ရည်းစားပစ်သွားတာကိုခံရတဲ့အခါ ကိုယ့်ကိုယ်ကို ဘယ်လိုပြန်ဖြေသိမ့်ပြီးနေမလဲ
mystylemyanmar.com
|
2021-10-22

ကိုယ်ချစ်လို့တွဲနေတဲ့ရည်စားက ကိုယ့်အပေါ်ရက်စက်ပြီး ပစ်သွားတဲ့အခါ ဝမ်းနည်းကြမှာပါ။ ဒါပေမယ့် တစ်ချိန်လုံး ဒါကိုပဲ ခံစားပြီးဝမ်းနည်းနေလို့တော့ မဖြစ်ဘူးလေ။ ဒါကြောင့် အဓိကကတော့ မိန်းကလေးတွေပေါ့ ရည်းစားပစ်သွားတာကိုခံရတဲ့အခါမှာ ကိုယ့်ကိုယ်ကို ဘယ်လိုပြန်ဖြေသိမ့်ပြီးနေမလဲဆိုတာကို အကြံပေးချင်ပါတယ်။

ကောင်းတဲ့ဘက်ကတွေးမယ်ဆိုရင်တော့ ကိုယ့်ကိုမချစ်တဲ့သူတစ်ယောက် စောစောစီးစီးလမ်းခွဲသွားတာ ပစ်သွားတာက ကောင်းတယ်လို့တွေးရမှာပါ။ အချိန်တွေထပ်ကြာမှဆို သံယောဇဉ်ပိုဖြစ်ပြီး ပိုတောင်ခံစားနေရအုံးမယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုပဲပိုချစ်လိုက်ပါ။


ရည်းစားနဲ့တုန်းက လွတ်လွတ်လပ်လပ်နေလို့မရခဲ့တာတွေ၊ လုပ်ချင်တိုင်းလုပ်လို့မရခဲ့တာတွေကို လိုက်ပိတ်ပင်တားဆီးမယ့်သူမရှိပဲ ကိုယ့်စိတ်ကြိုက်လုပ်လို့ရပြီလို့တွေးပြီး ပျော်နေလိုက်ပါ။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးနေပြီး လုပ်ချင်တာလုပ်ပါ။ အိမ်မှာထိုင်ပြီး တွေးနေမှိုင်နေမယ့်အစား ဒီလိုတွေသာ ထလုပ်လိုက်ရင် ပစ်သွားတဲ့ရည်းစားကိုတောင် ကျေးဇူးတင်နေမိမှာပါ။


ကိုယ့်ကိုပစ်သွားတဲ့သူလည်းနောင်တရအောင် ကိုယ်ကိုတိုင်လည်း အရင်ထက်ပိုပြီးလှလာအောင် အရာရာပြောင်းလဲပြီး ပြင်ဆင်နေထိုင်လိုက်ပါ။ ပြီးရင် ပစ်သွားတဲ့သူအတွက်လည်း လွတ်တဲ့ငါးကြီးသွားတဲ့အဖြစ်မျိုး ဖြစ်အောင်၊ ကိုယ့်ဘဝလည်းတိုးတက်လာအောင် အလုပ်နဲ့ ပညာရေးကို အရင်ထက်ပိုကြိုးစားပြီး အောင်မြင်တိုးတက်လာအောင်လုပ်လိုက်ပါ။ အသက်ငယ်တုန်းခံစားခဲ့တာတွေက အသက်ကြီးလာတဲ့အခါ၊ ကိုယ်ရင့်ကျက်လာတဲ့အခါမှာ ပြန်တွေးကြည့်လိုက်ရင် တကယ်ကိုရယ်စရာကြီးဖြစ်နေမှာ။


Photo Source: www.pinterest.com




Some text some message..