
သင့်ကောင်မလေးကို ဆုံးရှုံးရမှာ အရမ်းကြောက်လား? သင်တို့ရဲ့ ဆက်ဆံရေးမှာ ဆုံးရှုံးရမှာကြောက်တဲ့စိတ်က သောကဖြစ်နေစေတာလား? ကိုယ့်ရဲ့ ကောင်မလေးကို ဆုံးရှုံးရမှာ ဒီလောက်ကြောက်နေတာတောင် ဘာလို့ သူမကို ကောင်းကောင်းမချစ်ပေးနိုင်တာလဲ?
ချစ်သူနှစ်ဦးအကြားမှာ ဘယ်အရာက သင့်ကို စိုးရိမ်ပူပန်မှုတွေဖြစ်နေစေတာလဲ?
ချစ်သူနှစ်ဦးအကြားမှာ ဒီအချက်ကို ရှင်းရှင်းလင်းလင်းဖြစ်စေမယ်ဆိုရင် ပိုမိုဆက်သွယ်နိုင်မှု၊ လေးစားမှုနှင့် ယုံကြည်မှုကို ဖန်တီးနိုင်ပါလိမ့်မယ်။ အကြောင်းရင်းကတော့ ဒီအချက်က သင့်အချစ်ရေးကို အမှန်တကယ်အထောက်အကူဖြစ်စေမယ့် အပြောင်းအလဲတစ်ခုကို နှောင့်ယှက်နေတာကြောင့်ပါ။ သင့်ရဲ့ ကြောက်ရွံ့မှုနှင့် လုံခြုံမှုမရှိခြင်းက နောက်ပိုင်းမှာ ဆက်ဆံရေးကို ယိုင်နဲ့ပျက်စီးစေပါတယ်။
ဘာကြောင့် ကိုယ့်ကောင်မလေးကို ဆုံးရှုံးရမှာ ကြောက်နေတာလဲ?

သင်ဟာ အထီးကျန်မှာကို ကြိုတွေးပြီး ကြောက်နေတာ
အငြင်းပယ်ခံရပြီး အစားထိုးခံရမှာ ကြောက်နေတာ
ကိုယ်ဟာ မထိုက်တန်ဘူးလို့ ခံစားနေရတယ် (သို့) ကျရှုံးမှာ ကြောက်နေတာ
ကိုယ်ဟာ ဘယ်လိုလူတစ်ယောက်ဖြစ်တယ်ဆိုတာ ကောင်မလေးသိမှာ ကြောက်နေတာ
သူမက တစ်စုံတစ်ယောက်နဲ့ တွေ့သွားမှာ ကြောက်နေတာ
မိသားစုနှင့် သူငယ်ချင်းတွေက ကိုယ့်ကို ဘယ်လိုထင်မလဲလို့ တွေးပြီး ကြောက်နေတာ
ကိုယ့်ကောင်မလေးကို မှန်မှန်ကန်ကန်ချစ်ပေးတယ်ဆိုတာ ဘာလဲ?

ဆုံးရှုံးရမှာကြောက်ပေမယ့် ဘာကြောင့် ကေင်းကောင်းမချစ်နိုင်တာလဲ? သင်ကြောက်ရွံ့နေချိန်မှာ ဘာကိုမှ မှန်မှန်ကန်ကန်လုပ်နိုင်မှာမဟုတ်တာကြောင့် ချစ်လည်းချစ်နိုင်မှာမဟုတ်ဘူး။
ဘာလို့လဲဆိုတော့ မလုံခြုံမှု၊ ကြောက်ရွံ့မှုနှင့် တက်ကြွမှုမရှိသောနေရာမှလာတဲ့ သင်ပေးတဲ့မေတ္တာ၊ လေးစားမှုနှင့် ချစ်ခင်မှုတွေကို သူမ ကောင်းကောင်းခံစားနိုင်မှာမဟုတ်တာကြောင့်ပါ။ တစ်ချို့ယောင်္ကျားလေးတွကျတော့ တစ်ဖက်ကောင်မလေးကို ဆုံးရှုံးရမှာကြောက်ပြီး ကောင်မလေးကို ပုံမှန်မဆက်ဆံဘဲ ပိုပြီး ဖေးမပြတာ၊ ဂရုစိုက်ပြတာမျိုးရှိသလို (သို့) တစ်ဖက်မှာလည်း လူမိုက်ကြီးစတိုင်လ်နဲ့ လုံးဝဂရုမစိုက်တာမျိုး မဟုတ်ရင် ချုပ်ချယ်တာမျိုး၊ သဝန်တိုတာမျိုးတွေ တော်တော်လေး အပိုတွေလုပ်တတ်ကြပါတယ်။ ပုံမှန်မဟုတ်တဲ့အခြေအနေတွေကို ဆိုလိုတာပါ။

သင့်ရဲ့ ကြောက်ရွံ့မှုတွေနှင့် လုပ်ဆောင်မှုတွေက လေးစားဖို့ခက်သလို သင်ကိုယ်တိုင်က အားနည်းနေတယ်။ မသေမချာမရေရာမှုတွေနှင့် မလုံခြုံဘူးလို့ ခံစားရစေတယ်။ ဆွဲဆောင်မှုမရှိဘူး။ သူမနဲ့ ဝေးကွာစေတဲ့အပြင် တစ်ခြားသူတွေဆီကို ဖိအားတွေပေးတယ်။ သင့်ရဲ့ ကြောက်ရွံ့မှုတွေနဲ့ လုပ်ဆောင်မှုတွေက စဉ်းစားတွေးခေါ်မှုချို့တဲ့စေပြီး သင့်ကို တစ်ကိုယ်ကောင်းဆန်တယ်လို့ ခံစားရစေပါတယ်။
သင့်ရဲ့ ကြောက်ရွံ့မှုတွေက သင့်ရဲ့ စစ်မှန်တဲ့ သံယောဇဉ်နဲ့ တွယ်တာမှုကင်းတဲ့အချစ်တွေ သူမကို ပေးဖို့ မဖြစ်နိုင်ပါဘူး။ မှန်ကန်သောချစ်ခြင်းမေတ္တာဆိုတဲ့ အသုံးအနှုန်းဟာ ကျွန်မတို့ကို လုံးဝပြည့်စုံသောအခြေအနေမှ အချစ်တွေကို ပေးနေတယ်လို့ ဆိုလိုပါတယ်။

မိန်းကလေးတစ်ယောက်အတွက် သူ့ချစ်သူဆီက အချစ်တွေဆိုတာ လုံခြုံမှုနှင့် မိမိကိုယ်ကိုယ်ယုံကြည်မှုရှိသောနေရာမှ လာတာမျိုးကို ပိုလိုချင်ကြပါတယ်။ အဆုံးအစမရှိသောအချစ်ဆိုတာ တန်ဖိုးထားခြင်းနှင့် လက်ခံခြင်းက အခြေခံအုတ်မြစ်ပါတယ်။
Lifestyle_Myanmar
Nyein_Thu
ref-themindjournal