သင်ချစ်တဲ့ မိန်းကလေးတစ်ယောက်က သင့်ကို အထင်ကြီးစေချင်ရင် ဒီမေးခွန်းလေးတွေ မေးပါ
lifestylemyanmar.com
|
2021-11-22

ဒီနေ့မှာတော့ အမျိုးသားတွေကို အလှည့်ပေးပါမယ်။ မိန်းကလေးတွေကို ဘယ်လိုမေးခွန်းမျိုးတွေနဲ့ flirt ကြမလဲ? flirt နည်းပေါင်းများစွာရှိပါတယ်။ ဟိုင်း…စားပြီးပြီလားဆိုတာမျိုးနဲ့ စလို့ရတာမှန်ပေမယ့် ဒီထက် ပိုလေးနက်မယ့်အရာမျိုးနဲ့ စမယ်ဆိုရင် ပိုပြီးအဆင်ပြေနိုင်ခြေများပါလိမ့်မယ်။

သင့်ကောင်မလေးနဲ့ အဆင်ပြေဖို့ ဘယ်လိုမေးခွန်းမျိုးကို မေးပေးရမလဲ?


အကယ်၍ မင်း ကိုယ်နဲ့သာ တစ်နေကုန်အတူရှိနေပြီး အချိန်ဖြုန်းနေမယ်ဆိုရင် ဘယ်လိုဖြစ်နေမယ်ထင်လဲ?

လူအများကြားထဲမှာ (သို့) အများပိုင်နေရာမျိုးမှာ မလုပ်ဖို့ တားမြစ်ထားတဲ့(သို့) မလုပ်သင့်တဲ့အရာတစ်ခုခု မင်းကြိုးစားကြည့်ဖူးလား?-ကိုယ်မင်းကို ကြိုက်တယ်ဆိုရင် မင်းအဖြေက ဘယ်လိုဖြစ်မလဲ? ဘယ်လိုတုံ့ပြန်မလဲ?

မင်းဘဝရဲ့ ထိပ်တန်းအရေးအကြီးဆုံးစာရင်းတွေက ဘာတွေလဲ?

ယောင်္ကျားလေးတွေနဲ့ ပတ်သက်ရင် မင်းရဲ့ အကြီးမားဆုံးလှည့်ကွက်က ဘာဖြစ်မလဲ?

ဒီလိုမေးခွန်းတွေမေးနေချိန်မှာ သူ့အာရုံက သင့်ဆီမှာ ရှိနေကြောင်း သေချာပါစေ။ သင်တို့ အပြန်အလှန်မျက်လုံးချင်းချိတ်ဆက်မှုရှိကြောင်း သေချာနေပါစေ။ အကယ်၍ သင့်အနေနဲ့ မိန်းကလေးရဲ့ အထင်ကြီးတာခံချင်တယ်ဆိုရင် သူမစဉ်းစားဖို့ (၂) စက္ကန့်တောင်မကြာတဲ့ မေးခွန်းမျိုးတွေကို ရှောင်ပါ။ သူမရဲ့ အဖြေက စက်ရုပ်တစ်ရုပ်လိုမျိုးဖြစ်နေပြီး သူမရဲ့ အတွေးတွေကို လှုံ့ဆော်ပေးနိုင်မှာမဟုတ်ပါဘူး။

တစ်နည်းအားဖြင့် သူမ သင့်ကို အထင်ကြီးလာအောင် သင်လှုံ့ဆော်နိုင်မှာမဟုတ်ပါဘူး။ တစ်ဖက်မှာလည်း သူမနဲ့ပတ်သက်သော အတွေးအခေါ်တွေ၊ အသစ်အဆန်းတွေကို သင်ယူနိုင်လိမ့်မှာမဟုတ်ပါဘူး။ သင့်ရဲ့ ဂိမ်းကို မြှင့်တင်ပြီး မှန်ကန်လေးနက်သော မေးခွန်းတွေကို တီထွင်ပါ။

၂။ ရင်းနှီးခြင်းနှင့် နက်နဲခြင်းကို ပေါင်းစပ်ထားသော မေးခွန်းတွေက သင့်အတွက်အကောင်းဆုံးပါပဲ


ကမ္ဘာပေါ်မှာ ငါက အမုန်းဆုံးအရာက…ဆိုတဲ့ အရာမျိုးနဲ့ စကားဝိုင်းကို မစပါနဲ့။ နောက်တစ်ခုက အမြဲတမ်းလိုလို ဟေး…နေကောင်းလား? ဘာတွေလုပ်နေလဲ? စားပြီးပြီလား? တွေနဲပဲ စကားဝိုင်းကို မစပါနဲ့။ အမှန်တော့ ဒီစကားလုံးတွေက အတုအယောင်ဘဝအတွက်ရော၊ လက်တွေ့ဘဝ စကားဝိုင်းတွေမှာပါ အရာဝင်ပါတယ်။

ဒါပေမယ့် ဒီလိုယေဘုယျဟောပြောချက်တွေကို ဆက်တိုက်ပြောနေမယ်ဆိုရင် သင်ဟာ သူမ ထင်ထားသလောက်စိတ်ဝင်စားစရာမကောင်းဘူးလို့ တွေးနိုင်ပါတယ်။ အဲ့လို ကောင်လေးမျိုးမဖြစ်ပါစေနဲ့။ စပ်စုပါ။ တွေးတောပါ။ နက်နဲသော စကားပြောဆိုမှုတွေနဲ့ အကြောင်းအရာမျိုးစုံကို စိတ်ဝင်တစားရှိပါ။ တစ်ခုရှိတာက မေးခွန်းတွေကို ကူးချပြီး အင်တာဗျူးသလိုမျိုး မဖြစ်ပါစေနဲ့။

ဒီမေးခွန်းတွေကို သင်ကိုယ်တိုင်ခံစားပြီး စိတ်သက်သက်သာသာလေးနဲ့ စကားဝိုင်းစပါ။ ရုပ်တည်ကြီးနဲ့ သွားမလုပ်ပါနဲ့။ သူ့အဖြေတွေကိုလည်း သင်အမှန်တကယ်စိတ်ဝင်စားဖို့လိုပါတယ်။ မှန်ကန်သော နောက်ဆက်တွဲမေးခွန်းတွေကို မေးပြီး သူမရဲ့ စကားတွေကို ဂရုတစိုက်နားထောင်ပေးမယ်ဆိုရင် သင့်မှာ သူဌေးတစ်ဦးလိုမျိုး စကားပြောဆိုမှုကို ထိန်းထားနိုင်တဲ့ စွမ်းရည်ရှိတယ်လို့ ဆိုလိုပြီး အဲဒီ့အရာကို မိန်းကလေးတိုင်းက သဘောကျနှစ်ခြိုက်ကြပါတယ်။ မေးခွန်းလေးတွေ လာပါပြီ။


မင်းရဲ့ ဘဝမှာ ဘာတွေကို ထပ်ပြီး ပြောင်းလဲချင်သေးလဲ?

မင်းရဲ့ အကြီးမားဆုံးအောင်မြင်မှုကရော ဘာဖြစ်မလဲ?

မင်းဘဝမှာ မင်းအကြောက်ဆုံးအရာက ဘာလဲ?

နောက်ပြီး မင်းဘဝမှာ မင်းတကယ်လုပ်ချင်ပေမယ့် အရမ်းကြောက်လို့ မလုပ်ဖြစ်သေးတဲ့ အရာတစ်ခုခုရှိလား?

အကယ်၍ ကမ္ဘာပေါ်က မည်သည့်နေရာကိုမဆို သွားနိုင်မယ့်လက်မှတ်တစ်ခုဝယ်နိုင်မယ်ဆိုရင် ဘယ်နေရာကို သွားမလဲ? ဒါနဲ့ ဘာလို့လဲ?

သူ့ရဲ့ စိတ်အခြေအနေအကြောင်း စူးစမ်းချင်လား? သူ့ရဲ့ အိပ်မက်တွေ၊ လိုအင်ဆန္ဒတွေ၊ ဘဝရွေးချယ်မှုတွေအကြောင်း လေ့လာချင်ပါသလား? ဒါပေါ့ ၊ သင်လေ့လာရပါလိမ့်မယ်။ မဟုတ်ရင် သူမရဲ့ နှလုံးသားကို သင်ဘယ်လိုအနိုင်ယူမလဲ?

အမျိုးကောင်းသားတစ်ယောက်ပီသချင်တယ်ဆိုရင် သင့်အရည်အချင်းတွေကို ပေါ်လွင်စေမယ့် မေးခွန်းတွေကို မေးဖို့ လိုအပ်ပါတယ်။ သင်ဟာ ကြုံရာကျပန်းယောင်္ကျားမဟုတ်ကြောင်း ပေါ်လွင်နေပါစေ။ ဒီအရာကို သေချာစေဖို့ သင်မေးရမယ့် မေးခွန်းတွေပါ။


လူတွေက ဘာလို့ အဆိပ်အတောက်ဖြစ်စေတဲ့ ဆက်ဆံရေးတွေမှာ ရှင်သန်နေကြတယ်လို့ မင်းထင်လဲ?

သလင်းကျောက်တစ်လုံးက မင်းရဲ့ အနာဂတ်အကြောင်းကို ပြောပြနိုင်ရင် မင်းဘာသိချင်မလဲ?

မင်းရဲ့ အမြင်မှာ ဘဝရဲ့ အဓိပ္ပာယ်က ဘာဖြစ်မလဲ? ငါတို့အားလုံးက ဘာလို့ ဒီကိုရောက်နေရတာလဲ?

ပန်းတိုင်ရောက်ဖို့ အကြီးမားဆုံးအတားအဆီးက ဘာတွေဖြစ်မယ်ထင်လဲ?

စိတ်ခံစားမှုတွေကို မကောင်းမြင်လေ့ရှိလား?

ဒီထဲက မေးခွန်းတစ်ချို့ကို တစ်စုံတစ်ယောက်ကို မေးခဲ့မယ်ဆိုရင် သင့်ရဲ့ တွေးခေါ်နိုင်စွမ်းနှင့် ဉာဏ်ရည်ဉာဏ်သွေးကို အံ့ဩသွားပါလိမ့်မယ်။

၃။ နွေးထွေးစေမယ့် မေးခွန်းမျိုးတွေ မေးပါ

ကမ္ဘာပေါ်မှာ အလှပဆုံးအရာတွေထဲက တစ်ခုက ဒီလိုမျိုးနွေးထွေးစေမယ့် စကားလုံးလေးတွေပြောပြီး နွေးထွေးတဲ့ခံစားချက်ကို ခံစားဖို့ဖြစ်ပါတယ်။ အပြန်အလှန်ထင်မြင်ချက်တွေနဲ့ အချစ်အကြောင်းတွေ ပြောကြမယ်။


ငါတို့ ပထမဆုံးတွေ့ကြတုန်းက မင်းငါ့ကို ဘယ်လိုမြင်ခဲ့လဲ? ဘယ်လိုမျိုး ထင်ခဲ့လဲ?

မင်းကို ငါ့အကြောင်းစဉ်းစားမိစေတဲ့ သီချင်းတစ်ပုဒ်ဆိုရင်တော့ ဘာသီချင်းဖြစ်လိမ့်မလဲ?

မင်းလုပ်ခဲ့သမျှအရာတွေထဲမှာ ရှက်စရာအကောင်းဆုံးတစ်ခုက ဘာဖြစ်မလဲ?

ဖြစ်နိုင်ရင် စကားလုံးသုံးလုံးတည်းနဲ့ ကိုယ့်ဘယ်လိုလူဖြစ်တယ်ဆိုတာ ပြောပြပေးပါလား ?

ရဲတွေနဲ့ ဘယ်လိုပြဿနာတွေပဲ ကြုံတွေ့လာရပါစေ မင်းက ကိုယ့်ရဲ့ အလီဘိုင်(alibi)ဖြစ်ပေးလို့ ရမလား? (alibi ဆိုတာ ရာဇဝတ်မှုကျူးလွန်ချိန်မှာ သံသယရှိသူတွေကို မည်သည့်နေရာတွေရှိနေကြောင်း တည်နေရာအသေးစိတ်ကို အတည်ပြုပေးရသူဟု သတ်မှတ်နိုင်သည်)

ဟုတ်ပါပြီ။ သင့်အနေနဲ့ မတူညီသော အယူအဆများ၊ အကြံဉာဏ်များနှင့် မေးခွန်းတွေကို လွတ်လပ်စွာ ကြံစည်ဖန်တီးနိုင်ပါတယ်။ ဟာသလေးတွေထည့်ပေးဖို့လည်း မမေ့ပါနဲ့။ သင့်ရဲ့ အရည်အချင်းတွေ၊ အတွေးအခေါ်တွေကို အစွမ်းကုန်အသုံးချပါ။ အဆင်ပြေကြပါစေ။

Lifestyle_Myanmar

Nyein_Thu

ref-herway




Some text some message..