သင့်ရဲ့ Enneagram အမျိုးအစားပေါ်မူတည်ပြီး အချစ်ရေးမှာ သင်လိုအပ်တဲ့အရာကဘာလဲ?
lifestylemyanmar.com
|
2021-10-24

Enneagram အမျိုးအစားဆိုတာက ဘာလဲ?

Enneagram ဆိုတဲ့စကားလုံးမှာ ennea (nine) နှင့် gram (diagram)တို့ ပါဝင်ပါတယ်။ အခြေခံအားဖြင့် ဒီကိုယ်ရည်ကိုယ်သွေးစနစ်က လူအားလုံးကို သူတို့ပိုင်ဆိုင်သော စရိုက်လက္ခဏာအရ အုပ်စု ၉စုခွဲထားပါတယ်။ သင့်ရဲ့ကြောက်ရွံ့မှု၊ မျှော်လင့်ချက်တွေနဲ့ စိတ်ခံစားချက်တွေပေါ် အခြေခံပြီး၊ အချို့သော အခြေအနေတွေမှာ သင့်ရဲ့တွေးခေါ်ပုံ၊ ပြုမှုပုံတို့ကို အခြေခံပြီး သင်က ဘယ်အမျိုးအစားလဲဆိုတာကို ပြနိုင်တဲ့ စမ်းသပ်မှုတစ်ခု ပြုလုပ်နိုင်ပါတယ်။

၁။ ပြုပြင်ပြောင်းလဲရေးသမား

သင်ဟာ အလွန်အမင်း အပြစ်ရှာတတ်ပြီး တိုးတတ်မှုအတွက် အမြဲနေရာရှိတယ်လို့ ထင်ပါတယ်။ သင်ဟာ ပြီးပြည့်စုံတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပြီး အသေးစိတ်ကို ဂရုစိုက်တတ်ပါတယ်။ ဒါပေမယ့် သင့်ဘေးပတ်ဝန်းကျင်က အရာအားလုံးကို လုံးဝအပြစ်ကင်းစင်အောင် လုပ်နိုင်စွမ်းမရှိတာက သင့်ကို ခေါင်းကိုက်စေပါတယ်။ ဒါ့ကြောင့် သင်ပြောသမျှစကားတိုင်းကို ခေါင်းညိတ်ပြမယ့် လက်တွဲဖော်၊ သင့်ရဲ့ပြီးပြည့်စုံမှုကို လိုက်ရှာရာမှာ ဒီထက်ပိုပြီး တွန်းပို့လိမ့်မယ့် လက်တွဲဖော်ကို လိုက်ရှာမယ့်အစား လုံးဝကွဲပြားတဲ့ သူတစ်ယောက်ကို သင်တကယ်လိုအပ်ပါတယ်။

သင့်အား အနားရစေဖို့နှင့် သင့်ကိုယ်သင် အနားပေးဖို့ ကူညီပေးမယ့်သူတစ်ယောက် လိုအပ်ပါတယ်။ သင့်လို စည်းကမ်းတွေကို အစွဲအလမ်းမရှိသူ၊ သင့်အား အချိန်အခါ အားလျော်စွာ ဘယ်လိုဖြေလျော့ရမလဲဆိုတာ သင်ပေးမယ့်သူတစ်ယောက် လိုအပ်ပါတယ်။


၂။ ကူညီသူ

သင့်ရဲ့အကြီးမားဆုံးအရည်အသွေးက တခြားသူတွေရဲ့နေရာမှာ ဝင်ခံစားနိုင်စွမ်းရှိတာပါ။ သင်ဟာ အမြဲတမ်းနားလည်မှု၊ ဂရုဏာနဲ့ စာနာမှုတို့ အပြည့်ရှိပြီး ဒီအရာက သင့်ကို လူတိုင်းနီးပါးလိုချင်ကြတဲ့ ရိုမန့်တစ်ပါတနာတစ်ယောက် ဖြစ်စေပါတယ်။ သင်ဟာ သင့်လက်တွဲဖော်ကို သူ့ကိုယ်သူ အကောင်းဆုံးပုံစံဖြစ်လာအောင် ကူညီဖို့ ကြိုးစားမှုတွေအားလုံး လုပ်ခဲ့နိုင်ပါတယ်။ ပြီးတော့ တတ်နိုင်သလောက် သူကြုံတွေ့ရနိုင်တဲ့ အဆင်မပြေမှုတွေ၊ ဒုက္ခတွေကနေ ကယ်တင်ပေးဖို့က သင့်ရဲ့ဘဝပေးတာဝန် ဖြစ်စေပါတယ်။ ဒါ့ကြောင့် သင်လိုအပ်တဲ့အရာက မိဘဖြစ်ပေးရမယ့်သူ မဟုတ်ပါဘူး။

သင်လိုအပ်တဲ့အရာက သူတို့ကို သင်ဂရုစိုက်တဲ့ ပုံစံအတိုင်း သင့်အား ပြုစုစောင့်ရှောက်ပေးမယ့် အမှီအခိုကင်းသော၊ self-sufficient ဖြစ်သော လူတစ်ယောက်ဖြစ်ပါတယ်။ သင်ဟာ ကိုယ့်ဘဝကိုယ် နားလည်သဘောပေါက်တဲ့ သူတစ်ယောက်၊ အချစ်ရေးမှာ သင်နဲ့ တန်းတူဖြစ်မယ့် သူတစ်ယောက်၊ သူတို့ဘဝရည်ရွယ်ချက်ကို ပေးဖို့ တစ်စုံတစ်ယောက်ကို ရှာဖွေနေတဲ့ သူတစ်ယောက်ကို လိုအပ်ပါတယ်။


၃။ ဖျော်ဖြေသူ

သင့်ရဲ့ရည်မှန်းချက်တွေနဲ့ ပန်းတိုင်တွေက သင့်ဘဝရဲ့ အရေးအကြီးဆုံးအရာတွေပါ။ သင်ဟာ ကိုယ့်ရဲ့အလုပ်အကိုင်နဲ့ တိုးတတ်မှုကို အမြဲမပြတ် ရှာဖွေနေရတာကို စွဲလမ်းနေနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်စေ သင့်ရဲ့အကြီးမားဆုံးပြဿနာက သူတစ်ပါးရဲ့ ထောက်ခံမှုနဲ့ ချီးမွမ်းမှုကို အမြဲလိုအပ်တာ ဖြစ်ပါတယ်။br>သင်က people pleaser တစ်ယောက်(လူတိုင်းကို စိတ်ကျေနပ်အောင် ထားချင်သူ)ဖြစ်ပြီး လူတိုင်းဆီက နှစ်သက်ခံရဖို့ ဆန္ဒရှိနေတတ်ပါတယ်။ ဒါကလုံးဝမဖြစ်နိုင်ပါဘူး။

ဒါ့ကြောင့် သင့်ကို ချီးကျူးပြီး တစ်ချိန်လုံး”မ”နေမယ့်လက်တွဲဖော်ကို ရှာနေမယ့်အစား သင်က လူသားတစ်ယောက်ပဲလို့ သတိပေးသူတွေပေါ်မှာ အာရုံစိုက်လိုက်ပါ။ သင့်ရဲ့အကောင်း၊ အဆိုးမှာ သင့်ကို ချစ်ပေးတဲ့သူ၊ ကူညီပေးတဲ့သူကို ဆုပ်ကိုင်ထားလိုက်ပါ။


၄။ ရိုမန့်တစ်ဆန်သူ

သင်ဟာ ကိုယ့်နှလုံးသားနောက်ကို တကောက်ကောက် လျှောက်လိုက်ပြီး မျှော်လင့်ချက်မဲ့ အချစ်ရေးသမားတစ်ယောက်ပါ။ သင့်ရဲ့ခံစားချက်တွေကို သင့်ဘဝတစ်လျှောက်မှာ ဦးဆောင်ခွင့်ပေးပြီး စိတ်ရဲ့ကိစ္စတွေအတွက် နေရာအများကြီး မရှိပါဘူး။ ဒါ့ကြောင့် သင်လိုအပ်တဲ့သူက သင့်ရဲ့ sensitive side ကိုနားလည်သော လက်တွဲဖော်တစ်ယောက် ဖြစ်ပေမယ့် သင်ဟာ တကယ့်လောကနဲ့လည်း ထိတွေ့မှု မဆုံးရှုံးစေပါနဲ့။

သင်လိုအပ်တာက သင့်အား ခေတ်သစ်ချိန်းတွေ့မှုစံနှုန်းတွေနဲ့ ကိုက်ညီအောင် သင့်ကို ပြောင်းလဲဖို့ မကြိုးစားတဲ့သူ ဖြစ်သလို သင့်ရဲ့reality ကိုစစ်ဆေးနိုင်တဲ့ အရည်အချင်းရှိမယ့် သူတစ်ယောက်လည်း ဖြစ်ပါတယ်။


၅။ လေ့လာသူ

သင်က ဒီအင်နီဂရမ်အမျိုးအစားကို ပိုင်ဆိုင်သူဆိုရင် သင့်ပတ်ဝန်းကျင်က ဖြစ်ပျက်နေတဲ့ အရာတွေကို လက်လွတ်မခံတတ်ပါဘူး။ သင့်ပတ်ဝန်းကျင်က သေးငယ်တဲ့ အရာတိုင်းကို သတိထားမိဖို့ သင့်မှာမယုံနိုင်လောက်တဲ့ စွမ်းရည်တစ်ခု ရှိပါတယ်၊ သင်က အသိအမှတ်ပြုရထားတဲ့ အတွေးလွန်သူတစ်ယောက်ပါ။ ဒါကြောင့် သင့်စိတ်ထဲက ရုန်းထွက်ဖို့ တွန်းအားပေးမယ့်သူတစ်ယောက် လိုအပ်ပါတယ်။

အသေးစိတ်တိုင်းကို overanalyze လုပ်တတ်တဲ့ သင့်အလေ့အထကနေ သင့်အား ဆွဲထုတ်ပေးမယ့်သူ၊ အဲဒါနှင့်ပတ်သတ်လို့ အစီအစဉ်တွေ ချမှတ်မယ့်အစား ခိုင်မာတဲ့ လုပ်ဆောင်ချက်အချို့ပြုလုပ်ဖို့ သင့်ကို လှုံ့ဆော်ပေးမယ့်သူလည်း ဖြစ်ပါတယ်။


၆။ သစ္စာရှိတယ်ဆိုတာကို အယုံအကြည်မရှိသူ

ကိုယ့်အကြောင်းနဲ့ပတ်သတ်လာရင် လူတွေရဲ့စိတ်ကိုဖတ်ဖို့ ကိုယ့်ရဲ့ပင်ကိုယ်ဉာဏ်ကို သုံးတတ်ပါတယ်။ သင်ဟာ ဘဝရွေးချယ်မှုတွေ ပြုလုပ်ရာမှာ၊ တစ်စုံတစ်ယောက်က ကိုယ့်အချစ်နဲ့ ထိုက်တန်လားဆိုတာကို ဆုံးဖြတ်ရာမှာ ကိုယ်ရဲ့ဇွဲသတ္တိပေါ်မှာပဲ အားကိုးတတ်ပါတယ်။ ဒါ့အပြင် သင်က အရာအားလုံးနဲ့ လူတိုင်းကို မေးခွန်းထုတ်တတ်ပါတယ်။ ကိုယ့်ကိုယ်ကို သံသယတွေ အများကြီးထားတတ်ပါတယ်။ အဲဒါက သင့်ကို ပိုသတိထားစေပြီး တစ်ခါတစ်လေမှာ အယုံအကြည်မရှိ ဖြစ်တတ်ပါတယ်။

ဒါ့ကြောင့် သင်လိုအပ်နေတဲ့ နောက်ဆုံးအရာက သင့်ရဲ့ကြောက်ရွံ့မှုကို ပံ့ပိုးပေးမယ့်(သို့) ဖြည့်ဆည်းပေးမယ့်သူ ဖြစ်ပါတယ်။ အဲဒီအစား သင့်အတွက် မှန်ကန်တဲ့လူက သင်ကိုယ်တိုင် အပြင်ထွက်လာအောင် စည်းရုံးဖို့ manages လုပ်တဲ့သူ၊ စိတ်ခံစားချက်ဆိုင်ရာ အန္တရာယ်တွေက ဘဝကို တန်ဖိုးရှိအောင် နေထိုင်စေတဲ့အရာ ဖြစ်ကြောင်း သင့်ကို ပြသတဲ့သူပါ။


၇။ စိတ်အားထက်သန်လှသူ

သင်ဟာ ဘဝအပေါ် အကောင်းမြင်စိတ်ထားပြီး အလိုလိုနေရင်း အကောင်းမြင်တတ်သူ ဖြစ်ပါတယ်။ အဆိုးဆုံးအခြေအနေတွေကို ဖြတ်သွားရရင်တောင် အန္တရာယ်ကင်းကင်းနဲ့ လွတ်မြောက်ဖို့ မျှော်လင့်တတ်ပြီး အကောင်းမြင်စိတ်ကို အမြဲရှာဖွေတတ်ပါတယ်။ သင့်ရဲ့ အာရုံစူးစိုက်မှုက အခြေအနေတစ်ခုမှ တစ်ခုသို့ လျင်မြန်စွာ ပြောင်းသွားတတ်ပြီး သင်ဟာ ဘဝကျွမ်းကျင်မှုတစ်ခုထက်ပိုပြီး တစ်ချိန်တည်း active ဖြစ်နိုင်တာကြောင့် သင့်မှာ မယုံနိုင်စရာ စွမ်းအင်တွေ ပိုင်ဆိုင်ထားပါတယ်။ သင့်ဘဝရဲ့ နောက်ဆုံးပန်းတိုင်က သင့်ရဲ့ထွက်သက်ဝင်သက်တိုင်းကို ပျော်ရွှင်နေဖို့ပါပဲ။

ဒါပေမယ့် သင့်ရဲ့ရည်မှန်းချက်တွေက ကလေးတစ်ယောက်လို ထာဝရ ဖြစ်နေဖို့ဆိုပေမယ့် သင့်ကို ကြီးပြင်းလာအောင် လုပ်နိုင်လိမ့်မယ့် လူတစ်ယောက် လိုအပ်ပါတယ်။ ဘဝဆိုတာ အမြဲတမ်း ပန်းမွေ့ယာတစ်ခု မဟုတ်ပါဘူး၊ တစ်ခါတစ်ရံမှာ ပြဿနာတွေကို ရှောင်ပြေးမယ့်အစား ရိုးရိုးရှင်းရှင်းဖြေရှင်းဖို့ လိုအပ်တာကြောင့် သင်နှင့်အတူ ရင်ဆိုင်ပေးမယ့်သူတစ်ယောက် လိုအပ်ပါတယ်။ အဆိုးမြင်စိတ်တွေက လူ့အတွေ့အကြုံရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး သူတို့ကို ဖိနှိပ်ဖို့ မလိုအပ်ကြောင်း သင်ပေးမယ့်သူတစ်ယောက်ကို လိုအပ်ပါတယ်။


၈။ အကာအကွယ်ပေးသူ

သင့်ရဲ့ alpha ကိုယ်ရည်ကိုယ်သွေးက သင့်ကို မွေးရာပါ ခေါင်းဆောင်တစ်ယောက် ဖြစ်စေပါတယ်။ လူတိုင်းရဲ့ ပြဿနာကို ဖြေရှင်းဖို့၊ အမြဲတမ်းတာဝန်ယူဖို့နဲ့ တာဝန်ခံဖို့ ဖြစ်လာပါတယ်။ သင်တွေးကောင်း တွေးနိုင်သော်လည်း သင်လိုအပ်တဲ့ နောက်ဆုံးအရာက အပြင်ထွက်ပြီး ကမ္ဘာကြီးကို ကယ်တင်ရင်း သက်တောင့်သက်သာ အနားယူမယ့် သူတစ်ယောက်ဖြစ်ပါတယ်။ သင်ဟာ သင့်ရဲ့အတွင်းစိတ်ခွန်အားပေါ် အားကိုးမယ့်သူတစ်ယောက်မဟုတ်ပါဘူး။

ရံဖန်ရံခါ အားနည်းခြင်းက ဘာမှမမှားဘူးဆိုတာကို သင့်အား နားလည်စေမယ့် လူတစ်ယောက် လိုအပ်ပါတယ်။ အသုံးပြုခံရမှာကို မကြောက်ဘဲ သင့်အားနည်းချက်တွေကိုပြဖို့ ယုံကြည်နိုင်လောက်မယ့် လူတစ်ယောက်ကို သင်လိုအပ်ပါတယ်။ အပြောင်းအလဲတစ်ခုအတွက် သင့်ကို ကာကွယ်ပေးပြီး ဂရုစိုက်ပေးမယ့်သူတစ်ယောက်ပါ။


၉။ ဖျန်ဖြေပေးသူ

သဟဇာတဖြစ်မှုနဲ့ ငြိမ်းချမ်းမှုဆိုတာက သင့်အတွက် အရေးကြီးဆုံးအရာ ဖြစ်ပါတယ်။ သင်ဟာ ပဋိပက္ခနဲ့ ဒရမ်မာတွေကို စက်ဆုပ်ပြီး အဲဒါတွေ မဖြစ်အောင် ကာကွယ်ဖို့အတွက် ဘာမဆို လုပ်ဆောင်ဖို့ အဆင်သင့် ဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ လောကအမြင်နဲ့ သဘောထားအားလုံးကို စိန်ခေါ်လိမ့်မယ့် ဘဝလက်တွဲဖော်တစ်ယောက် လိုအပ်ပါတယ်။ သင့်စိတ်ကို ပြောပြဖို့ အဆင်ပြေကြောင်း ပြသလို့ရမယ့် လူတစ်ယောက် လိုအပ်ပါတယ်။ အရေးကြီးဆုံးကတော့ ပဋိပက္ခတွေနဲ့ ငြင်းခုံမှုတွေက အကျိုးဖြစ်ထွန်းပြီး အကျိုးရှိနိုင်ကြောင်းကို ပြသလို့ရမယ့် သူတစ်ယောက် လိုအပ်ပါတယ်။


Lifestyle_Myanmar

LM_Nandar

Source-herway




Some text some message..