
ဂုဏ်သိက္ခာရှိခြင်း(Integrity)က ကိုယ်ကျင့်တရား အားကောင်းခြင်း၊ အခြေခံမှုတွေရှိပြီး သူတို့နဲ့လိုက်ဖက်တဲ့ပုံစံမှာ နေထိုင်ခြင်းကို ဆိုလိုပါတယ်။ ပုံမှန်အားဖြင့် ဂုဏ်သိက္ခာရှိတဲ့သူတွေဟာ ရိုးသားတတ်ကြပါတယ်။ ဘယ်သူက စောင့်ကြည့်နေတယ်၊ ဘာအကျိုးဆက်တွေရှိတယ် ဆိုတာက အရေးမကြီးပါဘူး။ ဂုဏ်သိက္ခာ(Integrity)ရှိတဲ့ အမျိုးသမီးတွေဟာ မှန်ကန်တဲ့ အရာကိုသာ အမြဲလုပ်ဖို့ ကြိုးစားတတ်ပါတယ်။ သင့်မှာ ဒီအရည်အသွေးတွေ ဘယ်လောက်ရှိပါသလဲ?
၁။ လုပ်ရပ်တွေအတွက် တာဝန်ခံမှုရှိပါတယ်
သင့်မှာ ဂုဏ်သိက္ခာရှိတဲ့အခါ သင့်ရဲ့ အကောင်း၊ အဆိုးနှစ်ခုလုံးအတွက် တာဝန်ယူပါတယ်။ သင်တလွဲတချော်လုပ်မိရင် အဲ့ဒါကို သင်ဝန်ခံပါတယ်။ သူတစ်ပါးကို အပြစ်ပုံချချင်စိတ်ပေါက်တာ (ဒါမှမဟုတ်) သင့်လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေကို ရှောင်တာက ဂုဏ်သိက္ခာရှိခြင်းရဲ့ ဆန့်ကျင်ဘက်ပါဘဲ။ သင့်ရဲ့ခိုင်မာတဲ့ အခြေခံမှုတွေက သင့်အမှားတွေကို ဝန်ခံပြီး ရလဒ်တွေကို ရင်ဆိုင်မယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဂုဏ်သိက္ခာရှိခြင်းဆိုတာ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ အခြေအနေက တောင်းဆိုလာတဲ့အခါ တောင်းပန်ခြင်းမျိုးကို ဆိုလိုပါတယ်။

၂။ ထောင်လွှားမှု မရှိပါဘူး
ဂုဏ်သိက္ခာရှိတဲ့ အမျိုးသမီးတွေဟာ confident ရှိနိုင်ပေမယ့် မာနမကြီးကြပါဘူး။ သူတို့က အခြားသူတွေထက် ပိုတော်တာကို မယုံကြည်ကြသလို သူတို့ရဲ့အောင်မြင်မှုတွေကို ဂုဏ်ယူဝင့်ကြွားရမယ့် အခွင့်အရေးတိုင်းကို မယူတတ်ကြပါဘူး။ အဲ့ဒီအစား သူတို့က နှိမ့်ချတတ်ကြပါတယ်။ ဒါက မိမိကိုယ်ကို နှိမ့်ချရမယ် (သို့) ချီးမွမ်းမှုကို ငြင်းပယ်ရမယ်လို့ မဆိုလိုပေမယ့် နှိမ့်ချတဲ့ စိတ်ထားအနည်းငယ်ရှိရုံသာ ဖြစ်ပါတယ်။ သူတို့က အခြားသူတွေကို သိမ်ငယ်မှု ခံစားရအောင် မကြိုးစားဘဲ သူတို့ကိုယ်သူတို့ ချစ်တတ်ကြတယ်၊ ကိုယ့်ကိုယ်ကို မှန်တယ်လို့ တစ်ထစ်ချမှတ်ယူတာမျိုး မရှိဘဲ သူတို့ရဲ့အောင်မြင်မှုတွေကို celebrate လုပ်တတ်ကြပါတယ်။

၃။ ပေးကမ်းစွန့်ကြဲတတ်ပါတယ်
ဂုဏ်သိက္ခာရှိခြင်းရဲ့ တစ်စိတ်တစ်ပိုင်းက ရက်ရောခြင်းဖြစ်ပါတယ်။ ဂုဏ်သိက္ခာရှိသူတွေဟာ အခြားသူတွေကို ပေးကမ်းခြင်း၊ သူတို့လိုအပ်တာထက်ပိုပြီး မယူတတ်ခြင်းအပါအဝင် ကိုယ့်ကျင့်တရား အားကောင်းမှုတွေ ရှိကြပါတယ်။ စေတနာထားခြင်းက အမြဲတမ်းအနစ်နာခံနေဖို့ မဆိုလိုပါဘူး။ အလွန်အကျွံမဟုတ်ဘဲ သူတစ်ပါးရဲ့ အကျိုးစီးပွားကိုသာမက ကိုယ့်အကျိုးစီးပွားကိုပါ ကြည့်ဖို့ပါပဲ။
၄။ အပေါ်ယံ ကောက်ချက်မချခင်မှာ လူတွေကို နားလည်ဖို့ ကြိုးစားကြပါတယ်
လူသားအားလုံးက ဝေဖန်ခန့်မှန်းတတ်ကြပါတယ်။ သို့သော် သိက္ခာရှိတဲ့ အမျိုးသမီးတွေဟာ အပေါ်ယံ မခန့်မှန်းခင်မှာ လူတွေကို နားလည်ဖို့နဲ့ အချက်အလက်အားလုံးကို ရယူဖို့ ကြိုးစားတတ်ကြပါတယ်။ သူမက အတင်းအဖျင်းပြောတတ်သူ၊ တစ်စုံတစ်ယောက်အကြောင်း ကြောက်စရာကောင်းအောင် ပြောလေ့ရှိသူ ၊ သတင်းအပြည့်အစုံမသိဘဲ ရှုံ့ချတတ်သူတစ်ယောက် မဟုတ်ပါဘူး။ အဲဒီအစား စာနာမှု၊ သည်းခံမှုတို့နဲ့ အခြေအနေတွေကို ချဉ်းကပ်ပါတယ်။ သူမက လူတွေဘယ်ကနေလာတယ်ဆိုတာကို နားလည်ဖို့ ကြိုးစားပါတယ်။ ပြီးတော့ သူတို့အကြောင်းကို ကောက်ချက်မချခင်မှာ မပြည့်စုံဘူးဆိုတာ သတိရပါတယ်။

၅။ အခြားသူတွေရဲ့ အောင်မြင်မှုတွေကို ချီးကျူးပေးတတ်ပါတယ်
သူတစ်ပါးရဲ့အောင်မြင်မှုကို ဂုဏ်ပြုခြင်းက သိက္ခာရှိသူအမျိုးသမီးတစ်ယောက်ရဲ့ ထူးခြားသော လက္ခဏာဖြစ်ပါတယ်။ သူမက အချိန်တိုင်း အများရဲ့ အာရုံစိုက်မှုကို ရသင့်တာထက် ပိုယူဖို့ မကြိုးစားဘဲ အခံ့သား ထိုင်ကြည့်နေရတာကို ပျော်တယ်၊ တခြားလူတွေ ထွန်းလင်းပါစေဆိုတဲ့ စိတ်ရှိကြပါတယ်။ သူတိုရဲ့ တောက်ပမှုကို မှိန်စေမယ့်အစား၊ သူတို့ကို အောက်သို့ ဆွဲချမယ့်အစား သူမနားက လူတွေကို မြှင့်တင်ပေးတတ်ပါတယ်။
၆။ ယဉ်ကျေးမှု ရှိပါတယ်
ဂုဏ်သိက္ခာရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူမပတ်ဝန်းကျင်က လူတွေကို တန်ဖိုးထားပြီး အဲ့ဒီအတိုင်းပဲ ဆက်ဆံတတ်ပါတယ်။ တခြားသူရဲ့ အချိန်တွေကလည်း အရေးကြီးတယ်ဆိုတာကို သိတာကြောင့် သူမအတွက် စောင့်ခိုင်းတာမျိုး မလုပ်တတ်ပါဘူး။ ပြီးတော့ သူတို့ရဲ့ခံစားချက်တွေကို ဂရုစိုက်တဲ့အတွက် ရိုင်းစိုင်းတဲ့ မှတ်ချက်မျိုးတွေလည်း မပေးတတ်ပါဘူး။ လူတိုင်းက တန်းတူဖြစ်တယ်၊ ဘယ်သူ့ကမှ အဲဒီထက် နိမ့်ချပြီး ဆက်ဆံခံရဖို့ မထိုက်တန်ဘူးဆိုတာကို နားလည်ထားပါတယ်။

၇။ သဘောထားချင်း မတိုက်ဆိုင်တဲ့သူတွေကိုလည်း လေးစားတတ်ပါတယ်
သိက္ခာရှိခြင်းက လူတိုင်းကို အလိုအလျောက် လိုက်လျောရမယ်လို့ မဆိုလိုပါဘူး။ ဂုဏ်သိက္ခာ (Integrity) ရှိတဲ့လူတွေဟာ အကျိုးသင့်အကြောင်းသင့် ဆွေးနွေးခြင်းတွေ၊ အော်ကျယ်ဟစ်ကျယ် အငြင်းအခုံတွေ ကြုံရတုန်းပါပဲ။ ကွာခြားချက်က အဲဒီအချိန်တွေမှာ သူတို့ ဘယ်လိုပြုမှုသလဲ ဆိုတာပါ။ အမျိုးသမီးတစ်ယောက်မှာ ဂုဏ်သိက္ခာရှိရင် သူမက သဘောထားချင်းမတိုက်ဆိုင်ရင်တောင် လူတွေကို လေးစားမှုရှိပါသေးတယ်။ အယူအဆ မတူတာကြောင့် သူတို့ကို ထိခိုက်နစ်နာစေမယ့် အရာတွေ ပြောတာမျိုး၊ နင်ပဲငဆပြောတာမျိုး မရှိပါဘူး။ ဒါ့အပြင် လူတိုင်းက သူတို့ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုကို လွတ်လပ်စွာ ပြုလုပ်နိုင်တယ်လို့လည်း နားလည်ထားပါတယ်။
၈။ သူစိမ်းတွေအပေါ်မှာလည်း ကောင်းပေးပါတယ်
သိက္ခာသမာဓိရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ လူတွေအားလုံးကို သူစိမ်းတွေဆိုရင်တောင် ကောင်းမွန်စွာ ဆက်ဆံတတ်ပါတယ်။ သူမရဲ့ကိုယ်ကျင့်တရားနဲ့ အခြေခံမှုတွေက သူမကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဘယ်သူ့ကိုမှ မတရားလုပ်တာ၊ မလေးမစားလုပ်တာ၊ ရိုင်းစိုင်းတာက မှန်တယ်လို့ မခံစားရကြောင်း ဆိုလိုပါတယ်။

ဥပမာအားဖြင့် သိက္ခာရှိတဲ့ အမျိုးသမီးတွေဟာ စိတ်တည်ငြိမ်ပြီး ကြင်နာတတ်သော ယဉ်မောင်းတွေ ဖြစ်လေ့ရှိပါတယ်။ Psychology Today ကထောက်ပြထားသည်မှာ သူတို့ဟာ အခြားယဉ်မောင်းတွေကို ဒေါမထွက်တတ်ကြပါဘူး။ သူတို့က လမ်းပေါ်မှာ အလုပ်အရှုပ်ဆုံးလူတွေလို့ ယူဆတာကြောင့် ဖြစ်တဲ့နည်းနဲ့ ရှေ့ရောက်ဖို့သာ လိုအပ်တတ်ပါတယ်။ သိက္ခာရှိတဲ့ အမျိုးသမီးတွေဟာ စိတ်ရှည်ပြီး ယဉ်ကျေးပျူငှာမှုကို ပြသတတ်ကြပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-bolde