90sကခေတ်စားခဲ့တဲ့ ဖက်ရှင်အမျိုးအစားတွေ
mystylemyanmar.com
|
2021-09-24
Clueless ရုပ်ရှင်ထဲကလို အဝတ်အစားလှလှလေးတွေ ဝတ်ရတာကို သဘောကျတဲ့သူတစ်ယောက်လား ။ Pulp Fiction တွေထဲကလို Fashionကိုဦးစားပေးတဲ့ ရုပ်ရှင်တွေက Fashion တွေကိုလေ့လာပြီး လိုက်ဝတ်ရတာလည်း ခံစားမှုလေးတစ်မျိုးပါနော်။ 2020 ကနေစပြီး Retro Wear လေးတွေကလည်း ခေတ်စားလာသလို Vintage ဆန်ဆန်လေးဝတ်ရတာကိုလည်း ကောင်မလေးတွေအရမ်းကို သဘောကျလာတာတွေရပါတယ်။ အရင်ကလေ့လာရသလောက် Retro Wear လေးတွေက ကြည့်ရတာကလည်း ရိုးရိုးရှင်းရှင်းနဲ့ လူငယ်ဆန်တဲ့ဒီဇိုင်းလေးတွေ ခေတ်စားတာတွေရပါတယ်။
အခုလိုမျိုးရာသီဥတုနဲ့လည်း လိုက်ဖက်တဲ့ Cardigan လေးတွေက ဆွယ်တာအပါးလေးတွေလို ဖြစ်နေတဲ့အတွက် တစ်ထည်တည်းပဲဝတ်ဝတ် သီးသန့်ပဲဝတ်ဝတ် အဆင်ပြေပါတယ်။ အောက်ကနေလည်း ဘယ် Jeans Pants အမျိုးအစားနဲ့မဆိုလည်းလိုက်ဖက်ပါတယ်။ Tank Top လေးတွေကလည်း Cele
ity တော်တော်များများရဲ့ Outfits တစ်ခုအနေနဲ့လည်း အမြဲဝတ်ဆင်ကြတာတွေ့ရပါတယ်။
Trank Top လေးတွေကိုမှ ကိုယ်နှစ်သက်တဲ့ Sticker လေးတွေထုတ်ပြီးဝတ်ရင်တော့ပိုပြီး အထာကျစေတာပေါ့။ အောက်ကဘောင်းဘီအပွလေးတွေနဲ့လည်း တွဲဝတ်လို့ရပါတယ်။ နောက်တစ်ခုကတော့ ၉၀ရာစုအတွက် ပျိုပျိုမေမေတိုင်းမှာ ရှိတယ်လို့ပြောလို့ရတဲ့ Mini Skirt လေးတွေက အရမ်းကိုခေတ်စားခဲ့ပါတယ်။ အခုထိလည်းခေတ်စားဆဲဖြစ်ပါတယ်။ Patten လှလှလေးတွေ Prints လှလှလေးတွေကိုရွေးချယ်ပြီး ဝတ်စေချင်ပါတယ်။ ကဲ့တော်တော်လေးလည်း စုံသွားပြီဆိုတော့ 90s ကိုမှဝတ်ရတာကြိုက်တဲ့သူတွေအတွက် မျှဝေပေးလိုက်ပါတယ်။
Photo Source – Free.pik
#ဖက်ရှင်
#အလှအပရေးရာ
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ
စတင်အသုံးပြုမည်