
Relationship တစ်ခုမှာ ဟန်းနီးမွန်းအဆင့်ကို အရာအားလုံးပြီးပြည့်စုံတယ်ထင်ရတဲ့ အချစ်ရေးရဲ့ ကနဦးကာလအဖြစ် မကြာခဏ ဖော်ပြလေ့ရှိပါတယ်။ ဒီအဆင့်မှာ ရန်ဖြစ်တာနည်းပြီး တစ်ယောက်နဲ့တစ်ယောက် ကြားချင်တာတွေကို များများပြောပါတယ်။ ပျားရည်ဆမ်းအဆင့်က ကြည်နူးစရာကောင်းသလောက် ထာဝရမတည်မြဲနိုင်ပါဘူး။ ယခုဖော်ပြပေးမယ့်အချက်လေးတွေကတော့ ပိုနက်ရှိုင်းပြီး ဒီထက်ပိုကောင်းတဲ့ အဆင့်တစ်ခုတက်ဖို့အတွက် အချစ်ရေးရဲ့ ဟန်းနီးမွန်းအဆင့်ကနေ ထွက်ခွာသွားပြီဖြစ်ကြောင်း သိနိုင်မယ့် လက္ခဏာအချို့ဖြစ်ပါတယ်။
၁။ တစ်ယောက်နဲ့ တစ်ယောက် အမှန်အတိုင်းပြောလာပါတယ်
ပေါင်းသင်းဆက်ဆံရေးမှာ ရိုးသားမှုက အရေးကြီးပါတယ်။ ယေဘုယျအားဖြင့် ဟန်းနီးမွန်းအဆင့်ကနေ ထွက်ခွာပြီးတာနဲ့ ပိုရိုးသားမှုကို စတင်ဖို့ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေသလို ခံစားရပါတယ်။ ဟန်းနီးမွန်းကာလက အလိမ်အညာတွေနဲ့ ပြည့်နှက်နေတယ်လို့ မဆိုလိုပါဘူး။ သို့သော် များသောအားဖြင့် ဒီအဆင့်မှာ အပေါ်ယံရွှေမှုန်ကြဲထားပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရက်စက်စွာ ရိုးသားဖို့ စိတ်မဝင်စားတော့တဲ့အခါ ဟန်းနီးမွန်းအဆင့်ကနေ ထွက်သွားပြီဆိုတာကို သင်သိပါလိမ့်မယ်။

၂။ စိတ်ဂနာမငြိမ်ဖြစ်တာ ပိုနည်းလာသလို သက်တောင့်သက်သာ ပိုခံစားလာရပါတယ်
အချစ်ရေးရဲ့ အစောပိုင်းအဆင့်တွေမှာ နေမထိ ထိုင်မသာသလို ခံစားရတာက အရမ်းစိတ်လှုပ်ရှားစရာကောင်းပါတယ်။ လူအများစုအတွက် ဒီခံစားမှုက ထာဝရမတည်မြဲပါဘူး၊ အချစ်ရေးမှာ ပိုအဆင်ပြေလာတာနဲ့အမျှ ဒီခံစားမှုတွေတ လျော့နည်းလာသလို ခံစားလာရပါလိမ့်မယ်။ သူတို့လုံးလုံးထွက်သွားကြတဲ့အခါ ဟန်းနီးမွန်းကာလကနေ ထွက်ခွာပြီး နောက်တစ်ဆင့်ကို ဝင်ရောက်ခဲ့ကြောင်း သိပါလိမ့်မယ်။ အချို့က ဝမ်းနည်းစရာတွေ တွေ့နိုင်ပေမယ့် ကောင်းတာက ထိုဂနာမငြိမ်မှုတွေကို ကိုယ်စိတ်ချမ်းသာမှု၊ လုံခြုံမှုဆိုတဲ့ ခံစားချက်တွေနဲ့ အစားထိုးလာခြင်းဖြစ်ပါတယ်။

၃။ နောက်ထပ် အငြင်းအခုံတွေ ရှိလာပါတယ်
ဟန်းနီးမွန်းအဆင့်ကနေ ထွက်ခွာလာတဲ့အခါ အငြင်းအခုံတွေ ပိုများပြားလာမှာ ဖြစ်ပါတယ်။ ပြီးတော့ သူတို့က လောကကြီးရဲ့ အဆုံးသတ်မဟုတ်ပါဘူး။ ဆိုလိုတာက တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေတယ်လို့ ဟန်ဆောင်တာထက် ကိုယ်မကျေနပ်မှုတွေကို ထုတ်ဖော်နိုင်ပြီ ဖြစ်ပါတယ်။ အမှန်ကတော့ healthy ဖြစ်တဲ့စုံတွဲတိုင်း ငြင်းခုံကြပါတယ်။ ဒါက သင့်ရဲ့အချစ်ရေးမှာ အလုပ်မဖြစ်ဘူးလို့ ပြောလို့မရပါဘူး။

၄။ ချိန်းတွေ့တာမျိုး နည်းသွားပါမယ်
ဟန်းနီးမွန်းအဆင့်ပြီးသွားရင် အချို့လူတွေက Date night ကိုလုံးဝဖယ်ပစ်လိုက်ကြပါတယ်။ အခြားသူတွေကတော့ သူတို့ရဲ့ date nights တွေကို ထိန်းသိမ်းထားပေမယ့်လည်း သိသိသာသာ လျော့နည်းသွားကြပါတယ်။ အစပိုင်းမှာ ဆံပင်နဲ့ မိတ်ကပ်ပြင်ဆင်တာမျိုး၊ ဘာဝတ်ရမယ်ဆိုတာ အဖြေရှာတာမျိုး၊ အရာရာကို ပြီးပြည့်စုံအောင် စီစဉ်တာမျိုးမှာ နာရီပေါင်းများစွာ ကုန်ဆုံးပါလိမ့်မယ်။ ဟန်းနီးမွန်းကာလပြီးသွားရင်တော့ တစက္ကန့်တောင် မစဉ်းစားဘဲ အပြင်ထွက်ဖြစ်နိုင်ပါတယ်။

၅။ သူတို့နဲ့ပတ်သတ်လို့ စိတ်အနှောက်အယှက်ဖြစ်စရာတွေ တွေ့ရနိုင်ပါတယ်
တစ်စုံတစ်ယောက်ကို ပထမဆုံးချစ်မိတဲ့အခါ အဲဒီလူက ပြီးပြည့်စုံတယ်လို့ ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ပြီးပြည့်စုံတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ သင့်လက်တွဲဖော်မှာ ချို့ယွင်းချက်ရှိမှာ သေချာပါတယ်။ ဟန်းနီးမွန်းကာလ ကုန်ဆုံးချိန်အထိ သတိမထားမိတာမျိုး ဖြစ်နိုင်ပါတယ်။ ကိလေသာရဲ့ကနဦးမီးတောက်တွေ ကွယ်ပျောက်သွားတာနဲ့အမျှ အရာရာကို ရှင်းရှင်းလင်းလင်း ပိုမြင်လာရပါလိမ့်မယ်။ ပြီးတော့ အဲ့ဒီလူကို တကယ်ချစ်ရင် အားနည်းချက်တွေက အရေးမပါတော့ပါဘူး။
၆။ ပိုးပန်းမှုက တရားဝင်ပြီးသွားပါပြီ
ဂိမ်းကစားခြင်းက ပေါင်းသင်းဆက်ဆံရေးများစွာရဲ့ အစောပိုင်းကာလတွေမှာ အများကြီး ဖြစ်ပျက်ပါတယ်။ အဲဒီဂိမ်းတွေက ” ငါသူ့ကို စာပို့ပြီး နှစ်ရက်အကြာမှ သူငါ့ကို စာပြန်ပို့ခဲ့တာဆိုတော့ အခုတုန့်ပြန်ဖို့ ငါသုံးရက်လောက် စောင့်ရမှာပေါ့” ။ အဲဒီဂိမ်းတွေက စိတ်ပျက်စရာကောင်းနိုင်သလို သူတို့က ပိုးပန်းခြင်းရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေအားလုံးက ဟန်းနီးမွန်းကာလနှင့်အတူ ပြီးဆုံးပါတယ်။ အဲဒီလူကို သင်ရနေပြီဆိုတော့ ရဖို့ ခက်ခက်ခဲခဲ ကစားစရာ မလိုတော့ပါဘူး။

၇။ တိတ်ဆိတ်မှုတွေကို အဆင်မပြေသလို မခံစားရတော့ပါဘူး
အဆင်မပြေတဲ့ တိတ်ဆိတ်မှုတွေက ချိန်းတွေ့ခြင်းရဲ့ အကျဆုံး အများဆုံးထဲက တစ်ခုဖြစ်ပါတယ်။ တစ်စုံတစ်ယောက်နဲ့ ချစ်နေတဲ့ ကာလတစ်လျှောက်လုံး စကားပြောဆိုရာမှာ နှုတ်ဆိတ်နေတဲ့အချိန်တွေ ကြုံတွေ့ရမှာဖြစ်ပြီး ပိုရင်းနှီးလာတဲ့အခါမှာ အဲဒါတွေက အဆင်မပြေသလို ၊ ကို့ရို့ကားယားနိုင်သလို ခံစားရတော့မှာ မဟုတ်ပါဘူး။ ဟန်းနီးမွန်းကာလပြီးရင် သင့်ရဲ့ဆက်သွယ်မှုက ပိုအားကောင်းလာမှာဖြစ်ပြီး စကားပြောစရာမလိုဘဲ တစ်ယောက်နားမှာ တစ်ယောက်ရှိနေနိုင်မှာ ဖြစ်ပါတယ်။

၈။ ချစ်စိတ်ပြင်းပြမှု အားနည်းသွားပုံရပါတယ်
ဟန်းနီးမွန်းကာလကနေ ထွက်သွားခြင်းရဲ့ အားနည်းချက်တစ်ခုက ချစ်စိတ်ပြင်းပြမှု လျော့နည်းသွားတာပဲ ဖြစ်ပါတယ်။ Passion နဲ့ အချစ်က သီးခြားအရာနှစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ကိလေသာတွေ ပျက်သွားတဲ့အခါ အချစ်တွေ လျော့ပါးလွင့်ပျောက်သွားသလို မခံစားမိပါစေနဲ့။ ထိန်းချုပ်မရတဲ့ ဆန္ဒမျိုးကို သင်ခံစားရတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင် သူတို့နဲ့ ပြတ်သွားပြီလို့ မဆိုလိုပါဘူး။ ဟန်းနီးမွန်းအဆင့်က ပုံမှန်အားဖြင့် အတက်၊ အကျ လာလေ့ရှိပြီး နောက်ပိုင်းကာလက ပိုတည်ငြိမ်ပါတယ်။

၉။ ခွဲခွာနေရတာ အဆင်ပြေလာပါတယ်
Relationship တစ်ခု စတင်တဲ့အခါ လူနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် မခွဲနိုင်ဘူးလို့ ခံစားရပါတယ်။ သို့သော် နှစ်ယောက်လုံးက အချစ်ရေးမှာ ပိုရင်းနှီးလာပြီး ယုံကြည်မှုပိုရတာနဲ့အမျှ အချိန်တွေ ခွဲနေရတာ ပိုပျော်လာပါလိမ့်မယ်။ အရူးအမူးမဖြစ်တော့ခြင်း၊ ပိုသိသာထင်ရှားတဲ့ ချို့ယွင်းချက်တွေ တွေ့လာရခြင်း၊ အားစိုက်မှု နည်းပါးခြင်းနဲ့ ရိုးသားခြင်းတို့ ပေါင်းစပ်ခြင်းကြောင့် သူတို့မပါဘဲ အချိန် တစ်ချို့ ရနိုင်တာကို သင်နှစ်သက်လာနိုင်ပါတယ်။ ဒါပေမယ့် သူတို့က သင့်ဘဝရဲ့ ခိုင်မာတဲ့ တည်ရှိမှုတစ်ခု ဖြစ်လာတာနဲ့အမျှ သူတို့မရှိတော့တဲ့အခါ ပိုပြီးသတိထားမိလာပါလိမ့်မယ်။ အချိန်ကြာလာတာနဲ့အမျှ သင့်ရဲ့ အပိုင်းအစလေးတွေ ပျောက်ဆုံးနေသလို ခံစားရပါလိမ့်မယ်။

Lifestyle_Myanmar
LM_Nandar
Source-bolde.