ပိန်တဲ့ကောင်မလေးတွေနဲ့လိုက်ဖက်တဲ့ ဝမ်းဆက်ဖက်ရှင်များ
mystylemyanmar.com
|
2021-10-02

ပိန်တဲ့ကောင်မလေးတွေနဲ့လိုက်ဖက်တဲ့ စကပ်နဲ့အင်္ကျီ ဝမ်းဆက်ဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ girly type ဝတ်ရတာကြိုက်တဲ့ ကောင်မလေးတွေဆိုရင်တော့ ဒီဖက်ရှင်တွေကို သဘောကျမှာပါ။

Body fit ဝမ်းဆက်လေးဖြစ်တာကြောင့် ပိန်တဲ့ကောင်မလေးတွေဝတ်ရင် ပိန်ပိန်သွယ်သွယ်လေးနဲ့ ချစ်ဖို့ကောင်းစေပါတယ်။


ဒီလိုလက်ဖောင်းအင်္ကျီလေးတွေဆိုရင် လက်မောင်းသေးတာ သိပ်မသိသာစေလို့ ပိန်တဲ့သူတွေနဲ့ လိုက်ဖက်ပါတယ်။ စကပ်ကလည်း အတွန့်လေးတွေနဲ့မို့ အရမ်းချစ်ဖို့ကောင်းပါတယ်။


Tennis စကပ်တွေက မိန်းကလေးတိုင်းနဲ့ လိုက်ဖက်ပါတယ်။ ပိန်တဲ့သူတွေဆို ခပ်ဟော့ဟော့လေးဖြစ်အောင် ဒီလို top လေးတွေနဲ့ တွဲဝတ်ကြည့်ပါ။


အထပ်နဲ့စကပ်လေးတွေက ပိန်တဲ့သူတွေနဲ့ လိုက်ဖက်ပါတယ်။ ဒီလိုစကပ်လေးတွေကို ကြိုးတစ်လုံးနဲ့တွဲဝတ်ပြီး အပေါ်ကနေ ကုတ်အတိုလေးထပ်ဝတ်တာက စတိုင်လ်ကျပြီး ချစ်ဖို့ကောင်းစေပါတယ်။


ပိန်တဲ့ကောင်မလေးတွေက ဒီလိုစကပ်အကားလေးတွေကို အပေါ်ထပ် cardigan လေးတွေနဲ့တွဲဝတ်ရင် သေးသေးသွယ်သွယ်လေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။


ဒီလို shoulder off အင်္ကျီလေးတွေက အရမ်းလှပါတယ်။ ပိန်တဲ့သူတွေအနေနဲ့ ဒီလိုအင်္ကျီဝတ်မယ်ဆိုရင် mini စကပ်တွေနဲ့သာ တွဲဝတ်ပါ။



ဒီဝမ်းဆက်ဖက်ရှင်လေးဆိုရင် ဝတ်ရတာပေါ့ပါးပြီး ရိုးရိုးရှင်းရှင်းနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။ ပိန်တဲ့သူတွေနဲ့လည်း လိုက်ဖက်ပါတယ်။



Mini စကပ် အကျပ်လေးတွေကို ရှပ်အင်္ကျီလက်ရှည်တွေနဲ့တွဲဝတ်ရင် ဆွဲဆောင်မှုရှိပြီး အရမ်းလှပါတယ်။


ပိန်တဲ့ကောင်မလေးတွေအနေနဲ့ လက်မောင်းသေးတာမပေါ်ချင်ရင် ဒီလိုဝမ်းဆက်ဖက်ရှင် အင်္ကျီလက်ရှည်လေးတွေကို ရွေးချယ်ပါ။



ဒီလိုလက်မောင်းအပေါက်နဲ့ အင်္ကျီလေးတွေဆိုလည်း ပိန်ပိန်သွယ်သွယ်လေးတွေဝတ်ရင် ကိုရီးယားမလေးတွေလိုပဲ ချစ်ဖို့ကောင်းပါတယ်။


photo source:www.pinterest.com




Some text some message..