သင့်ယောက္ခမလောင်းက သင့်ကိုသဘောကျလာဖို့ ပြုလုပ်နိုင်တဲ့အရာ (၈) ခု
mystylemyanmar.com
|
2021-10-24

​ဘဝမှာ ကြောက်စရာအကောင်းဆုံး အလုပ်တွေထဲ ယောက္ခမလောင်းနဲ့ တွေ့တဲ့အချိန်လည်း ပါဝင်ပါတယ်။ သူ့သားကို ကိုယ်က ယူတော့မှာမို့ သင်နဲ့သူကြားမှာ မမြင်နိုင်တဲ့ တင်းမာမှုလေးတွေ အနည်းနဲ့အများတော့ ရှိမှာပါပဲ။ သင်က ယောက္ခမ သဘောကျတာကိုပဲ လိုချင်မှာပါ။ ဒီတော့ အနာဂတ်ရဲ့ ယောက္ခမလောင်းက သင့်ကို သဘောကျလာဖို့ ပြုလုပ်နိုင်မယ့်အရာတွေကို ဖော်ပြပါရစေ။

၁။ ယဉ်ယဉ်ကျေးကျေးဆက်ဆံပါ


Photo Source: Favorite-Families

သူမက သင့်အပေါ်ဘယ်လောက်ပဲ တင်းမာပါစေ သင့်ဘက်က ရိုရိုသေသေဆက်ဆံသင့်ပါတယ်။ လူငယ်ကလူကြီးအပေါ် လေးစားမှုရှိရမယ်ဆိုတဲ့အတိုင်း သူမကို ယဉ်ယဉ်ကျေးကျေး ပြောဆိုသင့်ပါတယ်။

၂။ သူမသား ကောင်းကြောင်းတွေကို ပြောပါ


Photo Source: Someecards

ယောက္ခမရှေ့မှာ သူမရဲ့ သားကို နိုင်စားတာမျိုး၊ သားရဲ့ မကောင်းကြောင်း ပြောတာမျိုး သတိထားသင့်ပါတယ်။သင်က သင့်အမျိုးသား မကောင်းကြောင်း ပြောရင် သင့်ယောက္ခမက သားဘက်နေ ကာပြောဖို့ အခွင့်အလမ်းပိုများပါတယ်။

၃။ သူမ အကြောင်း သိအောင်လုပ်ပါ


Photo Source: Tosaylib

သူမက သင့်အကြောင်း စိတ်ဝင်စားသလို သူမရဲ့ ဘဝအခြေအနေကိုလည်း သင်က မေးမြန်းသင့်ပါတယ်။ လူတိုင်းကိုယ့်အကြောင်းကိုယ် ပြောချင်သူချည်းပါပဲ။

၄။ သူမကို ချီးကျူးပါ


Photo Source: Reader’s Digest

သူမ ချက်တဲ့ ဟင်းလျာတွေကို အရသာရှိကြောင်း ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ချီးကျူးသင့်ပါတယ်။ သူမကသင့်ချီးကျူးစကားတွေကို အပြင်ပန်း သဘောကျကြောင်း မပြရင်တောင် စိတ်ထဲ ကြည်နူးနေတတ်ပါတယ်။

၅။ သူမဆီက အကြံတောင်းပါ


Photo Source: The-Sun

​သင့်အလုပ်ကိစ္စတွေအတွက် ယောက္ခမနဲ့ တိုင်ပင်တာ၊ အကြံတောင်းတာက သူမကို နေရာပေး

ရာ၊ လေးစားရာရောက်ပါတယ်။ သူမက သင့်ကို ပိုသဘောကျလာမှာ မလွဲမသွေပါပဲ။

၆။ သူမကို လက်ဆောင်ပေးပါ


Photo Source: Bridestory

အခါကြီးရက်ကြီးတွေမှာ သူမအတွက်လက်ဆောင်ဝယ်သွားသင့်ပါတယ်။ သင်ဖားနေတယ်ဆိုသည့်တိုင်အောင် ဒီအမူအရာက ကောင်းမွန်တဲ့ အမူအရာတစ်ခုပါ။

၇။ သူမကို ကူညီပေးပါ


Photo Source: Koopa-the-Band

သူမနဲ့ ဟင်းကူချက်တာ၊ သူမရဲ့ လုပ်ငန်းတွေမှာ သင်ပါ ဝိုင်းကူပေးတာက သင့်ကို အမှတ်တိုးစေမှာပါ။

၈။ သူမကို သဘောကျသယောင် သရုပ်ဆောင်ပါ


Photo Source: Readers-Digest

သင်က ယောက္ခမကို လုံးဝ သည်းမခံနိုင်သည့်တိုင်အောင် သူမကို မကြည်ဖြူတဲ့ အမူအရာမျိုး မပြသင့်ပါဘူး။ကိုယ့်ဘက်က သဘောထားပြည့်ပြည့်နဲ့ဆက်ဆံသင့်ပါတယ်။

By MyStyle Myanmar




Some text some message..