
                                                                                                အမျိုးသားတွေရဲ့ အမျိုးသမီးတွေအပေါ်မှာ နှစ်သက်မှုက ခန္ဓာကိုယ်အချိုးအစားနဲ့ အလှအပပဲရှိတာမဟုတ်ပါဘူးနော်။ အမျိုးသမီးတွေရဲ့ ခံယူချက်၊ အမူအရာတွေကလည်း သူတို့နှစ်သက်သဘောကျတဲ့အရာတွေထဲမှာ ပါဝင်ပါတယ်နော်။ ပြင်ပအလှအပဆိုတာက တခဏပါပဲ့။ ဒါပေမဲ့ စိတ်ထားနဲ့ ခံယူချက်တွေကတော့ အမြဲတည်ရှိနေမယ့်အရာတွေပါ။ ဒါကြောင့် ရုပ်လှဖို့အပြင် အမူအရာတွေ ခံယူချက်တွေ ကောင်းမွန်ဖို့လည်း လိုအပ်ပါတယ်။
                                                                                                ကဲ..ဒီတော့ အမျိုးသားတွေ သဘောကျကြွေဆင်းရတဲ့ မိန်းကလေးတွေရဲ့ဆွဲဆောင်မှုအားပြင်းတဲ့အမူအရာလေးတွေက ဘယ်လိုအရာလေးတွေဖြစ်နေမလဲဆိုတာ သိရှိစေဖို့ ဝေမျှပေးလိုက်ပါတယ်။
                                                                                                ၁။ ပြုံးတာ
                                                                                                

                                                                                                ပြုံးတဲ့သူကို မခင်တဲ့သူမရှိပါဘူး။ သင့်ရဲ့အပြုံးကြောင့် လူတွေကို သင်နဲ့ အလွယ်တကူရင်းနှီးအောင်ပြုလုပ်နို်င်ပါတယ်။ အမျိုးသားတွေက ဟန်ဆောင်မှုကင်းတဲ့ အပြုံးပိုင်ရှင်တွေဆို သိပ်ကြွေတတ်ကြတာပါနော်။
                                                                                                ၂။ အကောင်းမြင်စိတ်ရှိတာ
                                                                                                

                                                                                                အမျိုးသားတွေက သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို ကောင်းတဲ့ဘက်က ချီးကျူးတတ်တဲ့အမျိုးသမီးတွေကို စိတ်ဝင်စားတတ်ကြပါတယ်။ ချီးကျူးသင့်တာကို ချီးကျူးပေးလိုက်ပါ။
                                                                                                ၃။ အမှီအခိုကင်းတာ
                                                                                                

                                                                                                အမျိုးသားတွေက သူတို့ကို မှီခိုလွန်းတဲ့ အမျိုးသမီးတွေကို သဘောမကျတတ်ကြပါဘူး။ အမှီအခိုကင်းပြီး ကိုယ့်ရည်မှန်းချက်နဲ့ နေထိုင်တဲ့ အမျိုးသမီးတွေကို စွဲစွဲလန်းလန်းဖြစ်တတ်ကြပါတယ်။
                                                                                                ၄။ အလွယ်တကူမရတတ်တဲ့ မိန်းကလေးမျိုး
                                                                                                

                                                                                                ယောကျာ်းလေးတစ်ယောက်က အလွယ်ရတဲ့အရာမျိုးကို တန်ဖိုးမထားတတ်ကြပါဘူး။ ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေတတ်ပြီး မအားလပ်တဲ့မိန်းကလေးမျိုးကို သူတို့မလေးစားဘဲ မနေနိုင်ပါဘူး။
                                                                                                ၅။ ခံစားချက်ကို ထိန်းချုပ်တတ်တဲ့ မိန်းကလေးမျိုး
                                                                                                

                                                                                                ကိုယ့်ရဲ့ ခံစားချက်ကို ထိန်းချုပ်တတ်ပြီး ရင့်ကျက်တဲ့မိန်းကလေးမျိုးကို အမျိုးသားတိုင်း ကြွေကြပါတယ်။ တစ်ခါလာလည်း မျက်ရည်ကျတတ်တဲ့ မိန်းကလေးမျိုးကို မနှစ်သက်ကြပါဘူး။ စိတ်ဓာတ်ခိုင်မာတဲ့မိန်းကလေးမျိုးဆို ပိုပြီးသဘောကျတတ်ကြပါတယ်။