ISFP ကိုယ်ရည်ကိုယ်သွေးအမျိုးအစားရဲ့ စရိုက် (၇)ခု – သင်က “စွန့်စားလိုသူ”လား?
lifestylemyanmar.com
|
2021-11-01

ISFP ကိုယ်ရည်ကိုယ်သွေးအမျိုးအစားဆိုတာက Myers-Briggs Type Indicator (MBTI) ကို အသုံးပြုပြီး ခွဲခြားသတ်မှတ်ထားတဲ့ အမျိုးအစား ၁၆မျိုးထဲမှ တစ်ခုဖြစ်ပါတယ်။ လူတစ်ဦးစီတိုင်းက သူတို့ရဲ့လောကကြီးကို မြင်တဲ့အမြင်၊ ထူးခြားတဲ့ တွေးခေါ်ပုံ နည်းလမ်းတွေအပေါ် အခြေခံပြီး အမျိုးအစားတွေထဲက တစ်မျိုးစီ ပိုင်ဆိုင်ကြပါတယ်။ ISFP တွေဟာ အနုပညာအရည်အသွေးရှိသူ၊ စွန့်စားလိုသူ၊ လွယ်ကူသော ကိုယ်ရည်ကိုယ်သွေး အမျိုးအစားရှိသူတွေလို့ ယူဆရပါတယ်။ ဒီကိုယ်ရည်ကိုယ်သွေးအမျိုးအစားရှိသူတွေဟာ အခြားသူတွေထက် ပိုလွတ်လပ်ပြီး ပွင့်လင်းလေ့ရှိကြပါတယ်။

၁။ နွေးထွေးမှု ရှိတတ်ကြပါတယ်

ISFP ကိုယ်ရည်ကိုယ်သွေးအမျိုးအစားရှိတဲ့သူတွေဟာ နွေးထွေးမှုရှိတတ်ကြပါတယ်။ သူတို့က ရွှင်လန်းတတ်ကြွသူတွေဖြစ်ကြပြီး သူတို့ပတ်ဝန်းကျင်က လူတွေကို ဒီအလေ့အထ ကူးစက်စေပါတယ်။ သူတို့ဟာ အေးအေးဆေးဆေးနေတတ်ကြပြီး သူတို့ချစ်ရသူနဲ့ သူစိမ်းတွေကို သက်တောင့်သက်သာ ရှိစေပါတယ်။

ISPF လူတွေဟာ နက်နက်ရှိုင်းရှိုင်း ကိုယ်ချင်းစာတတ်ကြပါတယ်။ ဒါမှ သူတို့နဲ့ ကံအားလျော်စွာဆုံမိကြတဲ့ လူတိုင်းရဲ့ခံစားချက်တွေကို နားလည်နိုင်စေပါတယ်။ သူတို့က မွေးရာပါ ပြုစုပျိုးထောင်သူတွေ ဖြစ်ကြပြီး သူငယ်ချင်းတွေနဲ့ မိသားစုတွေအတွက် ငိုကြွေးဖို့ ပခုံးတစ်ဖက် ပံ့ပိုးပေးလေ့ရှိသူတွေ ဖြစ်ကြပါတယ်။ သူတို့ရဲ့ ဝေဖန်မှုကင်းတဲ့ သဘောထားက သူတို့ဆီမှာ အခြားသူတွေ ရင်ဖွင့်စေဖို့ နှင့် လက်ခံမှုကို ခံစားရစေဖို့ အားပေးပါတယ်။

ဒီကိုယ်ရည်ကိုယ်သွေးရှိသူတစ်ယောက်က ပြုစုစောင့်ရှောက်မှုလိုအပ်တဲ့ လုပ်ငန်းတွေနဲ့ သင့်လျော်ပါတယ်။ ISFP အများစုက ထူးချွန်တဲ့ ဆရာတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ လူမှုရေးလုပ်သားတွေနဲ့ တိရိစ္ဆာန်ဆေးကုဆရာဝန်တွေ ဖြစ်တတ်ကြပါတယ်။


၂။ တစ်သီးတစ်သန့် နေတတ်ကြပါတယ်

ISFP ကိုယ်ရည်ကိုယ်သွေးအမျိုးအစား ရှိသူတွေဟာ သူငယ်ချင်းကောင်းတွေ ဖြစ်ကြပါတယ်။ သူတို့က များသောအားဖြင့် ချစ်စရာကောင်းပြီး အရမ်းကောင်းမွန်တဲ့ အပေါင်းအသင်းတွေ ဖြစ်ပါတယ်။

သူတို့ရဲ့ ဖော်ရွေပြီး ချဉ်းကပ်ရ လွယ်ကူသော သဘောသဘာဝက ISFP တွေကို တစ်ခါတစ်ရံမှာ extrovert တွေ ဖြစ်စေပေမယ့် လက်တွေ့မှာတော့ သူတို့ဟာ လူမှုဆက်ဆံရေးကို နှစ်သက်တဲ့ လူအုပ်စုငယ်လေးနဲ့သာ အံဝင်ခွင်ကျ ဖြစ်နေတတ်ပါတယ်။ သူတို့က introvert တွေဖြစ်နေတုန်းပါပဲ။ သူတို့က အခြားသူတွေနားမှာဆိုရင် ယုံကြည်မှု အပြည့်ခံစားရပြီး ပျော်ရွင်မှုရှိနေနိုင်ပေမယ့် သူတို့ရဲ့ စွမ်းအင်ကို ပြန်ဖြည့်တင်းဖို့ တစ်ယောက်တည်းနေချိန် လိုအပ်နေတတ်ပါတယ်။


၃။ စွန့်စားလိုစိတ်ရှိကြပါတယ်

ISFP ကိုယ်ရည်ကိုယ်သွေးအမျိုးအစားကို “စွန့်စားလိုသူတွေ”လို့လည်း ခေါ်ကြပါတယ်။ ဒီလိုလူတွေက စိတ်လှုပ်ရှားဖွယ်ရာနဲ့ ဆွဲဆောင်တတ်ကြပါတယ်။ သူတို့က ပျင်းရိငြီးငွေ့ဖွယ် နေ့စဉ်လုပ်ဆောင်မှုတွေကနေ လွတ်မြောက်ဖို့ လိုအပ်ကြောင်း ခံစားရလေ့ရှိပါတယ်။ များသောအားဖြင့် တစ်နေရာထဲမှာ အကြာကြီး နေခဲတယ်လို့ ဆိုလိုပါတယ်။ သူတို့အရူးအမူးဖြစ်တဲ့ဘက်မှာ တစ်ခုခုလုပ်နေဖို့ လိုအပ်ခြင်းက သူတို့ရဲ့ ရွေးချယ်မှု အများအပြားကို တွန်းအားပေးစေပါတယ်။ ISFP ကိုယ်ရည်ကိုယ်သွေးရှိသူတစ်ချို့က အဒရီနလင်ဖြည့်ပေးတဲ့ အားကစားတွေကို ရွေးချယ်တတ်ကြပါတယ်။

၄။ အနာဂတ်အကြောင်း သိပ်မတွေးပါဘူး

လူတစ်ချို့က အနာဂတ်အကြောင်း တွေးတောနေတတ်ကြပေမယ့် ISFP ကိုယ်ရည်ကိုယ်သွေးရှိသူတွေကတော့ အနာဂတ်အကြောင်း သိပ်မတွေးပါဘူး ။ သူတို့က လက်ရှိကာလမှာ နေထိုင်တတ်ကြပြီး သူတို့အရှေ့က အရာတွေနှင့်ပတ်သတ်ပြီး အများကြီးမတွေးဖို့ တတ်ကြွစွာ ရွေးချယ်တတ်ကြပါတယ်၊ သူတို့က အနာဂတ်ကို များများစားစား မထိန်းချုပ်နိုင်ဘူးဆိုတဲ့ အတွေးအမြင်ရှိကြပါတယ်။ အနာဂတ်ဖြစ်နိုင်ချေတွေကို စီစဉ်ပြီး မှီခိုနေမယ့်အစား မိမိကိုယ်ကို ပိုကောင်းလာစေဖို့ လက်ရှိလုပ်ဆောင်နိုင်တဲ့ အရာတွေပေါ်မှာပဲ အာရုံစိုက်တတ်ကြပါတယ်။


၅။ တီထွင်ဖန်တီးမှုရှိကြပါတယ်

ISFP ကိုယ်ရည်ကိုယ်သွေးရှိသူတွေဟာ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေထက် ပိုဖန်တီးနိုင်စွမ်းရှိပါတယ်။ ဒီကိုယ်ရည်ကိုယ်သွေးတွေဟာ တီထွင်ဖန်တီးမှုဆိုင်ရာ လိုက်စားမှုတွေပါဝင်တဲ့ အသက်မွေးဝမ်းကြောင်းတစ်ခုနဲ့ သင့်တော်လေ့ရှိပါတယ်။ အနုပညာရှင်၊ ဂီတပညာရှင်၊ ဒီဇိုင်နာတွေ၊ စားဖိုမှူးတွေနဲ့ အရည်အချင်းရှိ ထင်ရှားကျော်ကြားသူတွေအများစုက ISFP ကိုယ်ရည်ကိုယ်သွေးရှိသူတွေ ဖြစ်လေ့ရှိပါတယ်။

ISFP တစ်ယောက်ရဲ့ တီထွင်ဖန်တီးနိုင်မှုက ” အနုပညာ” လိုက်စားမှုတွေမှာ အကန့်အသတ်မရှိပါဘူး။ သူတို့က လက်တွေ့ကျကျအလုပ်တွေမှာ ရှင်သန်ကြပါတယ်။ သစ်တော (သို့) ဥယျာဉ်ခြံမြေလုပ်ခြင်း (သို့) လက်သမားကဲ့သို့သော ဆောက်လုပ်ရေးလုပ်ငန်းလို ပြင်ပအလုပ်တွေမှာ ပါဝင်နိုင်ပါတယ်။


၆။ “အလုပျတဈခု”ထကျ ပိုလိုအပျတတျပါတယျ

ISFP ရဲ့လွတ်လပ်သော စိတ်သဘောသဘာဝကြောင့် ” သာမာန်”အလုပ်အများစုကို ကျေနပ်လိမ့်မှာ မဟုတ်ပါဘူး။ တင်းကျပ်တဲ့ လုပ်ရိုးလုပ်စဉ်တွေကို မနှစ်သက်ကြပါဘူး။ ပျော်ရွှင်မှု ခံစားရဖို့နဲ့ လိုက်လျောညီထွေရှိတဲ့ နေထိုင်မှုပုံစံကို လိုအပ်တတ်ပါတယ်။

ISFP အများစုက ကိုယ်ပိုင်အလုပ် (သို့) ရုံးမှာ အချိန်ပြည့်ရှိနေဖို့ မလိုအပ်တဲ့ အလုပ်မျိုးကို ရှာဖွေတတ်ကြပါတယ်။ သူတို့ရဲ့အလုပ်က သူတို့ကို လိုအပ်သလောက် လိုက်လျောညီထွေဖြစ်အောင် ခွင့်မပြုဘူးဆိုရင် သူတို့ရဲ့ ဖန်တီးမှုဆိုင်ရာ လိုက်စားမှုနဲ့ ဝါသနာကို ခံစားဖို့ အချိန်ကို ငတ်မွတ်နေသလို ခံစားရပါလိမ့်မယ်။ ဘယ်အလုပ်ကိုမဆို flexible ဖြစ်ဖြစ်/မဖြစ်ဖြစ် စိတ်ချမ်းသာရပါမယ်။ သူတို့အပြည့်အဝ မကျေနပ်ရင် ပိုက်ဆံအတွက်သာ အလုပ်ဝင်လုပ်ဖို့ သိပ်မဖြစ်နိုင်ပါဘူး။

၇။ အမြဲတမ်းပြောင်းလဲတတ်ပါတယ်

ပုံမှန်အားဖြင့် ISFP ကိုယ်ရည်ကိုယ်သွေးရှိသူတွေဟာ စိတ်သဘောထား အရမ်းပွင့်လင်းပါတယ်။ ကိုယ်ရည်ကိုယ်သွေးအမျိုးအစားအားလုံးမှာ သူတို့က ကိုယ်ပိုင်အမြင်တွေနဲ့ အစားထိုးစဉ်းစားနိုင်ချေများပါတယ်။ သူတို့က မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေနဲ့ ကမ္ဘာရဲ့ အတွေ့အကြုံတွေကို လေ့လာရတာ နှစ်သက်ကြပါတယ်။ ကိုယ့်ကိုယ်ကို ပြန်ဆန်းသစ်ဖို့ အသုံးချရတာ နှစ်သက်ကြပါတယ်။ သူတို့က ကိုယ်ပိုင်အသိနဲ့ ကမ္ဘာကြီးကို စူးစမ်းရတာ နှစ်သက်လေ့ရှိပါတယ်။ အဲဒီထဲမှာ အမြင်သစ်တွေစုဆောင်းဖို့၊ အသိုင်းအဝိုင်းအသစ်တွေနဲ့ ပေါင်းစည်းဖို့ ခရီးများများသွားတာမျိုး ပါဝင်နိုင်ပါတယ်။

ISFP ကိုယ်ရည်ကိုယ်သွေးရှိသူတွေက လူတိုင်းကို ပွင့်ပွင့်လင်းလင်း ဆက်ဆံတတ်ကြပါတယ် ။မွေးရာပါ ပြုစုပျိုးထောင်နိုင်စွမ်းရှိကြပါတယ်။ လူမှုရေးအခြေအနေတွေမှာ exciting ဖြစ်နိုင်ပေမယ့် သူတို့က သီးသန့်နေလိုတဲ့ ပင်ကိုယ်သဘောလည်း ရှိကြပါတယ်။ သူတို့ချစ်ရသူတွေနဲ့ အချိန်ဖြုန်းရတာကို နှစ်သက်ပြီး စွန့်စားလိုစိတ်ပြင်းထန်နိုင်ပေမယ့် တစ်နေ့တာရဲ့အဆုံးမှာတော့ ဖိအားလျော့စေဖို့ လိုအပ်တတ်ပါတယ်။ ဒီကိုယ်ရည်ကိုယ်သွေးအမျိုးအစားက အကောင်းဆုံးသူငယ်ချင်း၊ ခရီးသွားဖော်နှင့် ဘဝလက်တွဲဖော် ဖြစ်စေပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-learning-mind.




Some text some message..