ကလေးဘဝမှာ အချစ်မခံခဲ့ရခြင်းရဲ့ လူကြီးဘဝအပေါ်သက်ရောက်လာသော နောက်ဆက်တွဲဆိုးကျိုးများ
lifestylemyanmar.com
|
2021-09-03

ကလေးတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး အပြည့်အဝမရရှိခဲ့သောအခါ သူမရဲ့ ဖွံ့ဖြိုးမှုတွေနှင့် ကိုယ်ရည်ကိုယ်သွေးတွေဟာ ပုံမှန်လိုမဟုတ်ဘဲ တစ်ခြားဘက်ကို ကွဲထွက်သွားပါတယ်။ လူတိုင်းရဲ့ ကလေးဘဝအတွေ့အကြုံတွေက မတူညီကြဘူးဆိုတာ အားလုံးအသိပါပဲ။ တစ်ချို့ကလေးတွေက အချစ်ခံရပြီး ဂရုစိုက်မှုတွေကြီးပြင်းလာကြချိန်မှာ တစ်ချို့ကလေးတွေကတော့ အကြောင်းအမျိုးမျိုးကြောင့် အချစ်မခံရဘဲ ကြီးပြင်းလာကြရပါတယ်။

အထူးသဖြင့် သမီးမိန်းကလေးတွေအပေါ်မှာ ဒီလိုကလေးဘဝအတွေ့အကြုံတွေက အချိန်အကြာဆုံးရှိနေတတ်ပြီး ထိခိုက်မှုအများဆုံးတွေဖြစ်ပါတယ်။ တစ်ဘဝလုံးမှာလည်း ဒီလိုနောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရလေ့ရှိပါတယ်။

၁။ လုံခြုံမှုမရှိသော (သို့ ) စိုးရိမ်ပူပန်မှုတွေနဲ့ တွယ်ငြိမှုများ


မေတ္တာနဲ့ အုပ်ထိန်းမှုကို အပြည့်အဝရရှိခဲ့သော ကလေးတစ်ယောက်ဟာ လူမှုဆက်ဆံရေးတွေမှာ တည်ငြိမ်လေ့ရှိပြီး တစ်ခြားလူတွေကို ဂရုစိုက်တတ်သူတစ်ယောက်ဖြစ်လာပါတယ်။ လူတွေကလည်း တစ်ဖန်ပြန်လည်ဂရုစိုက်မယ်ဆိုတာကို အပြည့်အဝယုံကြည်သူဖြစ်တာကြောင့် ကမ္ဘာကြီးအပေါ် အကောင်းမြင်စိတ်နဲ့ ရှင်သန်နေသူဖြစ်ပါတယ်။ သူမမှာ စိတ်ခံစားမှုတွေနဲ့ ပတ်သက်ပြီး လုံခြုံမှုနယ်ပယ်တစ်ခုကို ပိုင်ဆိုင်ထားပါတယ်။

တစ်ဖက်မှာလည်း အချစ်မခံရဘဲကြီးပြင်းလာတဲ့ မိန်းကလေးတစ်ယောက်ဟာ စိုးရိမ်ပူပန်မှုတွေနဲ့ လူတွေကို တွယ်တာနေတတ်ပြီး အချစ်ခံရဖို့ တစ်ချိန်လုံးမျှော်လင့်နေတတ်ကြပါတယ်။ ကံဆိုးစွာနဲ့ပဲ ဒီလိုမိန်းကလေးတွေကပဲ အချစ်မခံရဘဲ အသုံးချခံသက်သက်ဖြစ်နေကြပါတယ်။ အရွယ်ရောက်လာတာနဲ့အမျှ သူငယ်ချင်းတွေနဲ့ အချစ်ရေးကိစ္စတွေမှာလည်း ထိခိုက်မှုတွေရှိနေတတ်ပါတယ်။

၂။ စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ်ဖွံ့ဖြိုးတိုးတက်လာမှုမရှိခြင်း


ငယ်ငယ်က အချစ်ခံခဲ့ရတဲ့ကလေးတွေဟာ သူတို့စိတ်ဖိစီးမှုတွေများလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ဘယ်လိုဖြေသိမ့်ရမယ်ဆိုတာ ကောင်းကောင်းနားလည်သူတွေဖြစ်ပြီး ခံစားချက်ကို ဖွင့်ပြောတတ်ဖို့နှင့် ကြောက်ရွံ့မှုတွေကို စီမံခန့်ခွဲတတ်မှုတွေက ကျွမ်းကျင်သူတွေဖြစ်ပါတယ်။

သို့ပေမယ့် လုံခြုံစိတ်ချမှုကို မခံစားရတဲ့ ကလေးတွေမှာတော့ ကိုယ့်ကိုယ်ကိုယ်ထိန်းညှိဖို့ သင်ယူခြင်းမရှိဘဲ စိတ်ခံစားမှုတွေကို စီမံခန့်ခွဲတဲ့နေရာမှာ အင်မတန်ညံ့ဖျင်းသူတွေဖြစ်ကြပါတယ်။ ကိုယ့်ရဲ့ လိုအင်ဆန္ဒတွေကို နည်းလမ်းပေါင်းစုံနဲ့ ရယူဖို့ ကြိုးစားနေသူတွေပါ။ တကယ်တော့ သနားစရာသတ္တဝါလေးတွေပါပဲ။ ဒီလိုလူတွေရဲ့ နောက်ထပ်သဘာဝတစ်ခုက နည်းနည်းလေးအချစ်ခံရတာမျိုး (သို့) ဂရုစိုက်ခံလိုက်ရတာနဲ့တစ်ပြိုင်နက် ဘဝတစ်ခုလုံးပါ ပုံပေးချင်သူတွေဖြစ်သွားကြပါတယ််။

၃။ ယုံကြည်မှုကင်းမဲ့ခြင်း


တစ်ခြားလူတွေကို ယုံကြည်ဖို့ဆိုတာက ကမ္ဘာကြီးမှာ ဒီလိုမပြည့်စုံတဲ့လူတွေဘဲ ရှင်သန်နေကြတယ်ဆိုတာကို ပထမဆုံးယုံကြည်ဖို့ အရေးကြီးပါတယ်။ အချစ်မခံရဘဲ ကြီးပြင်းလာတဲ့ ကလေးတွေမှာတော့ ခင်မင်ရင်းနှီးမှုတွေနဲ့ ပတ်သက်ပြီး လူတွေကို ယုံကြည်ဖို့ အခက်အခဲကြီကြီးမားမားရှိသူတွေပါ။

၄။ အဆိပ်အတောက်ရှိသော မိတ်ဆွေများနှင့် ပါတနာများကို ရွေးချယ်မိခြင်း


လူတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာ ကိုယ့်အပေါ် ဟန်ဆောင်ဂရုစိုက်ပြတာတွေကို ယုံလွယ်ပြီး ပေါင်းသင်းဆက်ဆံမိတတ်ပါတယ်။ ဒီအချက် အချစ်မခံရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အထင်ရှားဆုံးဆိုးကျိုးတစ်ခုပါပဲ။ ကလေးဘဝမှာ ရရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေကို အသိအမှတ်မပြုခင်မှာ အရွယ်ရောက်လာတဲ့အခါမှာလည်း ဒီလိုစိတ်ဒဏ်ရာတွေကို ပြန်လည်ဖန်တီးမိတတ်ပါတယ်။ ရင်းနှီးမှုကိုသာ အဓိကရှာဖွေသူတွေဖြစ်တာကြောင့် အဆိပ်အတောက်ရှိတဲ့လူတွေနဲ့ပဲ တွေ့ရတာလည်းဖြစ်ပါတယ်။

၅။ ကျရှုံးမှာကို ကြောက်ရွံ့ခြင်း


လျစ်လျူရှုခံရတဲ့ ကလေးတွေဟာ မိမိကိုယ်ကိုယ်တန်ဖိုးရှိစေပြီး ကျန်းမာသောအသိဉာဏ်တွေကို ဘယ်တော့မှ မဖွံ့ဖြိုးစေသူတွေဖြစ်နေပါတယ်။ အချစ်မခံရတဲ့ကလေးဟာ မိမိကိုယ်ကိုယ်လေးစားမှုမရှိသူတွေဖြစ်ပြီး ဒီအချက်ကို တရားမဝင်ရှုံးနိမ့်မှုလို့ ခေါ်လေ့ရှိကြပါတယ်။ တရားဝင်ရှုံးနိမ့်မှုတွေကို အင်မတန်ကြောက်ရွံ့ကြသလောက် တရားမဝင်ရှုံးနိမ့်မှုတွေကိုတော့ လျစ်လျူရှုထားသူတွေပါ။

Lifestyle_Myanmar

Nyein_Thu

ref- phychecentral




Some text some message..