
တစ်ချို့မိန်းကလေးတွေကြည့်လိုက်ရင် အမြဲလိုလိုကြည်ကြည်လင်လင်လေးနဲ့ လှပနေတတ်ပြီး သူတို့ကို ကြည့်လိုက်ရင် ကိုယ်ပါ စိတ်ချမ်းသာရပါတယ်။ ဘဝနေထိုင်နည်းတွေကို ကောင်းကောင်းသိပြီး အကောင်းဆုံးနေထိုင်ကြသူတွေပါ။ ဒီတော့ သူတို့ရဲ့ နေ့စဉ်ဘဝကို ဘယ်လိုဖြတ်သန်းနေကြသလဲ?
၁။ ဘဝအပေါ်ထားတဲ့ အမြင်

ဘယ်အချိန်မှာမဆို ကျွန်မတို့ပျော်ရွှင်နိုင်တယ်၊ ဝမ်းနည်းနိုင်တယ်၊ စိတ်ဓာတ်ကျနိုင်သလို ကြောက်စိတ်တွေလည်း ဖြစ်နိုင်ပါတယ်။ ဒီတော့ ကျွန်မတို့ရဲ့ ပုံရိပ်ကို ဘယ်လိုပုံဖော်မလဲဆိုတာက အမှန်တကယ်လေးနက်တဲ့အရာတစ်ခုပါ။ အကယ်၍ သင်သာ ယခုထက်ဆွဲဆောင်မှုရှိသူဖြစ်ချင်တယ်ဆိုရင် ကိုယ့်ဘဝမှာ ပိုင်ဆိုင်ထားတဲ့ရိုးရှင်းတဲ့အရာတွေအတွက် ကျေးဇူးတင်တတ်မှုနှင့်အတူ အပြုသဘောဆောင်တတ်မှုကို စတင်ရပါတော့မယ်။ ကိုယ့်မှာရှိပြီးသားအရာတွေအတွက် ဝမ်းမြောက်ခြင်းနှင့် ရိုးရှင်းစွာကြည့်ရှုခံစားရပါမယ်။
သင့်ကို အပျက်သဘောဆောင်တဲ့စိတ်ခံစားချက်တွေဖြစ်ပေါ်လာစေပြီဆိုရင် ပျော်ရွှင်မှုနှင့် ကျေးဇူးတရားကို အရင်ရွေးဖို့ ကြိုးစားပါ။ ဒီနည်းလမ်းလေးကို သုံးပေးမယ်ဆိုရင် လက်ရှိထက်ပိုပြီးဆွဲဆောင်မှုရှိသူဖြစ်လာမှာပါ။
၂။ အတိတ်က ခါးသီးမှုတွေကို လျှော့ချပါ

ကိုယ့်ကိုယ်ကိုယ်တိုးတက်မှုဆိုတာ ကိုယ့်ရဲ့ ရုပ်ရည်အသွင်အပြင်နဲ့လည်း ဆက်စပ်နေပါတယ်။ ဒါ့ကြောင့် ရှေ့တစ်လှမ်းတိုးဖို့ အတိတ်ကအမှားတွေကတစ်ဆင့် သင်ယူမှုတွေပြုလုပ်ပါ။ စွဲလမ်းမှုတွေကို လျှော့ချပါ။
စွဲလမ်းမှုတွေကို လွှတ်ချမယ်ဆိုရင် ဒီအရာက တော်တော်လေးနှစ်လိုဖွယ်ကောင်းတဲ့ အကျင့်လက္ခဏာတစ်ခုဖြစ်ပါတယ်။ အတိတ်ကအမှားတွေကို သင်ခန်းစာယူပြီး ကိုယ့်အပေါ်မကောင်းခဲ့သူတွေအပေါ် ခွင့်လွှတ်သင့်သူကို ခွင့်လွှတ်ပါ။ စွဲလမ်းမှုတွေက သင့်ရဲ့ ပျော်ရွှင်မှုကို မဖျက်ဆီးပါစေနဲ့။ နာကြည်းမှု၊ စွဲလမ်းမှုနှင့် ဒေါသတွေဟာ ကိုယ့်ရဲ့ အလှအပတွေကို ဖျက်ဆီးနေတဲ့အရာတွေဖြစ်ပါတယ်။
၃။ ယုံကြည်မှုနဲ့အတူ ဦးဆောင်ခြင်း
ယုံကြည်မှုဆိုတာ လူတစ်ယောက်ကို အမှန်တကယ်တက်ကြွစေပြီး ဆွဲဆောင်မှုရှိစေဖို့ လုပ်ပေးနေတဲ့ အဓိကအကျဆုံးအရာတစ်ခုဖြစ်ပါတယ်။ ယုံကြည်မှုရှိခြင်းက စကားလုံးတွေကို အရာရောက်လွန်းရုံတင်မကဘဲ လေးစားစရာကောင်းသော ခေါင်းဆောင်ကောင်းတွေတောင်ဖြစ်စေပါတယ်။ သင်လုပ်သမျှအရာရာကို ရိုးသားပြီး အမှန်အကန်တွေပဲလုပ်ပါ၊ ဒီအရာက သင့်ကို တစ်ခြာလူတွေအထင်ကြီးစေဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။
၄။ တက်ကြွစွာ နားထောင်ခြင်း

လူတိုင်းက တစ်ခြားလူတွေရဲ့ နှစ်သက်တာ လိုချင်ကြပါတယ်။ အပြန်အလှန်အားဖြင့် ပထမဦးစွာ တစ်ခြားလူတွေနှစ်သက်ပေးရပါမယ်။ တစ်ခြားလူတွေရဲ့ ဘဝအကြောင်းကို စိတ်ဝင်စားပေးရပါမယ်။ ပိုမိုဆွဲဆောင်သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် တစ်ခြားလူတွေရဲ့ အတွေးတွေနဲ့ ခံစားချက်တွေကို နားထောင်ပေးဖို့ အရေးကြီးပါတယ်။
၅။ ဖိအားတွေအောက်မှာ တည်ငြိမ်တတ်ဖို့ ကြိုးစားပါ

ပူပူနွေးနွေးငြင်းခုံမှုတွေနဲ့ ရှုတ်ထွေးတဲ့အခြေအနေတွေမှာ တည်တည်ငြိမ်ငြိမ်နေနိုင်မယ်ဆိုရင် ပြဿနာတွေကို ဒီထက့်ပိုဆိုးရွားမလာစေဖို့ ကိုင်တွယ်နိုင်ပါတယ်။ လေ့လာမှုတွေအရ တစ်စုံတစ်ယောက်ရဲ့ ဒေါသအလယ်မှာ အေးအေးဆေးဆေးနေနိုင်မယ်ဆိုရင် (အထူးသဖြင့် စိတ်ရှည်သည်းခံနိုင်မှုနှင့် ကိုယ်ပိုင်လက္ခဏာကို စမ်းသပ်ခြင်း) ဒီအရာက ဆွဲဆောင်မှုအရှိဆုံးနှင့် လှပချင်တဲ့မိန်းကလေးတိုင်းမှာ မရှိမဖြစ် ရှိသင့်တဲ့ အကျင့်လက္ခဏာတစ်ခုဖြစ်ပါတယ်။
၆။ သူစိမ်းတွေကို စကားစရမှာ မကြောက်ပါနဲ့
သူစိမ်းတွေဆိုတာ မကြာခဏတွေ့နေရသူတွေလည်းရှိသလို တစ်ကြိမ်မှာ ခဏလေးပဲတွေ့ရပြီး ဘယ်တော့မှ ပြန်မတွေ့ရတော့တဲ့လူတွေရှိပါတယ်။ လူတိုင်းက ကိုယ့်လမ်းကို လျှောက်နေကြတော့ ရေစက်ရှိသလောက်ပဲ တွေ့ရပါတယ်။ ဒီတော့ ဘာကြောင့်ပဲတွေ့ရတွေ့ရ တွေ့လာရသူတွေကို စကားပြောဖို့ မကြောက်ပါနဲ့။ လူသစ်တွေနဲ့ တွေ့ရမှာမကြောက်ပါနဲ့။
Lifestyle_Myanmar
Nyein_Thu
ref-everythingabode