အမျိုးသားတွေကို ဆွဲဆောင်နိုင်သော အမျိုးသမီးတွေရဲ့ အလှအပမဟုတ်သော ထူးဆန်းတဲ့အရာ(၉) ခု
lifestylemyanmar.com
|
2021-09-10

ပုံမှန်အားဖြင့် အမျိုးသားတွေဆိုတာ အလှအပကို တပ်မက်သူတွေဖြစ်ကြပေမယ့် အလှအပထက် သူတို့ကို ပိုအံ့ဩစေမယ့် သူတို့နက်နက်ရှိုင်းရှိုင်းနှစ်သက်သဘောကျတဲ့ တခြားအရာတွေလည်းရှိနေပါသေးတယ်။ ဥပမာ – ဒီလိုအရာတွေပါ။

၁။ ပျော်ရွှင်မှုကြောင့် ကျတဲ့မျက်ရည်


မိန်းကလေးတွေရဲ့ သဘာဝက ရိုးရိုးရယ်ရုံတင်မကဘဲ အားရပါရစိတ်ရှိလက်ရှိရယ်မောတတ်ကြပြီး ဗိုက်ကြောတွေ နာကျင်လွန်းလို့ ဗိုက်နှိပ်ပြီးတောင် ရယ်တတ်ကြပါတယ်။ အမျိုးသားအများစုက ဒီအရာကို အရမ်းနှစ်သက်စရာကောင်းတဲ့အရာတစ်ခုအဖြစ် မြင်တတ်ကြပါတယ်။

သူတို့ဟာ သဘာဝကျပြီး သူ့ဟာသူအဆင်ပြေပျော်ရွှင်နေကြတဲ့အမျိုးသမီးတွေကို ချစ်တတ်ကြသူတွေပါ။ ဟန်လုပ်ပြီး ပြုံးဖို့မကြိုးစားဘဲ လွတ်လပ်စွာ ရယ်တတ်၊ ငိုတတ်တဲ့ သဘာဝကျသူမျိုး၊ ရိုးသားပြီး စစ်မှန်သောအပြုံးတွေဟာ အမျိုးသမီးတစ်ယောက်ရဲ့ အကောင်းဆုံးဆွဲဆောင်မှုလက်နက်တစ်မျိုးဖြစ်ပါတယ်။

၂။ မယုံနိုင်စရာ အံ့ဩဖွယ် ဟာသဉာဏ်


လျင်မြန်ထက်မြက်ပြီး အံ့ဩဖို့ကောင်းသောဟာသဉာဏ်ရှိသောအမျိုးသမီးတစ်ဦးဆိုတာ ဆွဲဆောင်မှုရှိပါတယ်ဆိုတဲ့အရာတွေတောင် သူမလောက်ဆွဲဆောင်မှုမရှိပါဘူး။ သူနဲ့အချိန်ဖြုန်းနေရတာက အချိန်ကုန်လို့ကုန်မှန်းတောင် မသိသာဘဲ ပျော်စရာကောင်းနေပါလိမ့်မယ်။ သူမဟာ အလွယ်တကူစိတ်ဆိုးတတ်သူတွေမဟုတ်သလို ပြဿနာတစ်ခုကို ဟာသဉာဏ်နဲ့ လွယ်လင့်တကူဖြေရှင်းနိုင်ပါတယ်။

၃။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်အဝရှိပေမယ့် နှိမ့်ချတတ်သူမျိုး

ကိုယ့်ကိုယ်ကိုယ်နှိမ့်ချတတ်တဲ့အမျိုးသမီးတစ်ယောက်က သူတို့လိုချင်တဲ့အရာတွေကို ကောင်းကောင်းသိပြီး ပုံမှန်အတိုင်းလေးပဲ သက်တောင့်သက်သာဖြစ်နေတာတင် ဆွဲဆောင်မှုတစ်မျိုးရှိနေတာပါ။

အမျိုးသားတစ်ယောက်ဟာ သူမကို ဘဝအတွက် လက်တွဲဖော်အဖြစ်မြင်တတ်ပြီး အမျိုးသားတွေတန်ဖိုးထားပေးကြတဲ့ အမျိုးသမီးတစ်မျိုးလည်းဖြစ်ပါတယ်။


၄။ မျက်နှာနီခြင်း

မျက်နှာနီခြင်းဟာ အပြစ်ကင်းစင်ခြင်း၊ ဖြူစင်သောစိတ်နှင့် ဖြူစင်သော နှလုံးသားရဲ့ လက္ခဏာဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်ဟာ မကောင်းတာတစ်ခုခုပြောမိတဲ့အခါ (သို့) နားရှက်စရာအကြောင်းအရာတစ်ခုခုကြားလိုက်သောအခါ ချက်ချင်းစိတ်ဆိုးပြီး မျက်နှာလေးတွေနီရဲနေတာမျိုးကို ဆိုလိုပါတယ်။ သူမကို ချိုမြိန်ခြင်းနှင့် ခံနိုင်ရည်မရှိခြင်းကို ပေါင်းစပ်ထားပြီး ပြည့်စုံသောဆွဲဆောင်မှုရှိသူလို့ ဆိုနိုင်ပါတယ်။


၅။ ရှုပ်ပွနေသော အသွင်အပြင်

အမျိုးသမီးအများစုဟာ နံနက်ခင်းအိပ်ရာက ထလာတဲ့အခါ ဖောင်းကားနေတဲ့မျက်နှာ၊ ရှုပ်ပွနေသောဆံပင်တွေနဲ့ နှိုးထလာကြပါတယ်။ သူမကို ကြည့်ရတာ ကြောက်စရာကောင်းနေနိုင်ပေမယ့် ယောင်္ကျားတွေဟာ ဒီလိုရှုပ်ပွနေတဲ့နံနက်ခင်းမျက်နှာအသွင်အပြင်ကို နှစ်သက်ကြပါတယ်။ ယောင်္ကျားလေးအများစုက ဒီလိုကြောင်တောင်တောင် ခပ်ရှုပ်ရှုပ်အကြည့်မျိုးကို ခံနိုင်ရည်မရှိဘဲ ၎င်းအမျိုးသမီးအပေါ်မှာပဲ ချစ်ခင်ကြင်နာတတ်တယ်လို့လည်း ဆိုကြပါသေးတယ်။


၆။ မျက်မှန်

မျက်မှန်တပ်ထားသော အမျိုးသမီးအများစုက သူတို့ကိုယ်သူတို့ ဆက်စီကျတယ်လို့ ဘယ်သောအခါမှ ထင်မိမှာမဟုတ်ပါဘူး။ သူတို့က မျက်မှန်ကို လိုအပ်လို့ အသုံးပြုနေကြတာဖြစ်ပြီး သူတို့အတွက်အထောက်အကူဖြစ်စေတဲ့အရာအဖြစ် မတူညီတဲ့ရှုထောင့်တစ်ခုရှိနေပါတယ်။

တခြားတစ်ဖက်မှာလည်း အမျိုးသားတွေအများစုဟာ အလွန်ဆွဲဆောင်မှုရှိသောအမျိုးသမီးဆိုရင် မျက်မှန်တပ်ထားတဲ့မိန်းကလေးကို မြင်ကြပါတယ်။

၇။ အိမ်အနီးတစ်ဝိုက်မှာ နေ့စဉ်အလုပ်ကိစ္စတွေကို လုပ်ကိုင်ခြင်း


ချက်ပြုတ်တာကောင်းရုံနဲ့ ဆွဲဆောင်မှုရှိတယ်ဆိုတာ ဘယ်သူက ထင်မှာလဲ? ချက်ပြုတ်ပြီး သန့်ရှင်းရေးလုပ်ရတာကို သဘောကျတဲ့အမျိုးသမီးတွေက သီးသန့်ကို ရှိတာပါ။ သူတို့ကို ကြည့်နေရတဲ့အခါ စကားမပြောဘဲလည်း တော်တော်လေးချစ်စရာကောင်းနေသူတွေပါ။

၈။ ရေမွှေး


အမျိုးသမီးတစ်ဦးရဲ့ ကိုယ်သင်းရနံ့နဲ့ပတ်သက်ပြီး အလွန်စွဲမက်ဖွယ်ကောင်းနေတယ်ဆိုရင် ဘယ်သူကမှ ဒီဒဏ်ကို မခံနိုင်ပါ။ အမျိုးသမီးတိုင်းမှာ ကိုယ်ပိုင်ရေမွှေးရွေးချယ်မှုရှိပြီး ၎င်းအနံ့တွေကလည်း ထူးခြားကြပါတယ်။ ရေမွှေးတံဆိပ်တူမယ်ဆိုရင်တောင် ရနံ့ကတော့ တစ်ယောက်နဲ့တစ်ယောက်မတူကြပါတယ်။

၉။ နားထောင်ပေးခြင်း


ယောင်္ကျားတွေကို စိတ်ဝင်စားဖို့ကောင်းတယ်လို့ ခံစားရစေပါတယ်။ သူတို့မှာ အမျိုးသမီးတစ်ယောက်ကို အထင်ကြီးဖို့ ပင်ကိုယ်ဆန္ဒရှိပါတယ်။ ဒါ့ကြောင့် သူမအနေနဲ့ စိတ်ဝင်စားမှုကို ဂရုတစိုက်နားထောင်ပြီး စကားဝိုင်းတွင်တက်ကြွစွာပါဝင်သူဖြစ်လျှင် ၎င်းက ယောင်္ကျားလေးတွေအတွက် စိတ်လှုပ်ရှားစရာကောင်းတာကို တွေ့ရနိုင်ပါတယ်။

Lifestyle_Myanmar

Nyein_Thu

Ref-herway




Some text some message..