင်တဲ့စစ်ပွဲလိုပဲ ရန်ဖြစ်နေဦးမှာပါ။

Lifestyle_Myanmar
LM_Nandar
Source-yourtango