
အိုကေ၊ နှစ်တစ်နှစ်ကုန်ဆုံးပြန်တော့မှာမို့ အစီအစဉ်အသစ်တွေကို ချရတော့မယ့်အချိန်ရောက်လာပါပြီနော်။ ၂၀၂၀ က အစီအစဉ်တွေရော တကယ်အလုပ်ဖြစ်ခဲ့ရဲ့လား? သေချာတာကတော့ အချိန်တွေက အမှန်တကယ်ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး ၂၀၂၂ အတွက် စိန်ခေါ်ရမယ့် အချိန်ရောက်လာနေပါပြီ။
တကယ်တော့ ၂၀၂၁ ဆိုတာ ကိုယ်တွေအားလုံးအတွက် ဘဝတစ်ခါမှ မကြုံခဲ့ဖူးတဲ့အဖြစ်အပျက်တွေ၊ ကြောက်မက်ဖွယ် အံ့ဩဝမ်းနည်းစရာတွေ၊ တစ်ခါမဖြစ်ဖူးတဲ့ စိတ်ဆိုးဝမ်းနည်းမှုတွေ၊ ဒေါသတွေနဲ့ ပြည့်နှက်နေပြီး အရမ်းပင်ပန်းနေရတဲ့ နှစ်တစ်နှစ်ဆိုလည်း မမှားပါဘူး။ ဘာပဲဖြစ်ဖြစ် ၂၀၂၁ ကတော့ ကုန်ဆုံးပါတော့မယ်။ ၂၀၂၂ မှာရော အရာရာဟာ ပိုကောင်းလာမှာလား? ဘာတွေဆက်ဖြစ်လာဦးမလဲ? ဘယ်သူမှမသိနိုင်တာမို့ တတ်နိုင်သမျှ ကြံ့ကြံ့ခိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ကြရအောင်။
၁။ ဝေဖန်မှုတွေကတစ်ဆင့် သင်ယူပါ

တစ်စုံတစ်ယောက်က သင်မှားနေတယ်လို့ ထင်လို့ ဝေဖန်တဲ့အရာတွေကို ကျေးဇူးတင်စွာလက်ခံပါ။ သင့်ဘက်မှာ မှားမနေခဲ့ဖူးဆိုရင်လည်း နားလည်လွယ်အောင် ရှင်းပြပါ။ သင့်ကိုယ်သင် ပိုကောင်းတဲ့ဗားရှင်းဖြစ်လာစေဖို့ မြှင့်တင်ပါ။ အဆိပ်အတောက်ဖြစ်စေတဲ့ လူတွေကို အဝေးကို ကန်ထုတ်ပါ။
၂။ သန်မာစွာ ရှင်သန်ပါ၊ အဆိပ်အတောက်ဖြစ်စေတဲ့လူတွေနဲ့ ဝေးဝေးနေပါ
သင်မလုပ်ချင်တဲ့အရာတစ်ခုအတွက် အတင်းအကျပ်စေခိုင်းသူတွေအနီးမှာ ဘယ်တော့မှ မနေပါနဲ့။ သင့်ကို အနိုင်ကျင့်ဖို့ ဘယ်တော့မှ ခွင့်မပြုပါနဲ့။ သင့်ဘဝထဲကနေ အဆိပ်အတောက်တွေကို ဖယ်လိုက်ပါ။
၃။ တစ်စုံတစ်ယောက်ကို ချစ်မိနေရင် ဖွင့်ပြောလိုက်ပါ
တစ်စုံတစ်ယောက်ကို ချစ်ကြောင်းပြောဖို့ အချိန်အခါကောင်းတွေကို စောင့်မနေပါနဲ့။ ဘဝဆိုတာ တိုတိုလေးမို့ အကောင်းဆုံးကို လုပ်လိုက်ပါ။ ဘာမဆိုဖြစ်သွားနိုင်တာမို့ သင့်ရဲ့ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းပြောမပြနိုင်ခဲ့ရင် နောင်တရနေပါလိမ့်မယ်။ အငြင်းခံရလည်း ဆက်တွယ်ကပ်မနေသင့်ကြောင့် သိသွားတာပေါ့။
၄။ သင့်ရဲ့ အစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့ ဘယ်တော့မှ နောက်မကျဘူး

အစီအစဉ်တွေရှိတာ အဆင်ပြေပေမယ့် ကိုယ်လိုချင်တဲ့ပုံစံအတိုင်း မဖြစ်သေးဘူးဆိုရင် အရမ်းကြီးကြိုးစားမနေပါနဲ့။ တစ်ခြားကိုယ့်အတွက် ရပ်တည်ရှင်သန်နိုင်မယ့် တစ်ခြားအသက်မွေးဝမ်းကျောင်းကိစ္စလေးတွေသာ လုပ်ဆောင်နေပါ။
၅။ ယခုမှ စပြီး လအနည်းငယ် (သို့) တစ်နှစ်အတွင်းမှာ သင်ဘယ်နေရာမှာရှိနေရမယ်၊ ဘယ်အဆင့်မှာ ရောက်နေရမယ်ဆိုတာ မစွဲလမ်းပါနဲ့
ဒါကြီးကိုပဲ တစ်ချိန်လုံးဆက်တွေးနေရင် ဖိအားတွေအရမ်းများလာပြီး ဆက်လက်သည်းမခံနိုင်တာတွေဖြစ်လာနိုင်ပါတယ်။
၆။ လေ့ကျင့်ခန်းလုပ်ပါ
စိတ်ဆင်းရဲစေမယ့်အရာတွေကို တတ်နိုင်သမျှ ရှောင်ပါ။ ကိုယ့်အတွက် ခံစားလို့ကောင်းစေမယ့် ပိုပျော်ရွှင်စေနိုင်မယ့်အရာတစ်ခုခုကို လုပ်ပါ။ ယောဂကို စတင်စမ်းသပ်ပါ။ တရားထိုင်ကြည့်ပါ။ ကိုင်တွယ်ရတာ အရမ်းခက်ခဲတဲ့အရာမျိုးတွေကို တကူးတကလုပ်ဖို့ မလိုပါဘူး။
၇။ ဝါသနာတစ်ခုခုကို ရှာပါ

သင်လုပ်ရတာ နှစ်သက်မယ့်အရာတစ်ခုခုကို ရှာပါ။ သို့ပေမယ့် သင့်မှာ အချိန်သိပ်မရှိဘူးဆိုရင် သင့်ကိုယ်သင်ရင်းနှီးမြှပ်နှံပါ။ စိတ်ဝင်စားစရာကောင်းမယ့် အသုံးဝင်မယ့်အရာတစ်ခုခုကို သင်ယူပါ။
၈။ သင်အိပ်မက်တောင် မမက်ဖူးတဲ့အလုပ်တစ်ခုခုကို ရှာပါ
သင့်အတွက် အရည်အချင်းမမှီဘူးလို့ ထင်မိတဲ့အရာတွေကို ဘယ်လိုပဲဖြစ်ဖြစ် စမ်းကြည့်သင့်ပါတယ်။ သင်ကိုယ်တိုင် အရည်အချင်းမှီတာကို သတိမထားမိတာလည်းဖြစ်နိုင်ပါတယ်။
၉။ ဆိုရှယ်မီဒီယာမှာ အချိန်ဖြုန်းတာတွေကို ရပ်လိုက်ပါ
အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ်အကျင့်ပျက်နေတယ်လို့ ခံစားနေရရင် လုပ်သင့်ပါတယ်။ သင်မကြိုက်တဲ့အရာတစ်ခုခုရှိနေလျှင် မသုံးဘဲနားနေသင့်ပါတယ်။ သင့်ပရိုဖိုင်ကို တစ်ရက်တော့ ဝင်မစစ်ကြည့်ရုံနဲ့ ကမ္ဘာကြီးက ဘာမှဖြစ်သွားမှာမဟုတ်ပါဘူး။
၁၀။ သင့်အမှားတွေကို တာဝန်ယူပါ

ကိုယ့်အမှားတွေအတွက် တစ်ခြားလူတွေကို အပြစ်ရှာတတ်တဲ့ အကျင့်မျိုးရှိရင် ဖျောက်ပါ။ သင့်ရဲ့ အမှားတွေအတွက် ဆင်ခြေပေးတတ်တဲ့အကျင့်ကိုလည်း ရှောင်ပါ။
၁၁။ သင်ဟာ လူသားတစ်ယောက်ဆိုတာထက် မပိုဘူး
အမှားလုပ်မိဖို့ဆိုတာက လူသားဆန်တဲ့အကျင့်တစ်ခုပါပဲ။ ကိုယ့်ကိုယ်ကိုယ် အရမ်းမနှောင့်ယှက်ပါနဲ့။
၁၂။ အစီအစဉ်တစ်ခုလုပ်ပါ
သင့်ရဲ့ အိပ်မက်တွေကို တကယ်ဖြစ်လာစေဖို့ အကောင်အထည်ဖော်နိုင်မယ့် အစီအစဉ်တစ်ချို့ဆွဲပါ။
၁၃။ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားပါ
သင့်ရဲ့ ခန္ဓာကိုယ်ဟာ မြင့်မြတ်သောအရာဖြစ်ပါတယ်။ ဘေးကင်းလုံခြုံစေပြီး ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားပါ။ မနက်ခင်းတိုင်း အိပ်ရာကထတဲ့အခါ မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ်ကြည့်ပြီး ပျော်ရွှင်ပါစေ။ သင့်ရဲ့ အားနည်းချက်တွေကို ဝေဖန်မနေပါနဲ့။ အနည်းဆုံးတော့ အပြစ်အနာအဆာတွေအဖြစ် မသတ်မှတ်ပါနဲ့။ သင့်အတွက် အလှပဆုံအရာတွေဖြစ်လာအောင်သာ ဖန်တီးပါ။
၁၄။ စာအုပျတဈအုပျဖတျပါ
ဂန္တဝင်ဆန်တဲ့ စာအုပ်အထူကြီးမဟုတ်တောင် သင့်တင့်ပြီး စိတ်ကို ရသတစ်မျိုးပေးနိုင်သော စာအုပ်တစ်အုပ်ဖတ်ပါ။ စာမျက်နှာတွေက ထွက်ပေါ်လာတဲ့အနံ့တွေကို ကောင်းကောင်းကြီးရှူရှိုက်ပါ။ သင့်ကိုယ်သင် သက်တောင့်သက်သာဖြစ်စေပြီး နွေးနွေးထွေးထွေးစာဖတ်ပါ။
၁၅။ ကိုယျ့အားကိုယျကိုးပါ
သင်ဟာ ကိုယ့်အား ကိုယ်ကိုးနိုင်မယ့်အရွယ်ရောက်ပြီဖြစ်ကြောင်း အိမ်ကို အသိပေးပါ။ အငြင်းအခုံတွေကြားထဲကနေသင်ယူပါ။
၁၆။ တောင်းပန်ပါတယ်လို့ ပြောတတ်ဖို့ သင်ယူပါ
အမှားလုပ်မိရင် တောင်းပန်ပါ။ သင်ဘယ်လိုခံစားနေရလဲဆိုတာနဲ့ ပတ်သက်ပြီး စိတ်ရင်းမှန်နဲ့ တောင်းပန်ပါ။ သင်သာ တစ်ဖက်လူကို ပျော်ရွှင်စေမယ်ဆိုရင် သင့်ကိုယ်တိုင်ကလည်း ပျော်ရွှင်စေမှာပါ။ ခွင့်လွှတ်ခြင်းထက် လှပတဲ့အရာမရှိတော့ပါဘူး။
၁၇။ ကြင်နာမှုကိုလည်း အမြဲရွေးချယ်ပါ

ကျွန်မတို့အားလုံးက အတူယှဉ်တွဲနေထိုင်နေကြတာကြောင့် လက်ခံခြင်းကို ခံစားတတ်ဖို့ တစ်ခြားလူတွေကို ကူညီပါ။
၁၈။ ကျေးဇူးတင်ထိုက်သူတွေကို မကြာခဏကျေးဇူးတင်ပါ
လူတွေက ချီးမြှောက်ခံရတဲ့အခါ ကြီးပွားတိုးတက်လွယ်ကြပြီး အောင်မြင်ပြီးချိန်မှာလည်း ဒီအရာတွေကိုပဲ ပြန်လည်သတိရသင့်ပါတယ်။
Lifestyle_Myanmar
Nyein_Thu
ref-herway